ခႏၶာကုိယ္က အညစ္အေၾကးဆဲလ္ေသေတြဖယ္ရွားဖုိ႔အတြက္ လြယ္ကူရုိးစင္းတဲ႔နည္းလမ္းမ်ား

သင့္ရဲ႔အသားအရည္အမ်ိဳးအစားက ဘယ္လိုပဲျဖစ္ေနပါေစ အေရျပားေပၚက ဆဲလ္ေသေတြကုိပံုမွန္ဖယ္ရွားေပးဖုိ႔ေတာ့လိုအပ္ပါတယ္။တစ္ခိ်ဳ႔က မ်က္ႏွာကိုပဲဂရုစုိက္ျပီး ခႏၶာကုိယ္ကုိ ဂရုစုိက္ဖုိ႔ေမ့ေနတတ္ၾကပါတယ္။မ်က္ႏွာေလးပဲလွျပီး ခႏၶာကုိယ္အသားအရည္က မၾကည္လင္ဘူးဆုိ အဆင္မေျပပါဘူးေနာ္။ဆဲလ္ေသေတြကင္းမွ ဆဲလ္အသစ္ေတြေမြးဖြားျပီး ၾကည္လင္၀င္းပတဲ႔အသားအရည္ေလးျဖစ္လာမွာပါ။ဒါေၾကာင့္ မ်က္နွာေရာ၊ခႏၶာကုိယ္ေရာ အိမ္မွာပဲအလြယ္တကူေခ်းခြ်တ္ႏုိင္မယ့္နည္းလမ္းေလးေတြကုိေျပာျပေပးလုိက္ပါတယ္။

*သၾကားညိဳ

ရုိးရုိးုသၾကားျဖဴထက္စာရင္ သၾကားညိဳကပုိျပီးထိေရာက္ေကာင္းမြန္ပါတယ္။မ်က္ႏွာအေရျပားအတြက္ဆုိရင္ သင္လိုအပ္တာက သၾကားညိဳစားပြဲတင္ဇြန္းတစ္ဇြန္းနဲ႔အုန္းဆီစားပြဲတင္ဇြန္းတစ္ဇြန္းပါပဲ။အဲ႔ဒီႏွစ္ခုကုိေရာေမႊျပီး စက္၀ုိင္းပံုစံ ၂မိနစ္ေလာက္ပြတ္လိမ္းႏွိပ္နယ္ေပးပါ။ျပီးရင္ ေနာက္ထပ္ ၅
မိနစ္ေလာက္ေစာင့္ပါ။အခိ်န္ျပည့္ရင္ေတာ့ ၾကက္သီးေႏြးေရေလးနဲ႔ေဆးေၾကာလို႔ရပါတယ္။ခႏၶာကုိယ္အတြက္ပါသံုးခ်င္ရင္ေတာ့ ပါ၀င္ပစၥည္းေတြကုိအနည္းငယ္ထပ္တုိးလုိက္ပါ။ဒီနည္းေလးကုိတစ္ပတ္ကုိ ၁ၾကိမ္ျဖစ္ေစ ၂ၾကိမ္ျဖစ္ေစလုပ္ေပးႏုိင္ပါတယ္။

*သၾကားနဲ႔ပ်ားရည္

သၾကားနဲ႔ပ်ားရည္စားပြဲတင္ဇြန္းတစ္ဇြန္းစီကုိေရာစပ္ေမႊျပီး မ်က္ႏွာအေပၚမိနစ္အနည္းငယ္ေလာက္ပြတ္လိမ္းႏွိပ္နယ္ေပးပါ။ခဏၾကာရင္ေရေဆးခ်လိုက္ရံုပါပဲ။ဒီနည္းေလးကိုလည္း တစ္ပတ္ကုိ ၁ၾကိမ္ကေန ၂ၾကိမ္ထိလုပ္ေပးႏုိင္ပါတယ္။သၾကားဟာ အသားအရည္ဆဲလ္ေသေတြဖယ္ရွားေပး
ႏုိင္ျပီးပ်ားရည္က မ်က္ႏွာအသားအရည္ကုိအားျဖည့္ေပးႏုိင္လုိ႔ ဒီနည္းေလးက ပ်ိဳေမတို႔အတြက္တကယ္ကုိအသံုး၀င္အက်ိဳးရွိေစမွာပါ။ခႏၶာကုိယ္ဆဲလ္ေသေခ်းခြ်တ္မယ္ဆုိရင္လည္း ဒီနည္းေလးကုိသံုးႏိုင္ပါတယ္။

*ဆားခါး

က်န္းမာေရးအတြက္အမ်ားၾကီးအသံုး၀င္တဲ႔ဆားခါးဟာ ဆဲလ္ေသေတြဖယ္ရွားတဲ႔ေနရာမွာလည္းအသံုး၀င္ေနပါတယ္။ဒါကုိေတာ့ ခႏၶာကုိယ္အတြက္သာ အသံုးျပဳသင့္ပါတယ္။ဆားခါးခြက္တစ္ခြက္နဲ႔အုန္းဆီခြက္တစ္ခြက္စာကုိေရာစပ္လိုက္ပါ။လာဗင္ဒါအဆီ ၁၀စက္နီးပါးေလာက္ထည့္ပါ။အားလံုးကုိေရာေမႊျပီး ေလမ၀င္ႏုိင္တဲ႔ဖန္ပုလင္းအလြတ္ထဲကုိေျပာင္းထည့္လိုက္ပါ။ျပီးရင္ ကုိယ္လုပ္ခ်င္တဲ႔အခိ်န္ပုလင္းထဲကယူျပီး ခႏၶာကုိယ္အႏွံ႔ေခ်းခြ်တ္ရံုပါပဲ။ဆားခါးဟာ အသားအရည္ဆဲလ္ေတြဖယ္ရွားေပးႏုိင္သလုိ အဆိပ္အေတာက္ေတြလည္းကင္းစင္ေစျပီး ပင္ပန္းထားသမ်ွကုိ အျမန္ဆံုးေျဖေဖ်ာက္ေပးႏုိင္စြမ္းရွိပါတယ္။

*သြားတုိက္တံ

ဒီနည္းကေတာ့ သင့္ရဲ႔ႏႈတ္ခမ္းလွလွေလးအတြက္ပါ။Lip balm အနည္းငယ္ကုိႏႈတ္ခမ္းမွာပြတ္လိမ္းျပီး မိနစ္ ၂၀ ေလာက္ၾကာတဲ႔အထိထားပါ။အခ်ိန္ျပည့္သြားရင္ သြားတိုက္တံေလးနဲ႔ႏႈတ္ခမ္းကုိစက္၀ုိင္းပံုစံပြတ္တိုက္ေပးပါ။ဆဲလ္ေသေတြကြာက်သြားပါလိမ့္မယ္။ျပီးရင္ေရနဲ႔ေဆးခ်လုိက္ရံုပါပဲ။ဒီနည္းကုိတစ္ပတ္ကုိ ၂ ၾကိမ္လုပ္ေပးႏုိင္ပါတယ္။

*ေကာ္ဖီမႈန္႔

ေကာ္ဖီမႈန္႔စစ္စစ္ကုိသံုးေပးဖုိ႔ေတာ့လိုတယ္ေနာ္။ေကာ္ဖီမႈန္႔စားပြဲတင္ဇြန္း ၂ဇြန္း ၃ ဇြန္းကုိ သံလြင္ဆီ ဒါမွမဟုတ္အုန္းဆီ စားပြဲတင္ဇြန္းတစ္ဇြန္း၊ေရအနည္းငယ္နဲ႔ေရာစပ္လိုက္ပါ။ရလာတဲ႔ခပ္ပ်စ္ပ်စ္အရည္ေတြကုိမ်က္ႏွာနဲ႔ခႏၶာကုိယ္တစ္၀ုိက္ျဖည္းညင္းစြာပြတ္လိမ္းႏွိပ္နယ္ေပးပါ။၅မိနစ္ၾကာရင္ေတာ့ေရနဲ႔သန္႔စင္ေပးလုိက္လို႔ရပါျပီ။ဒီနည္းေလးကုိ တစ္ပတ္ကုိတစ္ၾကိမ္လုပ္ေပးမယ္ဆုိရင္ အရင္ထက္ ၾကည္လင္၀င္းပလာတဲ႔သင့္အသားအရည္ကုိေတြ႔ရပါလိမ့္မယ္။

သင္တစ္ျခားသိထားရမွာေတြကေတာ့ …
– ေခ်းခြ်တ္တဲ႔အခါ အသားအရည္ကုိညင္သာစြာပြတ္တိုက္ဖုိ႔ မေမ့ပါနဲ႔
-ေန႔တိုင္းေခ်းခြ်တ္စရာမလိုပါဘူး။တစ္ပတ္တစ္ခါပံုမွန္ဆို လံုေလာက္ပါတယ္
-ေျခာက္ေသြ႔တဲ႔အသားအရည္ပုိင္ရွင္ေတြက တစ္ပတ္ကုိ တစ္ခါေလာက္ပဲ ေခ်းခြ်တ္ေပးသင့္ျပီး အဆီျပန္တဲ႔အသားအရည္နဲ႔ေပါင္းစပ္အသားအရည္ပုိင္ရွင္ေတြကေတာ့ တစ္ပတ္ကုိ ၂ၾကိမ္ ေခ်းခြ်တ္သန္႔စင္ေပးႏုိင္ပါတယ္။
-ပံုမွန္အသားအရည္ပုိင္ရွင္ေတြကလည္း တစ္ပတ္ကုိတစ္ခါ၊လိုအပ္မွ တစ္ပတ္ ၂ ခါ ေခ်းခြ်တ္ေပးသင့္ပါတယ္
-ေခ်းခြ်တ္သန္႔စင္တဲ႔အခါ ေသြးလည္ပတ္မႈေကာင္းေအာင္စက္၀ုိင္းပံုစံျဖစ္ေစ အေပၚကုိတြန္းေပးတဲ႔ပံုစံျဖစ္ေစလုပ္သင့္ပါတယ္။အဲ႔ဒါမွ အသားအရည္အတြက္ပုိျပီးထိေရာက္မႈရွိမွာျဖစ္ပါတယ္။

Unicode

သင့်ရဲ့အသားအရည်အမျိုးအစားက ဘယ်လိုပဲဖြစ်နေပါစေ အရေပြားပေါ်က ဆဲလ်သေတွေကိုပုံမှန်ဖယ်ရှားပေးဖို့တော့လိုအပ်ပါတယ်။တစ်ချို့က မျက်နှာကိုပဲဂရုစိုက်ပြီး ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်။မျက်နှာလေးပဲလှပြီး ခန္ဓာကိုယ်အသားအရည်က မကြည်လင်ဘူးဆို အဆင်မပြေပါဘူးနော်။ဆဲလ်သေတွေကင်းမှ ဆဲလ်အသစ်တွေမွေးဖွားပြီး ကြည်လင်ဝင်းပတဲ့အသားအရည်လေးဖြစ်လာမှာပါ။ဒါကြောင့် မျက်နှာရော၊ခန္ဓာကိုယ်ရော အိမ်မှာပဲအလွယ်တကူချေးချွတ်နိုင်မယ့်နည်းလမ်းလေးတွေကိုပြောပြပေးလိုက်ပါတယ်။

*သကြားညို

ရိုးရိုးုသကြားဖြူထက်စာရင် သကြားညိုကပိုပြီးထိရောက်ကောင်းမွန်ပါတယ်။မျက်နှာအရေပြားအတွက်ဆိုရင် သင်လိုအပ်တာက သကြားညိုစားပွဲတင်ဇွန်းတစ်ဇွန်းနဲ့အုန်းဆီစားပွဲတင်ဇွန်းတစ်ဇွန်းပါပဲ။အဲ့ဒီနှစ်ခုကိုရောမွှေပြီး စက်ဝိုင်းပုံစံ ၂မိနစ်လောက်ပွတ်လိမ်းနှိပ်နယ်ပေးပါ။ပြီးရင် နောက်ထပ် ၅
မိနစ်လောက်စောင့်ပါ။အချိန်ပြည့်ရင်တော့ ကြက်သီးနွေးရေလေးနဲ့ဆေးကြောလို့ရပါတယ်။ခန္ဓာကိုယ်အတွက်ပါသုံးချင်ရင်တော့ ပါဝင်ပစ္စည်းတွေကိုအနည်းငယ်ထပ်တိုးလိုက်ပါ။ဒီနည်းလေးကိုတစ်ပတ်ကို ၁ကြိမ်ဖြစ်စေ ၂ကြိမ်ဖြစ်စေလုပ်ပေးနိုင်ပါတယ်။

*သကြားနဲ့ပျားရည်

သကြားနဲ့ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်းစီကိုရောစပ်မွှေပြီး မျက်နှာအပေါ်မိနစ်အနည်းငယ်လောက်ပွတ်လိမ်းနှိပ်နယ်ပေးပါ။ခဏကြာရင်ရေဆေးချလိုက်ရုံပါပဲ။ဒီနည်းလေးကိုလည်း တစ်ပတ်ကို ၁ကြိမ်ကနေ ၂ကြိမ်ထိလုပ်ပေးနိုင်ပါတယ်။သကြားဟာ အသားအရည်ဆဲလ်သေတွေဖယ်ရှားပေး
နိုင်ပြီးပျားရည်က မျက်နှာအသားအရည်ကိုအားဖြည့်ပေးနိုင်လို့ ဒီနည်းလေးက ပျိုမေတို့အတွက်တကယ်ကိုအသုံးဝင်အကျိုးရှိစေမှာပါ။ခန္ဓာကိုယ်ဆဲလ်သေချေးချွတ်မယ်ဆိုရင်လည်း ဒီနည်းလေးကိုသုံးနိုင်ပါတယ်။

*ဆားခါး

ကျန်းမာရေးအတွက်အများကြီးအသုံးဝင်တဲ့ဆားခါးဟာ ဆဲလ်သေတွေဖယ်ရှားတဲ့နေရာမှာလည်းအသုံးဝင်နေပါတယ်။ဒါကိုတော့ ခန္ဓာကိုယ်အတွက်သာ အသုံးပြုသင့်ပါတယ်။ဆားခါးခွက်တစ်ခွက်နဲ့အုန်းဆီခွက်တစ်ခွက်စာကိုရောစပ်လိုက်ပါ။လာဗင်ဒါအဆီ ၁ဝစက်နီးပါးလောက်ထည့်ပါ။အားလုံးကိုရောမွှေပြီး လေမဝင်နိုင်တဲ့ဖန်ပုလင်းအလွတ်ထဲကိုပြောင်းထည့်လိုက်ပါ။ပြီးရင် ကိုယ်လုပ်ချင်တဲ့အချိန်ပုလင်းထဲကယူပြီး ခန္ဓာကိုယ်အနှံ့ချေးချွတ်ရုံပါပဲ။ဆားခါးဟာ အသားအရည်ဆဲလ်တွေဖယ်ရှားပေးနိုင်သလို အဆိပ်အတောက်တွေလည်းကင်းစင်စေပြီး ပင်ပန်းထားသမျှကို အမြန်ဆုံးဖြေဖျောက်ပေးနိုင်စွမ်းရှိပါတယ်။

*သွားတိုက်တံ

ဒီနည်းကတော့ သင့်ရဲ့နှုတ်ခမ်းလှလှလေးအတွက်ပါ။Lip balm အနည်းငယ်ကိုနှုတ်ခမ်းမှာပွတ်လိမ်းပြီး မိနစ် ၂၀ လောက်ကြာတဲ့အထိထားပါ။အချိန်ပြည့်သွားရင် သွားတိုက်တံလေးနဲ့နှုတ်ခမ်းကိုစက်ဝိုင်းပုံစံပွတ်တိုက်ပေးပါ။ဆဲလ်သေတွေကွာကျသွားပါလိမ့်မယ်။ပြီးရင်ရေနဲ့ဆေးချလိုက်ရုံပါပဲ။ဒီနည်းကိုတစ်ပတ်ကို ၂ ကြိမ်လုပ်ပေးနိုင်ပါတယ်။

*ကော်ဖီမှုန့်

ကော်ဖီမှုန့်စစ်စစ်ကိုသုံးပေးဖို့တော့လိုတယ်နော်။ကော်ဖီမှုန့်စားပွဲတင်ဇွန်း ၂ဇွန်း ၃ ဇွန်းကို သံလွင်ဆီ ဒါမှမဟုတ်အုန်းဆီ စားပွဲတင်ဇွန်းတစ်ဇွန်း၊ရေအနည်းငယ်နဲ့ရောစပ်လိုက်ပါ။ရလာတဲ့ခပ်ပျစ်ပျစ်အရည်တွေကိုမျက်နှာနဲ့ခန္ဓာကိုယ်တစ်ဝိုက်ဖြည်းညင်းစွာပွတ်လိမ်းနှိပ်နယ်ပေးပါ။၅မိနစ်ကြာရင်တော့ရေနဲ့သန့်စင်ပေးလိုက်လို့ရပါပြီ။ဒီနည်းလေးကို တစ်ပတ်ကိုတစ်ကြိမ်လုပ်ပေးမယ်ဆိုရင် အရင်ထက် ကြည်လင်ဝင်းပလာတဲ့သင့်အသားအရည်ကိုတွေ့ရပါလိမ့်မယ်။

သင်တစ်ခြားသိထားရမှာတွေကတော့ …
– ချေးချွတ်တဲ့အခါ အသားအရည်ကိုညင်သာစွာပွတ်တိုက်ဖို့ မမေ့ပါနဲ့
-နေ့တိုင်းချေးချွတ်စရာမလိုပါဘူး။တစ်ပတ်တစ်ခါပုံမှန်ဆို လုံလောက်ပါတယ်
-ခြေောက်သွေ့တဲ့အသားအရည်ပိုင်ရှင်တွေက တစ်ပတ်ကို တစ်ခါလောက်ပဲ ချေးချွတ်ပေးသင့်ပြီး အဆီပြန်တဲ့အသားအရည်နဲ့ပေါင်းစပ်အသားအရည်ပိုင်ရှင်တွေကတော့ တစ်ပတ်ကို ၂ကြိမ် ချေးချွတ်သန့်စင်ပေးနိုင်ပါတယ်။
-ပုံမှန်အသားအရည်ပိုင်ရှင်တွေကလည်း တစ်ပတ်ကိုတစ်ခါ၊လိုအပ်မှ တစ်ပတ် ၂ ခါ ချေးချွတ်ပေးသင့်ပါတယ်
-ချေးချွတ်သန့်စင်တဲ့အခါ သွေးလည်ပတ်မှုကောင်းအောင်စက်ဝိုင်းပုံစံဖြစ်စေ အပေါ်ကိုတွန်းပေးတဲ့ပုံစံဖြစ်စေလုပ်သင့်ပါတယ်။အဲ့ဒါမှ အသားအရည်အတွက်ပိုပြီးထိရောက်မှုရှိမှာဖြစ်ပါတယ်။

66 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.