မလိုင်အပြည့်နဲ့ အိမ်ဖျော်လက်ဖက်ရည်ကို အကြိုက်သောက်ကြမယ်…

တစ်ခါတစ်လေ လက်ဖက်ရည်ဆိမ့်ဆိမ့်လေးသောက်ရတဲ့ အရသာကို လွမ်းကြမယ်ဟုတ်…
အရင်တုန်းက လက်ဖက်ရည်ဆိုင်ထိုင်ပြီး ထွေရာလေးပါးအကြောင်းတွေပြောကြတာကို
သတိရနေဦးကြမယ်ထင်ပါတယ်။ ဆိုင်မှာသောက်ရတာ နည်းတယ်လို့ ခံစားရမှာပါ။
ကိုယ်တိုင် အိမ်မှာဖျော်သောက်တဲ့အခါ အကြိုက်သောက်လို့ရတာပေါ့။
အများကြီး တစ်ထိုင်တည်း သောက်ရင်တော့ မကောင်းဘူးပေါ့။ အိမ်ကို ဧည့်သည်လာရင်လည်း
ဧည့်ခံလို့ကောင်းတယ်လေ။ ဟုတ်ပါပြီ.. ဒါဆို မလိုင်လက်ဖက်ရည်ကောင်းတစ်ခွက်ကို
ဘယ်လိုဖန်တီးမလဲဆိုတာ ပြောပြပေးမယ်နော်..

Related image

ပါဝင်ပစ္စည်း
– လက်ဖက်အနှပ်မှုန့်
– နို့ဆီ ၊ နို့စိမ်း
– သကြား ၊ ဆား
– နွားနို့

လက်ဖက်ရည်ကျိုတာက မြန်ပါတယ်။ အရင်ဆုံး မလိုင်ရအောင် နွားနို့လေးကြိုထားတာ
ပိုကောင်းပါတယ်။

Related image

မလိုင်တက်အောင် မီးအဖွင့် ၊ အပိတ်တော့လုပ်ရမယ်။ နို့ကိုကြို.. ဆူလာပြီဆို
မီးပိတ် ၊ တက်လာတဲ့ မလိုင်တွေကို ခပ်ခပ်ပြီး ဖယ်ထားပေးပါ။

လက်ဖက်ရည်နှပ်တော့မယ်ဆိုရင် လက်ဖက်ခြောက်အမှုန့်လေးတွေကို ရေဆူပွက်နေတဲ့
အိုးထဲထည့်ပြီး ၁၅မိနစ်ခန့်နှပ်ထားပေပါ။ အချိန်ပြည့်ပြီဆိုရင် အကျရည်တွေကို စစ်ယူပါ။
ကဲ.. ဒါဆို နို့ဆီ ၊ နို့စိမ်းယူပြီး ကိုယ်လိုချင်သလောက် အရသာကို ဇိမ်ပြေနပြေ ထိုင်ဆက်နိုင်ပါ
တယ်။ ဆက်ပြီးသွားပြီဆိုရင် တန်းမသောက်ပါနဲ့ဦး.. မီးဖိုပြန်တင်ပြီး ချိုးလေးတွေတက်လာအောင်
လုပ်ပါ။ ဒါမှ အရသာရှိတဲ့ လက်ဖက်ရည်အရောင်လေး ပေါ်လွင်မှာပါ။

အားလုံးပြီးသွားပြီဆိုရင်တော့ ခုနက ဖယ်ထားတဲ့မလိုင်ဖက်လေးတွေထည့်ပြီး သောက်လို့ရပါပြီ။
ကိုယ်တိုင်ဖျော်သောက်တဲ့ မလိုင်လက်ဖက်ရည်မို့ မလိုင်တွေပျစ်နှစ်ပြီး အရသာလေးစိမ့်နေမှာ
အမှန်ပဲ..

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.