Masters စနူကာပြိုင်ပွဲမှာ လက်ရှိချန်ပီယံ Mark Selby ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားပြီ

mark_3067712.jpg

 ဗြိတိန်မှာ လက်ရှိကျင်းပနေတဲ့ နာမည်ကြီး စနူကာသမားတွေ ရဲ့ Masters ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ အင်္ဂလန် နိုင်ငံသား Mark Selby က စကော့တလန်လူမျိုး John Higgins ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်သွားခဲ့ပါပြီ။ ပွဲအစမှာ Selby က ၃-၁ နဲ့ ဦးဆောင်နေခဲ့ပေမယ့် Higgins က နောက်ကလိုက် အနိုင်ယူကာ ၃-၃ ပွဲ ဖြစ်နေခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ Selby က ၆-၅ ပွဲနဲ့ အနိုင်ယူကာ စကော့တလန်သားရဲ့ အိပ်မက်ကို အဆုံးသတ်ခဲ့ပါတယ်။ တစ်ဖက် ပွဲစဉ် ကွာတားဖိုင်နယ်မှာလည်း အင်္ဂလန် လူမျိုး နာမည်ကြီးစနူကာသမား Shaun Murphy က ဟောင်ကောင်လူမျိုး Marco Fu ကို ၆-၄ နဲ့ အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခဲ့ပါပြီ။ ဒီအတွက်ကြောင့် လာမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ လက်ရှိချန်ပီယံ Mark Selby နဲ့ ပြိုင်ဘက် Shaun Murphy တို့ တွေ့ ဆုံမှာ ဖြစ်ပါတယ်။

ယူရို နှစ်သိန်းကျော် ချီးမြှင့်မယ့် ၂၀၁၄ ခုနှစ် မာစတာစနူကာပြိုင်ပွဲ မှာ နာမည်ကြီး စနူကာသမား အကုန်ပါဝင်ခဲ့တဲ့အတွက် ၂၀၁၄ ခုနှစ်အစပိုင်းရဲ့ ပွဲကြီးတစ်ကောင်းဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ရက်က ကမ္ဘာ့နံပါတ်တစ် စနူကာသမား Ronnie O’Sullivan က Ricky Walden ကို အနိုင်ယူပြီး ဆီမီး ဖိုင်နယ်ကို တက်လှမ်းထားပြီး ဖြစ်ပါတယ်။ လက်ကျန်ကွာတားဖိုင်နယ်ပွဲစဉ်မှာ Neil Robertson နဲ့ Stephen Maguire တို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရရှိသူက Ronnie O’Sullivan နဲ့ တွေ့ ဆုံမှာ ဖြစ်ပါတယ်။ အင်္ဂလန်သားချည်းသာ ယှဉ်ပြိုင်ရမယ့် ဖိုင်နယ်ပွဲစဉ်ကို တွေ့ မြင်ရဖို့ များနေပြီး ဘယ်သူ ဗိုလ်စွဲမလဲ ဆိုတာ ရင်ခုန်စွာနဲ့ စောင့်စားရမှာပါ။ ဖိုင်နယ်ပွဲစဉ် နှစ်ပွဲကို ဇန်န၀ါရီ ၁၉ ရက်နေ့ တနင်္ဂနွေနေ့ မှာ လန်ဒန်မြို့ ၊ အလက်ဇန်းဒရားနန်းတော် ပွဲခန်းမ မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Ref: skysports

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.