အင်ဒိုနီးရှားမှာ တစ်ဟုန်တိုး ဆက်တိုက်မိုးရွာခဲ့တာကြောင့် Sulawesi ကျွန်းမှာ မြေပြိုပြီး ရေကြီးခဲ့ပါတယ်။ အနည်းဆုံး လူ၁၃ဦးသေဆုံးပြီး သောင်းပေါင်းများစွာသောသူတွေဟာ ဘေးလွတ်ရာမြေသို့ ရှောင်တိမ်းခဲ့ရပါတယ်။
“Sulawesi မြောက်ဘက်၊ Sangihe ဒေသခံပြည်သူတွေနဲ့ ကယ်ဆယ်ရေးသမားတွေဟာ ဂေါ်ပြားကိုင်သူကိုင်၊ လက်ဗလာဖြစ်သူဖြစ်နဲ့ အပျက်အစီးတွေကြားမှာ ပျောက်ဆုံးနေသူတွေကို လိုက်လံရှာဖွေခဲ့ရတယ်။ အလောင်းနှစ်လောင်းကို ရွှံ့ဗွက်ထဲကနေ ဆွဲထုတ်ယူခဲ့ရပြီး၊ ကျန် (၁၁)လောင်းကိုတော့ ဇန်န၀ါရီလ၊ (၁၇)ရက်နေ့ ညဘက်မှာ ရေထဲကနေ ရှာဖွေတွေ့ရှိခဲ့တယ်။” လို့ အမျိုးသား ကပ်ဘေးလျှော့ချရေး အေဂျင်စီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho ကပြောပြခဲ့ပါတယ်။ ပြည်နယ်တွင်း ဒေသ ၆ခု မြစ်ရေလျှံလို့ အိမ်ခြေပေါင်း ၁၀၀၀ကျော် ရေလွှမ်းခဲ့ရတယ်လို့ သူက ထပ်ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ Sulawesi ပြည်နယ်မြောက်ပိုင်း မြို့ထဲရှိ ရေလွှမ်းနေအိမ်တစ်ခုပေါ်မှာ ခွေးတစ်ကောင်ကို တွေ့ရစဉ်။
အနည်းဆုံး ရွာသားနှစ်ယောက် ပျောက်နေပြီး ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေကြတုန်းပါ။ လူပေါင်း ၄၀၀၀၀ ဟာလည်း ယာယီစခန်းတွေကို ရွေ့ပြောင်းနေနေရတယ်လို့သိရပါတယ်။
Manadoမှာ တာဝန်ရှိသူတွေက ဒေသခံပြည်သူတွေကို ကယ်တင်နေစဉ်။
Manadoမှာ တပ်သားတွေနဲ့ ဒေသခံပြည်သူများ ခါးလယ်ရှိရွှံ့ရေထဲကို ဖြတ်သန်းနေစဉ်။
ရော်ဘာလှေနဲ့ ရှာဖွေရေးနှင့်ကယ်ဆယ်ရေး လိုက်လံဆောင်ရွက်နေစဉ်။
Ref:dailymail