လိပ်က ယုန်ကို အနိုင်ရရှိသွားပြီး ဘဲက ချန်ပီယံဆု ဆွတ်ခူးခဲ့တဲ့ တိရိစ္ဆာန်များနဲ့ နှင်းလျောစီးပြိုင်ပွဲ

skiing-competition-3024050.jpg

တရုတ်နိုင်ငံမြောက်ပိုင်း Henan ခရိုင်နယ်၊ Sanmenxia မြို့ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တိရိစ္ဆာန်နှင်းလျောစီး ပြိုင်ပွဲဟာ နှစ်စဉ်ကျင်းပနေကြ ပြိုင်ပွဲဖြစ်ပြီး တိရိစ္ဆာန်တွေနဲ့ ပိုင်ရှင်တွေဟာ အတူတကွနှင်းလျောစီး ပြိုင်ပွဲဝင်ရတာဖြစ်ပါတယ်။ ကိုယ်နဲ့ အတူ ပါဝင်ယှဉ်ပြိုင်မယ့် တိရစ္ဆာန်ကို နှင်းလျောစီးဘုတ်ပြားပေါ်မှာ ဖြစ်စေ၊ ကြိုးနဲ့ တွဲပြီး ဖြစ်စေ၊ အရှေ့ ကဦးဆောင်သွားပြီးဖြစ်စေ ပန်းတိုင်ဆီ အရင်ရောက်အောင် နှင်းလျောစီး ပြိုင်ရတာပါ။ ပါဝင်ယှဉ်ပြိုင်မယ့် တိရစ္ဆာန်ဟာ ကိုယ့်ရဲ့ အိမ်မွေးတိရိစ္ဆာန်ဖြစ်ဖို့ လိုပါတယ်။ ဒီပြိုင်ပွဲမှာ ၀င်ပြိုင်တဲ့ တိရိစ္ဆာန်  ၄၀ နဲ့ သခင် ၄၀ ရှိပြီး ကြက်၊ ခွေး၊ယုန်၊ ဘဲ၊ လိပ်၊ စတဲ့ အကောင်စုံမျိုးစုံပါဝင်ပါတယ်။

မကြာမီရက်ပိုင်းကပြုလုပ်ခဲ့တဲ့ ဒီပြိုင်ပွဲမှာ ဘဲ က ပြိုင်ဘက်အားလုံးကို ဖြတ်ကျော်ကာ ဗိုလ်စွဲခဲ့ပြီး လိပ်က တတိယ နေရာရရှိခဲ့ပါတယ်။ ယုန်ကတော့ လိပ်နောက်မှ ပန်းဝင်ခဲ့ပြီး ဆုမရရှိခဲ့ပါဘူး။ လိပ်နဲ့ ပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်က လိပ်ကို သူ့ ရဲ့နှင်းလျောစီးဘုတ်ပြားနှစ်ခုကြားမှာ ညှပ်ပြီး ယှဉ်ပြိုင်ခဲ့တာပါ။ ပရိတ်သတ်အများအပြား လာရောက်အားပေးခဲ့တဲ့ ဒီပြိုင်ပွဲကို တိရိစ္ဆာန်အခွင့်အရေးကာကွယ်သူတွေက ကန့်  ကွက်ဆန့် ကျင်ခဲ့ကြပြီး နောက်ထပ်ပြိုင်ပွဲထပ်မလုပ်ဖို့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီပြိုင်ပွဲကို စီစဉ်ကျင်းပတဲ့ အဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူက နောက်ထပ်နှစ်တွေမှာလည်း ထပ်လုပ်သွားမယ်လို့  ဆိုပါတယ်။ အခုနှစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်းပေးတဲ့ တိရိစ္ဆာန်တွေထဲမှာ ရွှေငါးတစ်ကောင်ပါ ပါဝင်ခဲ့ပြီး နှင်းထုထဲမှာ ရွှေငါး လှုပ်ရှားနိုင်မှာ မဟုတ်တဲ့အတွက် ယှဉ်ပြိုင်ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

Ref: mirror

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.