ကိုယ်တကယ်ချစ်တဲ့ချစ်သူတစ်ယောက်ရှိလာတဲ့အခါနောက်တစ်ချိန်နောင်တမရအောင်ဒါမျိုးတွေကိုတူတူ လုပ်ပါ…
(၁) အလှူတန်းတူတူလုပ်ပါ
အချိန်တစ်ခုပါ။ ဒါကြောင့်နည်းတယ်များတယ်သဘောမထားပဲ ကိုယ့်ချစ်သူနဲ့ကြုံရင်ကြုံတိုင်းအလှူလေးတွေ
(၂) ခရီးတူတူထွက်ပါ
(၃) အားကစားတူတူလုပ်ပါ
(၈) ပိုက်ဆံတူတူစုပါ
ဖြစ်နေပါလိမ့်မယ်။
Unicode
သိပ်ချစ်ရတဲ့ချစ်သူတစ်ယောက်သင်ရနေပြီဆိုရင်တော့ ပြန်တွေးကြည့်တိုင်းနောင်တမရလေအောင်
သူနဲ့အတူတူလုပ်ကို လုပ်သင့်တဲ့အရာလေးတွေရှိပါတယ်။ မလုပ်ရင်သေနိုင်တယ်ဆိုတာလောက်ထိတော့အရေးမကြီးပင်မဲ့
မလုပ်ခဲ့ရင် နောင်တစ်ချိန်အနည်းနဲ့အများတော့နောင်တရ နေမိမှာပါ။ ဒီစာလေးကိုဖတ်ပြီးရင်တော့နောက်ကျ နောင်တမရခင်မှာ
ချစ်ရသူလက်ကိုတွဲပြီး အနှေးနဲ့အမြန်လုပ်လိုက်ကြတော့နော်…
(၁) အလှူတန်းတူတူလုပ်ပါ
အလှူတန်းတွေကို ကိုယ့်ချစ်သူနဲ့တူတူလုပ်ခွင့်ရတာလည်းကောင်းသောရေစက်တစ်ခုပါပဲ။
အလှူတန်းတွေကို နိုင်သလောက်၊ တတ်စွမ်းသလောက်လှူဒါန်းတာဟာ ချစ်သူနှစ်ဦးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့
အချိန်တစ်ခုပါ။ ဒါကြောင့်နည်းတယ်များတယ်သဘောမထားပဲ ကိုယ့်ချစ်သူနဲ့ကြုံရင်ကြုံတို်င်းအလှူလေးတွေ
အတူတူလုပ်ကြည့်ဖို့အကြံပေးပါရစေ။ နောင်တစ်ချိန်မှာဒါလေးက သင်တို့အတွက်အမှတ်တရတစ်ခု
ဖြစ်နေမှာပါ။
(၂) ခရီးတူတူထွက်ပါ
` တစ်ချို့အိမ်တွေက မိဘတွေက စိတ်ပူစိုးရိမ်တဲ့စိတ်နဲ့ ချစ်သူရည်းစားဘဝမှာ ခရီးထွက်ဖို့မလွှတ်တတ်ကြပါဘူး။
တကယ်တော့ ကိုယ်တွေ ရဲ့အမြင်နဲ့ကိုယ်နေတတ်ထိုင်တတ်ရင် ချစ်သူရည်းစားခရီးအတူတူသွားတယ်ဆိုတာလည်း
ဂုဏ်သိက္ခာပွန်းပဲ့သွားတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ လင်မယားဘဝမှာသွားရတဲ့အရသာကတစ်မျိုးချစ်သူရည်းစား
ဘဝမှာသွားရတဲ့အရသာရဲ့လတ်ဆက်မှုကတစ်မျိုးမလို့ ကိုယ့်ချစ်သူနဲ့အပေါင်းသင်းတွေပါခေါ်ပြီးခရီး
အတူထွက်ကြည့်ပါ။ တစ်ယောက်ကိုတစ်ယောက်ပိုချစ်လာနိုင်တဲ့အပြင်ဘဝအတွက်အမှတ်တရလေးတေ
ွလည်းများလာပါလိမ့်မယ်။
(၃) အားကစားတူတူလုပ်ပါ
နှစ်ဦးသားရဲ့အားလပ်ချိန်မှာ အားကစားတူတူလုပ်ပါ။ တူတူလုပ်ဖို့ အဆင်မပြေဘူးဆိုရင်တောင်
နှစ်ယောက်သား Body Target လေးတွေထားပြီးသုံးလအတွင်းဘယ်သူ ပိုမိုက်လည်းဆိုပြိုင်ကြည့်ပါ။
တကယ်ကို ပျော်စရာကောင်းတဲ့အပြင်ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းတဲ့နေရာမှာ ပိုပြီး Motivation ကောင်းလာနိုင်ပါတယ်။
တစ်ယောက်တည်းကပဲ ကိုယ်လှဖို့ထိန်းသိမ်းနေတာထက်ကိုယ့်ချစ်သူကိုလည်းကိုယ်နဲ့အတူ ကြိုးစားတတ်အောင်
ပြုလုပ်ခြင်းက တစ်ချိန်ကျရင် ကောင်းမွန်တဲ့အမှတ်တရလေးတွေဖြစ်နေမှာပါ။
(၄) ခက်ခဲတဲ့အချိန်ကိုအတူတူဖြတ်သန်းပါ
ပျော်စရာကောင်းတဲ့အချိန်တွေချည်းပဲကိုဖြတ်သန်းခဲ့တဲ့ RS တစ်ခုကတည်မြဲပျော်ရွှင်ဖို့ခဲ့ယဉ်းပါတယ်။ တကယ်တမ်းမှာ
ခက်ခဲတဲ့အချိန်တွေကိုလည်းအနားမှာတူတူဖြတ်သန်းခဲ့ကြတာဟာသင့်တို့အတွက်တင်္ဒဂစိတ်ညစ်စရာပင်မဲ့
တစ်သတ်လုံးအတွက် မမေ့နိုင်တဲ့ အမှတ်နေ့ရက်တစ်ချို့ဖြစ်လာပါတယ်။ ဒီလိုအမှတ်တရရှိသွားတဲ့ သူတွေဟာတစ်ယောက်အတွက်
တစ်ယောက်မရှိမဖြစ်ဆိုတာပိုပိုသိလာပြီးတစ်ယောက်ကိုတစ်ယောက်ပိုတန်ဖိုးထားလာတတ်ပါတယ်။
(၅) အစားသောက်ကောင်းတွေကိုတူတူစားပါ
စားကောင်းမယ်ထင်တဲ့အစားစာတွေကို တူတူစားပါ။ စျေးကြီးတာမကြီးတာထက် တူတူမြိန်ရည်ရှက်ရေစားဖူးတဲ့
အစားစာတွေဟာ ဘဝတစ်သတ်လုံးမမေ့နိုင်တဲ့အမှတ်တရတစ်ခုပါပဲ။
(၆) နေရာသစ်တွေကိုတူတူသွားလေ့လာပါ
နေရာသစ်တွေကို အတူတူလေ့လာကြည့်ပါ။ တစ်ယောက်တည်းသွားတာထက်ကိုယ့်ချစ်သူနဲ့
နယ်မြေစိမ်းတွေကိုသွားပြီးဗဟုသုတအသစ်တွေကိုရှာဖွေကြည့်ပါ။
(၇) အတတ်ပညာတစ်ခုအတူတူသင်ပါ၊လေ့လာပါ
နှစ်ယောက်လုံးဝါသနာပါမယ်ထင်တဲ့အရာတွေကို အတူတူလုပ်ကြည့်ပါ။ တစ်ယောက်နဲ့တစ်ယောက်ပညာတွေဖလှယ်တိုင်ပင်
ဆွေးနွေးရင်းနဲ့ တတ်မြောက်လာတဲ့အခါ ငါတို့အတူ ကြိုးစားခဲ့တဲ့အရာပါလားဆိုပြီး ကြည်နူးပီတိဖြစ်မိပါလ ိမ့်မယ်။
(၈) ပိုက်ဆံတူတူစုပါ
စုပြီးပိုမှကျန်တာကိုသုံးပါ။ နှစ်ယောက်ဘဝအတွက်ပဲဖြစ်ဖြစ် ဘယ်တော့မလိုလက်လွှတ်စပယ်မသုံးပစ်ပဲ စုဆောင်းထားခြင်းက
သင်တို့နှစ်ယောက် လိုအပ်လာချိန်ကြပ်တည်းလာချိန်မှာ အကောင်းဆုံးဖြေရှင်းလာနိုင်ပြီး ဒါလေးတွေကအမှတ်တရ
ဖြစ်နေပါလိမ့်မယ်။
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.