သင့်ရဲ့ဦးနှောက်စွမ်းရည်ကို တိုးတက်စေမယ့် အစားအသောက်တွေ

ဦးနှောက်စွမ်းရည် ကောင်းမွန်တိုးတက်ဖို့ဆိုတာ လေ့ကျင့်ခန်းတွေအပြင် အစားသောက်တွေက
ပံ့ပိုးပေးဖို့လည်း လိုပါတယ်။ အိပ်ရေးဝအောင်အိပ်ပြီး မှန်ကန်တဲ့စားသောက်မှုပုံစံက အရေးကြီး
ပါတယ်။ ဒါကြောင့် ဘယ်လိုအစားစာတွေက သင့်ရဲ့ဦးနှောက်စွမ်းရည်ကို တိုးတက်စေမလဲဆိုတာ
ကြည့်လိုက်ရအောင် …

ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးမှာ အာဟာရဓာတ် ၊ ဗီတာမင်ဓာတ်တွေ ပြည့်ဝစွာပါဝင်တာကြောင့် ဦးနှောက်
စွမ်းရည်ကို အကောင်းဆုံး ပံ့ပိုးမှုပေးနိုင်ပါတယ်။ နောက်ပြီး ဦးနှောက်ကျန်းမာရေးကို တကယ်
ဂရုစိုက်တယ်ဆိုရင် မနက်စာကို အလွတ်မခံပါနဲ့တဲ့။ မနက်စာပုံမှန်စားပေးမှသာ ကောင်းမွန်တဲ့
စိတ်ခံစားချက် ၊ မှတ်ဥာဏ်နဲ့ အာရုံစူးစိုက်မှုတို့ကို ပေးနိုင်ပါတယ်။ တစ်နေ့လုံး အားအင်တွေလည်းဒ
ပြည့်ဝနေမှာပါ။

Dark Chocolate

Image result for Dark Chocolate
ဘဘူးဘယ်ရီကို ဒိန်ချဉ် (သို့) oatmeal နဲ့ မစားဖြစ်ဘူးဆိုရင် Dark Chocolate စားကြည့်ပါ။
Dr.Li ရဲ့ပြောပြချက်အရ Dark Chocolate နဲ့ ဘလူးဘယ်ရီ နှစ်ခုလုံးဟာ ဦးနှောက်အတွက်
တကယ်ကောင်းမွန်စေပါတယ်။ Cocoa နဲ့ blueberries နှစ်ခုလုံး ဦးနှောက်သွေးစီးဆင်း
လည်ပတ်မှုကို တိုးတက်စေတယ်။

သစ်ကြားသီး

Related image
သစ်ကြားသီးကိုလည်း စားပေးဖို့ မမေ့ပါနဲ့။ သစ်ကြားသီးမှာ magnesium နဲ့ oemga 3 fatty acids ပါဝင်တာကြောင့် stress hormones ကို လျော့ကျစေပြီး ဦးနှောက်ကျန်းမာရေးအပြင်
စိတ်ရွှင်လန်းမှုကိုပါ ပေးစွမ်းနိုင်ပါတယ်။

အရိုးစွပ်ပြုတ်

Related image
ကြက်ရိုးစွပ်ပြုတ် ၊ အမဲရိုးစွပ်ပြုတ် စသဖြင့် ကြိုက်နှစ်သက်တဲ့ အရိုးစွပ်ပြုတ်ကို သောက်သုံးနိုင်ပါ
တယ်။ အရိုးတွေမှာ ခန္ဓာကိုယ်ကအားဖြစ်စေတဲ့အပြင် အရေပြား ဖူးရောင်နီးမြန်းမှုကို သက်သာစေ
ပါတယ်။ glycine ပါဝင်တာကြောင့် ဦးနှောက်စွမ်းရည်ကောင်းစေသလို စိတ်ပိုင်းဆိုင်ရာ နိုးကြားမှု
ရှိစေခြင်း ၊ မှတ်ဥာဏ်အားကောင်းမွန်ပြီး စိတ်ဖိစီးမှုတွေကို လျော့ချပေးပါတယ်။

ကြက်ဥ


ကြက်ဥ မကြိုက်တဲ့လူတော့ မရှိသလောက်ပါပဲ။ ကြက်ဥလေးဟာ ကြော်ပဲစားစား၊ ပြုတ်ပဲစားစား၊
အသီးရွက်ထဲ ထည့်ကြော်လည်း လိုက်ဖက်လွန်းလှတဲ့ အစားစာပါ။ သူဟာ ဦးနှောက်လုပ်ဆောင်
ချက်တွေကို မြှင့်တင်ပေးနိုင်တာကြောင့် အတော်လေးအသုံးဝင်တဲ့ ဥဖြစ်ပါတယ်။
Folate နဲ့ vitamin 12 က စိတ်ဓာတ်ကျမှုကို ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်ရော ၊ ဦးနှောက်
အတွက်ပါ ကောင်းမွန်စေပါသေးတယ်။

ကြက်ဆင် ၊ တူနာ ၊ ပဲ ၊ အစေ့အဆန် ၊ အာလူး ၊ ငှက်ပျောသီးနဲ့ ငရုတ်သီးတို့ကလည်း
ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

35 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.