နောက်တစ်ခါဆို မီးပွိုင့်မှာ ရပ်စရာမလိုတော့အောင် ကူညီပေးမယ့် ဒက်ရှ်ဘုတ်သစ်

cute-smile-baby-photo-004.jpg

 

Audi concept ကားမှာပါတဲ့ ဒက်ရှ်ဘုတ်သစ်ကြောင့် နောက်တစ်ခါဆို မီးပွိုင့်မှာ ရပ်စရာမလိုတော့ဘူးလို့ သိရပါတယ်။ မြို့တွင်းက မီးပွိုင့်တွေနဲ့ ချိတ်ဆက်ပေးမှာဖြစ်ပြီး ဘယ်အချိန်မှာ မီးနီတော့မယ်ဆိုတာကို ပြသပေးပါလိမ့်မယ်။ အဲ့ဒီ့အတွက် မီးနီတော့မယ့် အချိန်နဲ့ ကားအရှိန်ကို ချိန်ဆပြီး ကားရပ်စရာမလိုအောင် မောင်းနှင်နိုင်မှာပါ။

နောက်ထပ်မီးနီဖို့ ဘယ်လောက်လိုသေးလဲ၊ အဲ့ဒီ့ မီးပွိုင့်ကိုရောက်ဖို့ အချိန်ဘယ်လောက်ကြာဦးမလဲ ဆိုတာတွေကို Audi concept ကားရဲ့ ဒက်ရှ်ဘုတ်က သတိပေးမှာဖြစ်ပါတယ်။ သူပြောပေးတဲ့ အရှိန်နဲ့သာမောင်းရင် မီးပွိုင့်နီလို့ ကားရပ်ရတယ်ဆိုတာမျိုး ရှိတော့မှာမဟုတ်ပါဘူး။

ဒါပေမဲ့ ဒီစနစ်ကို အသုံးပြုမယ်ဆိုရင်တော့ အဲ့ဒီ့မြို့က မီးပွိုင့်တွေမှာ စမတ်မီးပွိုင့်တွေ တပ်ဆင်ထားဖို့တော့ လိုအပ်ပါတယ်။  မီးပွိုင့်နီကိုဖြတ်မိတော့မယ့် အန္တရာယ်မျိုးကိုတောင် Audi concept ကားရဲ့ဒက်ရှ်ဘုတ်က သတိပေးနိုင်ပါသေးတယ်။

Ref:dailymail

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.