ကိုယ်စားလိုက်တဲ့အစားအစာတွေ ကြေညက်ဖို့ အချိန်ဘယ်လောက်ယူရလဲ?
*ရေ
အသီးအနှံတွေ၊ဟင်းသီးဟင်းရွက်ဖျော်ရည်တွေကတော့ အစာချေဖျက်နိုင်ဖို့ မိနစ် ၂၀ နီးပါးအချိန်ယူရပါတယ်။
*ငါး
*ဆလတ်ရွက်သုပ်
*နို့ထွက်ပစ္စည်း
*အစေ့အဆန်တွေ
အစေ့အဆန်တွေကတော့ အစာချေဖျက်ဖို့ ၃နာရီကြာမြင့်ပါတယ်။
*ကြက်သား
*အမဲသား
*၀က်သား
Source:Brightside
Unicode
အစားအသောက်တွေနဲ့ပတ်သက်ပြီးဘယ်လိုအစားအစာတွေက အစာချေဖျက်ဖို့ အချိန်ဘယ်လောက်ကြာလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။အဲ့ဒါမှကိုယ်တစ်ခုခုစားတော့မယ်ဆိုရင် ဘယ်အစားအစာက အစာကြေမြန်လဲ၊အစာကြေနှေးလဲ သိပြီး ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာလဲ
အထောက်အကူဖြစ်မှာပါ။ဒါကြောင့် ဗဟုသုတအနေနဲ့ သိထားရအောင်ဖော်ပြပေးလိုက်ပါတယ်။
*ရေ
ရေကတော့ ချက်ချင်းပဲ အစာအိမ်ထဲကို တန်းပြီးဝင်ရောက်သွားပါတယ်
*အသီးအနှံ ဒါမှမဟုတ် ဟင်းသီးဟင်းရွက်ဖျော်ရည်
အသီးအနှှံတွေ၊ဟင်းသီးဟင်းရွက်ဖျော်ရည်တွေကတော့ အစာချေဖျက်နိုင်ဖို့ မိနစ် ၂၀ နီးပါးအချိန်ယူရပါတယ်။
*ဟင်းသီးဟင်းရွက်အစိမ်း
မုန်လာဥနီ၊ခရမ်းချဉ်သီး၊ခရမ်းသီး၊စတဲ့ဟင်းသီးဟင်းရွက်တွေကို ဒီတိုင်းစားတဲ့အခါ အစာချေဖျက်နိုင်ဖို့ မိနစ် ၄၀ နီးပါးကြာမြင့်ပါတယ်။
*ချက်ပြုတ်ပြီးသားဟင်းသီးဟင်းရွက်
ချက်ပြုတ်ပြီးသား ဟင်းသီးဟင်းရွက်တွေကတော့ စားပြီး မိနစ် ၄၀ ကြာတဲ့အခါ အစာကြေညက်သွားပါတယ်။
*ငါး
ငါးကတော့ အစာချေဖို့ ၄၅ မိနစ်ကနေ မိနစ် ၆ဝနီးပါး အချိန်ယူရပါတယ်။
*ဆလတ်ရွက်သုပ်
ဆလတ်ရွက်သုပ်ကလည်း အစာချေနိုင်ဖို့ တစ်နာရီကြာမြင့်ပါတယ်။
*ဂျုံနဲ့လုပ်ထားတဲ့အစားအစာတွေ
ပဲ၊ဆန်စတဲ့ဂျုံနဲ့လုပ်ထားတဲ့အစားအစာတွေကတော့ အစာကြေနိုင်ဖို့ ၂နာရီကြာမြင့်ပါတယ်။
*နို့ထွက်ပစ္စည်း
နို့ထွက်ပစ္စည်းတွေဟာလည်း ၂ နာရီကြာမြင့်စွာ အချိန်ယူချေဖျက်ရပါတယ်။
*အစေ့အဆန်တွေ
အစေ့အဆန််တွေကတော့ အစာချေဖျက်ဖို့ ၃နာရီကြာမြင့်ပါတယ်။
*ကြက်သား
ကြက်သားဟာဆိုရင် တစ်နာရီခွဲ ၂နာရီနီးပါး ကြေညက်ဖို့ အချိန်ယူရပါတယ်။
*အမဲသား
အမဲသားကတော့ အစာကြေညက်ဖို့ ၃နာရီအချိန်ယူရပါတယ်
*ဝက်သား
ဝက်သားကတော့ ကောင်းကောင်းအစာကြေညက်ဖို့ ၅နာရီတောင်အချိန်ယူရပါတယ်။
တစ်ချို့အစားအစာတွေကတော့ အစာချေဖျက်တာမြန်တယ်။တစ်ချို့ကတော့ နှေးတယ်။အစာချေမြန်တဲ့အစားအစာတွေကိုပဲ အမြဲစားမိနေမယ်ရင် ခဏလေးနဲ့ဗိုက်ပြန်ဆာတတ်ပါတယ်။ဒ့ါအပြင် အဲ့ဒီအစားအစာတွေဟာ ခန္ဓာကိုယ်ထဲက ဂလူးကိုစ့်ကိုမြင့်တက်စေပါတယ်။သိပ္ပံပညာရှင်တွေကတော့
အစာချေမြန်တဲ့အစားအစာနဲ့အစာချေနှေးတဲ့အစားအစာကို တစ်နပ်တည်းမှာရောနှောမစားဖို့အကြံပေးထားပါတယ်။စားမယ်ဆိုရင်တောင် အစာချေစနစ်မြန်ဆန်စွာအလုပ်လုပ်တဲ့ နေ့လည်ခင်းချိန်မှာ စားသင့်ပါတယ်။မနက်စာနဲ့ညစာကတော့ ခန္ဓာကိုယ်အားအင်မြန်မြန်ဆန်ဆန်ရစေတဲ့အစာချေမြန်တဲ့အစားအစာတွေကို ရွေးချယ်စားသင့်ပါတယ်။
Source:Brightside
108 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.