Song-Song စုံတွဲကွာရှင်းတာနဲ့ပတ်သက်ပြီး အထင်လွဲမှားခံနေရတဲ့ မင်းသား Park Bo Gum






Source:Koreaboo

Unicode

အခုရက်ပိုင်းအတွင်း အွန်လိုင်းမီဒီယာတွေပေါ်မှာ အုတ်အော်သောင်းနင်းနာမည်ကြီးနေတာကတော့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့စုံတွဲ Song Joong Ki နဲ့ Song Hye Kyo တို့ရဲ့ကွာရှင်းပြတ်စဲမှုအကြောင်းတွေပါပဲ။

ဇွန်လ ၂၇ ရက်နေ့ကစလို့ သူတို့ဇနီးမောင်နှံကွာရှင်းရတဲ့အကြောင်းတွေ၊အေဂျင်စီက ပြန်လည်ဖြေရှင်းချက်တွေအပါအဝင် ပရိသတ်တွေအထင်မှားလောက်စရာသတင်းတစ်ခုကလည်း တက်လာခဲ့ပါတယ်။

အဲ့ဒါကတော့ သူတို့စုံတွဲပြတ်စဲမှုဟာ မင်းသား Park Bo Gum နဲ့သက်ဆိုင်နေတယ်ဆိုတဲ့သတင်းတွေဖြစ်ပါတယ်။ကိုရီးယားနိုင်ငံသားတွေဟာ သူတို့ရဲ့ ထင်မြင်ယူဆချက်မျိုးစုံကို ကွန်းမန့်တွေမှာရေးသားခဲ့ကြပါတယ်။ဒီသတင်းအမှားတွေနဲ့ပတ်သက်ပြီး Park Bo Gum ရဲ့အေဂျင်စီ Blossom Entertainment က “Song Joong Ki ဟာ ဒီနေ့မနက်ပဲ Song Hye Kyo နဲ့ကွာရှင်းပြတ်စဲဖို့အကြောင်းကြေညာခဲ့ပါတယ်။Park Bo Gum ဟာ Song Joong Ki နဲ့
အေဂျင်စီတစ်ခုတည်း ဂျူနီယာဖြစ်သလို မကြာသေးခင်ကပဲ Song Hye Kyo နဲ့ဇာတ်လမ်းတွဲတစ်ခုရိုက်ကူးခဲ့ဖူးပါတယ်။အခု သူတို့ဇနီးမောင်နှံကွာရှင်းရတဲ့အကြောင်းက Park Bo Gum ကြောင့်ဖြစ်တယ်လို့တောင် တစ်ချို့တွေက ပြောလာကြပါတယ်။ဒီလိုမဟုတ်မမှန်သတင်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်က တရားဥပဒေအတိုင်းဆက်လက်ဆောင်ရွက်သွားတော့မှာဖြစ်ပါတယ်”လို့ ဖြေရှင်းချက်ထုတ်လာခဲ့ပါတယ်။

Park Bo Gum ဟာ Song Joong Ki ရဲ ့အချစ်ဆုံးသူငယ်ချင်းတွေထဲကတစ်ယောက်ဖြစ်သလို သူတို့နှစ်ယောက်ဟာညီအစ်ကိုလိုပဲချစ်ခင်ရင်းနှီးကြတာဖြစ်ပါတယ်။မင်းသမီး Song Hye Kyo ရဲ ့အတွင်းသိတစ်ယောက်အဆိုအရလည်း ဒီသတင်းတွေဟာ မမှန်ကန်ပဲ ကောလာဟာလသတင်းသာဖြစ်ကြောင်းပြောခဲ့ပါတယ်။

ပရိသတ်တွေချစ်ကြတဲ့ Song-Song စုံတွဲလေးဟာ ၂၀၁၇ အောက်တိုဘာ ၃၁ ရက်နေ့က လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။သူတို့ကိုယ်တိုင်လည်း ဒီလိုခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချဖို့လွယ်ကူခဲ့မှာမဟုတ်ပါဘူး။ဒီကြားထဲ အခုလိုမဟုတ်မမှန်ကောလာဟာလတွေကလည်း မျိုးစုံကိုထွက်ရှိနေတာဖြစ်ပါတယ်။
အခု Park Bo Gum ရဲ့အေဂျင်စီက ကောလာဟာလသတင်းတွေကို အတိအလင်းငြင်းဆိုလိုက်ပြီဖြစ်လို့ ပရိသတ်တွေလည်း အထင်မမှားကြနဲ့ဦးနော်

Source:Koreaboo

638 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.