အဆိုတော်Rain ဟာ မကြာသေးခင်ကမှ တကျော့ပြန် ဖျော်ဖြေမှုတွေ ပြုလုပ်လာခဲ့တာဖြစ်ပြီး သူ့ရဲ့ လေးနှစ်အတွင်း ပထမဆုံးအကြိမ် ဖျော်ဖြေပွဲကြီးကို ကျင်းပမယ်လို့သိရပါတယ်။ သူ့ရဲ့ “Rain Effect” ဆိုတဲ့ တစ်ကိုယ်တော် ရှိုးကို ရိုက်ကူးအပြီးမှာ အခုလို ဖျော်ဖြေပွဲကျင်းပပြီး သူ့ရဲ့ fans တွေနဲ့ပါ တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဒီရှိုးမှာ Rain ဟာ အရင်ကလိုမျိုး ခပ်ဆန်းဆန်း ၊ ခပ်ကြမ်းကြမ်း သရုပ်ပြကွက်တွေနဲ့ ကကွက်တွေ ထည့်သွင်းဖို့ အစီအစဉ်မရှိပါဘူး။ အဲဒီအစား edit ပြန်လုပ်ထားတဲ့ သီချင်းတွေကို တကယ့်တီးဝိုင်းနဲ့ သီချင်းဆိုရုံ ဆိုမှာဖြစ်ပါတယ်။ သူ့ရဲ့သဘာဝဆန်တဲ့ ဘက်ကို ပိုပြီးအသားပေး ဖော်ပြသွားမှာ ဖြစ်ပါတယ်။
သူ့ရဲ့အယ်လ်ဘမ်အသစ်ထဲက သီချင်း ၆-၇ ပုဒ်လောက် သီဆိုဖို့စီစဉ်ထားပါတယ်။ ဒီ “Rain Effect” ဆိုတဲ့ ရှိုးကိုတော့ ဇန်န၀ါရီလ ၂၃ ရက်မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
Ref:kpopstarz