မျက်ရည်ပူကျတတ်တဲ့သူတွေအတွက်အထိရောက်ဆုံးနည်းလမ်းကောင်းလေးတွေက…
နော်…
စစ်တမ်းကောက်ရရင်-
-အပူများခြင်း
တယ်။
ဒီလို အခြေနေမျိုးမှာ မျက်ရည်ပူကျခြင်း၊ မျက်သားယားယံခြင်းနဲ့ မျက်သားနာခြင်းတို့ဖြစ်လာစေနိုင်ပါတယ်။
– မြင်းခွါရွက်ဟင်းချို(သို့) မြင်းခွာရွက်နဲ့သက်ဆိုင်ရာတစ်မျိုးမျိုးကိုစားပေးပါ။
Unicode
တစ်ခါတစ်လေအလုပ်သိပ်လုပ်ရတဲ့မျက်လုံးဟာ မထင်မှတ်ထားတဲ့မျက်ရည်ပူတွေကျလာတတ်ပါတယ်.
မျက်လုံးထဲကနေ ဝမ်းနည်းငိုကြွေးခြင်းမရှိပဲ မျက်ရည်ပူ သက်သက်ကျတာခြင်းမျိုးကို တစ်ခါမဟုတ်တစ်ခါတော့ကြုံတွေ့
ကြမှာပါ။ ဘာကြောင့်ဒီလိုဖြစ်လာရတာလဲ? ဒီလိုဖြစ်လာတဲ့အခါ ဘယ်လိုနည်းလမ်းကောင်းလေးတွေနဲ့ကုသကြမလဲ? ဆိုတာ
လေးတွေကို မသိသေးတဲ့လူတစ်ချို့သိရအောင်ရည်ရွယ်ပြီးကျန်းမာရေးဗဟုသုတစ်ခုအ နေနဲ့Sharing လုပ်ပေးလိုက်ပါတယ်
နော်…
မျက်လုံးထဲကမျက်ရည်ပူတွေကျလာခြင်းက ဘာကြောင့်အများဆုံးဖြစ်နိုင်သလဲ?…
မျက်လုံးထဲမျက်ရည်ပူကျခြင်းမှာ အကြောင်းပြချက်မျိုးစုံရှိပါတယ်။ ဖြစ်နိုင်ချေအများဆုံးတွေကို
စစ်တမ်းကောက်ရရင်-
-မျက်စိအမြင်အာရုံအားနည်းလာခြင်း
မျက်စိအမြင်အာရုံပိုင်းချို့တဲ့ချင်လာကြတဲ့သူတော်တော်များများဟာ မျက်ရည်ပူကျခြင်းနဲ့အစပြုတတ်ကြပါတယ်။ မျက်မှန်တက်ဖို့လိုလာတဲ့သူတစ်ယောက်ဟာ မျက်လုံးမဝါးခင်မှာ
မျက်ရည်ပူကျခြင်းနဲ့အစပျိုးလာတတ်ပါတယ်။ ဒါကြောင့်မျက်ရည်ပူတွေမကြာခဏကျတတ်နေပြီဆိုရင်တော့ မျက်လုံးအားနည်တာ ဖြစ်နိုင်ချေများပါတယ်။ နီးစပ်ရာ
မျက်လုံးဆေးခန်းမှာ အမြန်ဆုံးစမ်းသပ်ဖို့လိုပါပြီနော်။
-အပူများခြင်း
ခန္ဓာကိုယ်တွင်းအပူတွေများလာတဲ့အခါ၊ အပူအောင်းနေတဲ့အခါမျိုးမှာလည်းမျက်လုံးထဲကမျက်ရည်ပူတွေကျဆင်းလာတတ်ပါတယ်။
ဒါကရေများများသောက်ပြီး ရေများများချိုးပေးရင် အပူငြိမ်းပြီးသက်သာလာနိုင်ပင်မဲ့ အပူကြီးပြီးဖျားတာမျိုးတွေအထိ ဖြစ်လာနိုင်တာမလို့
လျော့မတွက်သင့်တဲ့အထဲမှာတော့ပါပါတယ်။
-မျက်လုံးထဲတစ်စုံတစ်ခုဝင်ရောက်နေခြင်း
မျက်လုံးထဲကို သေးငယ်တဲ့ ဖုန်(သို့) တစ်စုံတစ်ခုဝင်ထားတာကို သတိမထားမိတဲ့အခြေနေမျိုးတွေမှာလည်းမျက်ရည်ပူ
ကျခြင်းမျိုးဖြစ်နိုင်ပါတယ်။ တစ်ချို့သေးငယ်တဲ့အရာလေးတွေက မျက်လုံးရဲ့တောင့်မှာကပ်နေတတ်ပြီး မျက်ရည်ပူကနေတစ်ဆင့် ပြောပြနေနိုင်ပါ
တယ်။
– မျက်သားခြောက်သွေ့လာခြင်း
မျက်သားခြောက်သွေ့လာခြင်းကြောင့် တစ်ခါတစ်ရံမှာ မျက်ရည်ပူတွေကျလာတတ်ပါတယ်။ မျက်သားခြောက်သွေ့ခြင်းဟာမျက်လုံးမှာ အပူများခြင်းကြောင့်ဖြစ်ပေါ်လာတာမျိုးပါ။
ဒီလို အခြေနေမျိုးမှာ မျက်ရည်ပူကျခြင်း၊ မျက်သားယားယံခြင်းနဲ့ မျက်သားနာခြင်းတိုု့ဖြစ်လာစေနိုင်ပါတယ်။
– Electronic ပစ္စည်းများအသုံးများခြင်း
နေ့စဉ်ကွန်ပျူတာတွေ၊ ဖုန်းတွေကို အချိန်အအားမထားပဲ အသုံးများတဲ့သူတွေမှာ မျက်ရည်ပူကျတတ်တဲ့ အခြေနေမျိုးတွေကို
မကြာခဏဆိုသလိုကြုံတွေ့နေရတတ်ပါတယ်။ နေ့စဉ် လင်းနေတဲ့ လျှပ်စစ်ပစ္စည်းတွေကို အမြဲအားစိုက်ပြီးကြည့်ရှုနေရတာကြောင့်
မျက်လုံးထဲကနေမျက်ရည်ပူတွေကျလာရခြင်းဖြစ်ပါတယ်။
ဘယ်လိုနည်းတွေနဲ့ကုသမလဲ?
-မျက်စဉ်းခတ်ပေးပါ(ဆရာဝန်ညွှန်ကြားချက်ပေးထားသောမျက်စဉ်းကပိုစိတ်ချရပါတယ်။)
-မုန်လာဥနီကို တစ်ပတ်သုံးကြိမ်အနည်းဆုံးစားပေးပါ။
– မြင်းခွွါရွက်ဟင်းချို(သို့) မြင်းခွာရွက်နဲ့သက်ဆိုင်ရာတစ်မျိုးမျိုးကိုစားပေးပါ။
-ညအိပ်ယာဝင်ခံနီးတိုင်းကွမ်းရွက်နဲ့မျက်လုံးတစ်ဖက်စီကို ကပ်ထားပေးပါ။
-Electric ပစ္စည်းတွေမဖြစ်မနေသာကြည့်ပါ။ မသုံးမဖြစ်သာသုံးပါ။ ကြည့်နေရင်းနဲ့လည်း၁ဝမိနစ်တစ်ခါလောက်မျက်လုံးကို
အနားပေးပေးပြီးလုပ်ဆောင်ပေးပါ။
မျက်ရည်ပူကင်းစင်ပြီးကြည်လင် ရွှန်းစိုတဲ့မျက်လုံးတစ်စုံကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းရင်း…
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.