After The Dark (မူလအမည် The Philosophers) ကိုဖေဖေါ်ဝါရီ ၇ ရက်နေ့မှာ Phase 4 Films ကဖြန့်ချီပြီး ရုံတင်မှာဖြစ်ပါတယ်။ John Huddles ကဒါရိုက်တာလုပ်ထားပြီး သရုပ်ဆောင်တွေကတော့ James D’Arcy, Bonnie Wright, Daryl Sabara, Sophie Lowe, Rhys Wakefield, Freddie Stroma, Maia Mitchell, Jacob Artist နဲ့ Katie Findlay တို့ပါဝင်ထားတာဖြစ်ပါတယ်။ Korn ရဲ့ရှေ့ထွက်လူ Jonathan Davis က Nicholas O’Toole နဲ့အတူ ရုပ်ရှင်နောက်ခံဂီတကိုရေးစပ်ထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း – ဂျာကာတာကကျောင်းတစ်ကျောင်းမှာ ဒဿနိကဗေဒ ဆရာက ကျောင်းသားကျောင်းသူအယောက် ၂၀ ထဲက နူကလီးယားကြောင့်ကမ္ဘာပျက်ရမယ့် ဖြစ်စဉ်မှာ မြေအောက်ခိုလှုံစရာနေရာဆောက်လုပ်ပြီး လူသားမျိုးနွယ်ကို ကယ်တင်မယ့် ၁၀ ယောက်ကိုရွေးချယ်စေတာဖြစ်ပါတယ်။ အသက်ရှင်လိုဇောနဲ့တစ်ယောက်ကိုတစ်ယောက် ဆန့်ကျင်တိုက်ခိုက်ရင်း အဲဒီ့ဆုံးဖြတ်ချက်ဟာ လျှင်မြန်စွာနဲ့ပဲပြင်းထန်လာခဲ့ပါတယ်။
Korn ရဲ့နောက်ဆုံး album ‘The Paradigm Shift” ဟာ ထွက်ထွက်ချင်းအပါတ်မှာပဲ အမေရိကန်နိုင်ငံမှာ အချပ်ရေပေါင်း ၄၆၀၀၀ ရောင်းရပြီး Billboard 200 ဇယားရဲ့နံပါတ် ၈ ကိုချိတ်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းမှာ Davis ကသူ့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေကြောင့် စတူဒီယိုကို ကျန်အဖွဲ့သားတွေထက်နောက်ကျပြီးမှရောက်တယ်လို့ပြောပါတယ်။ “ကျွန်တော့်သားဆီးချိုရောဂါဖြစ်ပြီး ကျွန်တော့်စိတ်ဓာတ်ကျမှုအတွက် ဆေးကုသမှုခံလိုက်ရတယ်။ အဲဒါကကျွန်တော့်ကိုဒုက္ခပေးတာပဲ။ ကျွန်တော်အဲဒီလိုဖြစ်နေတာ ၃ နှစ်ရှိနေပြီး ဆရာဝန်က “မင်းဒါကို အဆက်ဖြတ်မှဖြစ်မယ်။ မင်းအတွက်မကောင်းဘူး” လို့ကျွန်တော့်ကိုပြောတယ်” လို့ Davis ကပြောပါတယ်။
Davis ဟာသူ့ရဲ့ကုသမှုကို ဗြုန်းစားကြီးရပ်တန့်ခဲ့တာဖြစ်ပါတယ်။ “ဒီအရပ်က ပြန်လည်ထူထောင်ရေး စင်တာကိုသွားတယ်။ ကျွန်တော်တွေးမိတာက “ငါဒါကြီးကိုဆက်မလုပ်ချင်တော့ဘူး” ဒီတော့ကျွန်တော် ပျံကျနေရာတွေ တွေ့သမျှထဲမှာ အဆိုးဆုံးနေရာတွေ လျှောက်သွားခဲ့တာဖြစ်ပါတယ်။ အခုလဲအဲဒီ့နေရာတွေကထွက်လာတယ်ဆိုရုံလေးပဲ” လို့ Davis ကပြောပါတယ်။
After The Dark ရဲ့ official trailer ကိုတော့အောက်က link မှာကြည့်ရှုနိုင်ပါတယ်။
Ref:Wikipedia, blabbermouth