Unicode
အုပ်ထိန်းသူတိုင်းသိထားသင့်ပါတယ်။ ဆယ်ကျော်သက်အရ ွယ်ဆိုတာ ထိန်းချုပ်ဖို့ ခက်ခဲတဲ့ အ ရွယ်ပါ ။ဒီလို အရ ွယ်မှာ ရိုက်နှက်တာမျိုး၊ ထိန်းချုပ်တာမျိုး ကို အတင်းအကြပ်လုပ်ယူမဲ့အစား နားလည်သ ဘောပေါက်ပြီး ကိုယ်တိုင်ပြုပြင်ချင်စိတ်ရှိအောင်နည်းလမ်းအမျိုးမျိုးနဲ့ ကွွက်ကဲ ပေးဖို့လိုပါတယ်။ ထိန်းချုပ်ရခက်တဲ့ ဆယ်ကျော်သက်လေးတေ ွကို ဘယ်လိုထိန်းထိန်းသိမ်းသိမ်း ဦးဆောင်ကြမလဲ…(၁) ပျော်တတ်အောင်သင်ပေးပါ
ဒီအရွယ်ဟာ ပျော်စရာတွေနဲ့ပြည့်နှက်နေတဲ့အချိန်ကောင်းပါ။ ဒီလိုအချိန်မှာမှ လောကကြီးရဲ့အနှစ်သာရကိုအပြည့်အဝမခံစားရင် သိပ်နှမြောဖို့ကောင်းပါတယ်။ ဒါကြောင့် ဒီအရွယ်မှာ သူတို့ရဲ့ပျော်ရွှင်မှုတွေကိုမပိတ်ပင်ပဲ အတိုင်းတာတစ်ခုထိလွှတ်ထားပေးသင့်ပါတယ်။(၂) အ ကောင်းမြင်တတ်အောင်သင်ပေးပါ
အကောင်းမြင်တတ်တဲ့စိတ်လေးကို ဆယ်ကျော်သက်အရွယ်ထဲကနေတစြ်ဖည်းဖြည်းသင်ပေးပါ။ တစ်ဘဝလုံးအတွက် စိတ်ချမ်းသာဖို့အကောင်းမြင်တတ်တဲ့စိတ်လေးလည်းရှိဖို့လိုပါတယ်။(၃) တင်းတိမ်ရောင့်ရဲ့တတ်အောင်သင်ပေးပါ
ဒီအရွယ်မှာ အရှိသင့်ဆုံးကတော့တင်းတိမ်ရောင့်ရဲနိုင်တဲ့ စိတ်ထားလေးပါပဲ…ဆိုလိုချင်တာက တစ်ချို့သော ဆယ်ကျော်သက်လေးတွေဟာ ဒီလိုမနူးမနပ်အရွယ်မှာ စိတ်ထွေပြီး အရမ်းကိုသူများထက်သာချင်တာမျိုး၊ လောဘကြီးတာမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့လက်ရှိမိသားစုအခြေနေကိုနားလည်ပြီးမလိုအပ်တဲ့နေရာတွေမှာမလိုလောဘမကြီးဖို့ထိန်းပေးသင့့်ပါတယ်။(၄) ဝမ်းနည်းပါစေကြာကြာဝမ်းမနည်းတတ်အောင်သင်ပေးပါ
စိတ်ပင်ပန်းမှုတွေရှိလာတဲ့ဝမ်းနည်းရင်ဝမ်းနည်းပါစေ လွှတ်ထားလိုက်ပါ၊ အချိန်တိုင်းတာတစ်ခုမှာတော့ပြန်ထနိုင်တဲ့စိတ်ဓာတ်မျိုးဖြစ်အောင် သင်ကြားထားပေးပါ။(၅) ကြိုးစားချင်စိတ်ရှိေ အာင်သင်ပေးပါ
ဆယ်ကျော်သက်အရွယ်ဆိုတာဘဝရဲ့စလို့အကောင်းဆုံးအချိန်ပါ။ ဒီလိုအချိန်မှာ သူတို့ဘဝကိုသူတို့ကြိုးစားချင်စိတ်ရှိလာအောင် နှိုးဆွပေးသင့့်ပါတယ်။ ပျင်းရိငြီးငွေ့မှုတွေကိုဖယ်ရှားပေးပြီးဘဝဆိုတာဘယ်လိုရုန်းကန်ရမလဲ။ ဘာလိုချင်ရင်ဘယ်လိုကြိုးစားမရမယ်ဆိုတဲ့အသိလေးကိုထည့်ပေးဖို့လိုပါတယ်။