လက္ဖက္နွပ္ျပီးသားကိုေစ်းဆုိင္မွာအလြယ္တကူ၀ယ္လုိ႕ရပင္မဲ႔ ကိုယ္တုိင္အညြန္႕ကို၀ယ္ျပီးနွပ္တာေလာက္ေတာ႔ ေကာင္းနုိင္မယ္မထင္ပါဘူး။
ေကာင္းမြန္စြာအသင္႔နွပ္ထားတဲ႔လက္ဖက္တံဆိတ္ေတြရွိပင္မဲ႔ ကိုယ္တုိင္သာ အိမ္မွာ နွပ္တတ္တယ္ဆိုရင္ ကိုယ္႔စိတ္ျကိုက္အရသာကို ပံုသြင္း
ျပီး လက္ဖက္နွပ္ေကာင္းေကာင္းကို စားနုိင္မယ္မဟုတ္ဘူးလား။ ဆိုင္က၀ယ္စားတဲ႔အသင္႔စားလက္ဖက္ေတြကို ရိုးေနျပီ…ကိုယ္တုိင္အိမ္မွာ
စိတ္ျကိုက္နွပ္ျကည္႔ခ်င္ပါရဲ႕နဲ႕ မနွပ္တတ္ေသးတဲ႔သူေတြအတြက္ ျမန္မာ႔ရိုးရာအစားစာတစ္ခုျဖစ္တဲ႔ အိပ္လုပ္လက္ဖက္နွပ္နည္းေလးကို
ေ၀မ်ွလုိက္ပါတယ္ေနာ္…
အရြက္မွာလက္ဖက္ဆုိတဲ႔အတုိင္း ဘယ္အခ်ိန္စားစား မရိုးနုိင္တဲ႔ ျမန္မာ႔ရိုးရာလက္ဖက္ညြန္႕ေလးေတြကို ကိုယ္တုိင္၀ယ္ျပီးနွပ္ေတာ႔မယ္
ဆုိရင္…
လိုအပ္တဲ႔ ပစၥည္းေတြက…
-လက္ဖက္အညြန္႕
-ျကက္သြန္ျဖဴ
-ငရုတ္သီးစိမ္း
-သံပုရာသီး
-ဆားအနည္းငယ္
-အခ်ိဳမႈန္႔အနည္းငယ္
-ပဲဆီ
-ပုစြန္ေျခာက္
ဘယ္လုိေထာင္းျကမလဲ?
(၁) လိုအပ္သေလာက္လက္ဖက္အညြန္႕ေလးေတြကို ေရဇလံုထဲထည္႔ျပီး ေရစိမ္ပါ။ ေရစိမ္ထဲထဲကို သံပုရာသီးနဲ႕ဆားအနည္းငယ္ကို
ညွစ္ထည္႔ေပးဖို႕လိုပါတယ္။ ေရဇလံုထဲမွာ ေရစိမ္ထားတဲ႔လက္ဖက္ကို အခါဓာတ္ေတြ ကုန္သြားေအာင္အရည္ညွစ္ထုတ္ပါ။ ျပီးရင္ ေရစစ္ခ်ျပီး ဒီလုိပံုစံ
အတိုင္း အခါဓာတ္ကုန္ေအာင္ေနာက္ထပ္နွစ္ျကိမ္ေလာက္ထပ္ေဆးေပးပါ။ ( ၃ျကိမ္ေလာက္ဆုိေတာ္ပါျပီ) ခဏခဏညွစ္တဲ႔အခါ
လက္ဖက္လည္းကုန္သလို လက္ဖက္ရဲ႕အရသာေတြအကုန္လံုးလည္းပါသြားနုိင္ပါတယ္။ လက္ဖက္ဆုိတဲ႔အတုိင္းနည္းနည္းေလးေတာ႔
အဖန္ဓာတ္ေလးက်န္ခဲ႔သင္႔တယ္မဟုတ္ဘူးလား…
(၂) လက္ဖက္ကို အရည္ညွစ္ျပီးခ်ိန္တစ္ဖက္မွာ ပုစြန္ေျခာက္၊ ျကက္သြန္ျဖဴနဲ႕ငရုတ္သီးစိမ္းတုိ႕ကို ေရာေထာင္းထားပါ။ ျပီးေနာက္မွာ အရည္ညွစ္ထားျပီး
လက္ဖက္နဲ႕ ပုစြန္ေျခာက္၊ ျကက္သြန္ျဖဴ၊ ငရုတ္သီးစိမ္းတို႕ကို ေရာေပါင္းျပီးထပ္ေထာင္းပါ။ နွံ႕ေနေအာင္ ေထာင္းျပီးျပီး ဆုိရင္ေတာ႔
ပန္းကန္ တစ္ခုထဲကို ခပ္ထည္႔လိုက္ပါ။
ပန္းကန္ထဲက လက္ဖက္ေထာင္းကို ပဲဆီရႊဲရႊဲ ေလးဆမ္းျပီး အနည္းငယ္ နယ္ေပးပါ။ အခ်ိဳမႈန္႕၊ ဆားအနည္းငယ္လိုသေလာက္ထည္႔ပါ။
အားလံုးကိုနွံ႕နွံ႕စပ္စပ္နယ္ျပီးျပီ လို႕ခံစားရရင္ေတာ႔ အေပၚက ေနသံပုရာသီးေလးအနည္းငယ္(တစ္စိတ္ေလာက္) ညွပ္ခ်လုိက္ပါ။
ဒီေလာက္ဆုိရင္ေတာ႔အနံ႕အရသာနဲ႕ျပည္႔စံုနဲ႕အိပ္လုပ္လက္ဖက္ေထာင္းေလးကို ရနုိင္ပါျပီ။ ကိုယ္႔မိသားစု ထမင္း၀ိုင္းအတြက္
ကိုယ္တိုင္အိမ္လုပ္လက္ဖက္ေထာင္းေလး လုပ္ေပးလုိက္ရ ေအာင္…
Unicode
လက်ဖက်နှပ်ပြီးသားကိုစျေးဆိုင်မှာအလွယ်တကူဝယ်လို့ရပင်မဲ့ ကိုယ်တိုင်အညွန့်ကိုဝယ်ပြီးနှပ်တာလောက်တော့ ကောင်းနိုင်မယ်မထင်ပါဘူး။
ကောင်းမွန်စွာအသင့်နှပ်ထားတဲ့လက်ဖက်တံဆိတ်တွေရှိပင်မဲ့ ကိုယ်တိုင်သာ အိမ်မှာ နှပ်တတ်တယ်ဆိုရင် ကိုယ့်စိတ်ကြိုက်အရသာကို ပုံသွင်း
ပြီး လက်ဖက်နှပ်ကောင်းကောင်းကို စားနိုင်မယ်မဟုတ်ဘူးလား။ ဆိုင်ကဝယ်စားတဲ့အသင့်စားလက်ဖက်တွေကို ရိုးနေပြီ…ကိုယ်တိုင်အိမ်မှာ
စိတ်ကြိုက်နှပ်ကြည့်ချင်ပါရဲ့နဲ့ မနှပ်တတ်သေးတဲ့သူတွေအတွက် မြန်မာ့ရိုးရာအစားစာတစ်ခုဖြစ်တဲ့ အိပ်လုပ်လက်ဖက်နှပ်နည်းလေးကို
ဝေမျှလိုက်ပါတယ်နော်…
အရွက်မှာလက်ဖက်ဆိုတဲ့အတိုင်း ဘယ်အချိန်စားစား မရိုးနိုင်တဲ့ မြန်မာ့ရိုးရာလက်ဖက်ညွန့်လေးတွေကို ကိုယ်တိုင်ဝယ်ပြီးနှပ်တော့မယ်
ဆိုရင်…
လိုအပ်တဲ့ ပစ္စည်းတွေက…
-လက်ဖက်အညွန့်
-ကြက်သွန်ဖြူ
-ငရုတ်သီးစိမ်း
-သံပုရာသီး
-ဆားအနည်းငယ်
-အချိုမှုန့်အနည်းငယ်
-ပဲဆီ
-ပုစွန်ခြောက်
ဘယ်လိုထောင်းကြမလဲ?
(၁) လိုအပ်သလောက်လက်ဖက်အညွန့်လေးတွေကို ရေဇလုံထဲထည့်ပြီး ရေစိမ်ပါ။ ရေစိမ်ထဲထဲကို သံပုရာသီးနဲ့ဆားအနည်းငယ်ကို
ညှစ်ထည့်ပေးဖို့လိုပါတယ်။ ရေဇလုံထဲမှာ ရေစိမ်ထားတဲ့လက်ဖက်ကို အခါဓာတ်တွေ ကုန်သွားအောင်အရည်ညှစ်ထုတ်ပါ။ ပြီးရင် ရေစစ်ချပြီး ဒီလိုပုံစံ
အတိုင်း အခါဓာတ်ကုန်အောင်နောက်ထပ်နှစ်ကြိမ်လောက်ထပ်ဆေးပေးပါ။ ( ၃ကြိမ်လောက်ဆိုတော်ပါပြီ) ခဏခဏညှစ်တဲ့အခါ
လက်ဖက်လည်းကုန်သလို လက်ဖက်ရဲ့အရသာတွေအကုန်လုံးလည်းပါသွားနိုင်ပါတယ်။ လက်ဖက်ဆိုတဲ့အတိုင်းနည်းနည်းလေးတော့
အဖန်ဓာတ်လေးကျန်ခဲ့သင့်တယ်မဟုတ်ဘူးလား…
(၂) လက်ဖက်ကို အရည်ညှစ်ပြီးချိန်တစ်ဖက်မှာ ပုစွန်ခြောက်၊ ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းတို့ကို ရောထောင်းထားပါ။ ပြီးနောက်မှာ အရည်ညှစ်ထားပြီး
လက်ဖက်နဲ့ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ကို ရောပေါင်းပြီးထပ်ထောင်းပါ။ နှံ့နေအောင် ထောင်းပြီးပြီး ဆိုရင်တော့
ပန်းကန် တစ်ခုထဲကို ခပ်ထည့်လိုက်ပါ။
ပန်းကန်ထဲက လက်ဖက်ထောင်းကို ပဲဆီရွှဲရွှဲ လေးဆမ်းပြီး အနည်းငယ် နယ်ပေးပါ။ အချိုမှုန့်၊ ဆားအနည်းငယ်လိုသလောက်ထည့်ပါ။
အားလုံးကိုနှံ့နှံ့စပ်စပ်နယ်ပြီးပြီ လို့ခံစားရရင်တော့ အပေါ်က နေသံပုရာသီးလေးအနည်းငယ်(တစ်စိတ်လောက်) ညှပ်ချလိုက်ပါ။
ဒီလောက်ဆိုရင်တော့အနံ့အရသာနဲ့ပြည့်စုံနဲ့အိပ်လုပ်လက်ဖက်ထောင်းလေးကို ရနိုင်ပါပြီ။ ကိုယ့်မိသားစု ထမင်းဝိုင်းအတွက်
ကိုယ်တိုင်အိမ်လုပ်လက်ဖက်ထောင်းလေး လုပ်ပေးလိုက်ရ အောင်…