ဘဲဥျကက္ဥေတြကို ဒါမ်ိဳးေလးေတြနဲ႕တြဲခ်က္ျကည္႔မယ္ဆုိရင္…

ဘဲဥျကက္ဥ ျကိုက္တဲ႔ ဥသရဲေတြအတြက္ ဘဲဥျကက္ဥကို သူ႕ခ်ည္းပဲခ်က္ျပဳတ္တာမ်ိဳးမဟုတ္ပဲ တစ္ျခားအရာေတြ
နဲ႕တြဲဖက္ခ်က္ျပဳတ္ေျကာ္ေပါင္း ျပဳလုပ္လုိက္မယ္ဆုိရင္ ဘယ္လုိအရသာေကာင္းေတြရလာနုိင္သလဲဆိုတာ Sharing လုပ္ေပးခ်င္ပါတယ္။
ဘဲဥျကက္ဥေတြကို တစ္ျခားအရာေတြနဲ႕ေရာျပီးဘယ္လုိစားေကာင္းေအာင္ခ်က္လုိ႕ရေသးလဲ?…ဘာဟင္းစားရမလဲလုိ႕ ေခါင္းစားလာတဲ႔
တစ္ေန႕က်ရင္လြယ္လည္းလြယ္စားလုိ႕လည္းျမိန္တဲ႔ ဒါမ်ိဳးေလးေတြကိုခ်က္စားရေအာင္…


(၁) ျကက္ဥဘဲဥသုပ္
ျကက္ဥဘဲဥကို ဒီတုိင္းေျကာ္စားရတာ သူ႕ခ်ည္းပဲရိုးလာတဲ႔အခါ ျပဳတ္ျပီး ပဲဆီေလး၊ ဆားေလးနဲ႕နယ္ျပီးျကက္သြန္ေလး
နဲ႕သုပ္စားလုိ႕ရ႔ပါတယ္။ ရိုးရိုးျကက္ဥျပဳတ္၊ ဘဲဥျပဳတ္ထက္စာရင္ အခုလိုျကက္သြန္ေလးဆီေလးနဲ႕သုပ္စားျခင္းက
ပိုျပီးထမင္းစားျမိန္ေစပါတယ္။
(၂) ဆူးပုပ္ရြက္ဘဲဥေျကာ္
ဆူးပုပ္ရြက္ကို ဘဲဥ(သို႕) ျကက္ဥနဲ႕ ေျကာ္စားဖူးျကလား???မစားဘူးေသးဘူးဆိုရင္ေတာ႔စားျကည္႔လုိက္ျကပါေနာ္။ ဆူးပုပ္ရြက္ရဲ႕
အနံ႕ကို မျကိုက္လုိ႕မစားဘူးလုိ႕ ခံယူထားတဲ႔ကိုယ္ေတာင္ ဘဲဥ၊ျကက္ဥေလးနဲ႕မ်ားေရာေျကာ္လုိက္ရင္ ဘယ္လိုေတြေတာင္ျကိုက္မွန္းမသိ
ျဖစ္သြားတာ အမွန္ပါ။ ဆူးပုပ္ဘဲဥေျကာ္ေလးနဲ႕ဆိုရင္အသာေလး ထမင္း၂ပန္းကန္ေလာက္ကုန္နုိင္ပါတယ္။ စားျပီးလို႕ မတရားေတြ
အိပ္ငိုက္ရင္ေတာ႔တာ၀န္မယူပါဘူးေနာ္ 😛
(၃) ေဂြးေတာက္ရြက္ဘဲဥ/ျကက္ဥေျကာ္
အခါးဓာတ္မ်ားတဲ႔ ေဂြးေတာက္ရြက္ကိုလည္းျကက္ဥ ဘဲဥနဲ႕ ေရာေျကာ္စားမယ္ဆုိရင္ က်န္းမာေရးလည္းညီညြတ္သလို ခါးခါးျကီးျဖစ္မေနေတာ႔ပဲ
အရသာရွိရွိေလးလည္းစားနုိင္ပါတယ္။ ဒါေျကာင္႔က်န္းမာေရးအရလည္းေဂြးေတာက္ရြက္ေလးစားခ်င္တယ္၊ အခါးျကီးသီးသန္႕လည္းမျကိုက္ဘူးဆိုရင္ေတာ႔
ဒီလုိျကက္ဥ ၊ဘဲဥေလးနဲ႕ေရာျပီး ေျကာ္စားလုိ႕ရပါတယ္။


(၄) ျကက္ဥဟင္းခ်ိဳ
ျကက္ဥဟင္းခ်ိဳလုိ႕ေျပာရင္ သိပ္သိသူရွိမယ္မထင္ပါဘူး။ ျကက္ဥကို ဟင္းခ်ိဳခ်က္စားတဲ႔သူကလည္းရွားသကိုး။
ျကက္ဥဟင္းခ်ိဳကို ဘယ္လုိေတြခ်က္လို႕ရလဲ? ျကက္ဥနဲ႕ ခ၀ဲသီးနဲ႕ကို ဟင္းခ်ိဳခ်က္တာမ်ိဳး၊ မုန္ညွင္းရြက္ဟင္းခ်ိဳထဲ ျကက္ဥေဖာက္ထည္႔ျပီးဟင္းခ်ိဳလုပ္တာ
မိ်ဳးေတြဟာ ျကက္ဥေဖာက္ထားတဲ႔ျကက္ဥဟင္းခ်ိဳပါပဲ။ ဒီလိုဟင္းခ်ိဳေလးေတြကို အထူးသျဖင္႔အရက္ေသာက္ထားတဲ႔သူ၊ အရက္နာက်ေနတဲ႔သူေတြ
ပိုျပီးေသာက္တတ္ျကပါတယ္။ ဒီလုိဟင္းရည္ေလးေတြက ရင္ေအးရင္ေခ်ာင္ေစတဲ႔ဟင္းရည္ေလးေတြမလို႕ က်န္းမာေရးအတြက္လည္းသင္႔ေတာ္ပါတယ္။
(၅) ျကက္ဥအစာသြပ္
ျကက္ဥကို ေနာက္ထပ္လုပ္စားလုိ႕ရတာ တစ္ခုက အစားသြပ္စားတာပါ။ ျကက္ဥျပဳတ္ထဲက အနွစ္ေတြကို
နွစ္ျခမ္းခြဲျပီးထုတ္လုိက္ပါ။ အနွစ္နဲ႕ ကိုယ္အစာသြပ္ခ်င္တဲ႔ အသားေတြကိုေရာနယ္ျပီးခ်က္ျပဳတ္ေပါင္းတစ္ခုခုလုပ္ပါ။ က်က္လာျပီဆုိရင္ေတာ႔
ခြဲထားတဲ႔ျကက္ဥအခြံထဲကို ျပန္အစာသြပ္ျပီးအေပၚကေန ငရုတ္သီး အခ်ဥ္ေဖ်ာ္(သို႕) ေဆာ႕စ္တစ္ခုခုကို အနည္းငယ္ေလာင္းေပးပါ။
ဒါဆုိရင္ေတာ႔စားလုိ႕ ေကာင္းတဲ႔ ျကက္ဥအစာသြပ္ေလးရရွိပါျပီ။

Unicode

ဘဲဥကြက်ဥ ကြိုက်တဲ့ ဥသရဲတွေအတွက် ဘဲဥကြက်ဥကို သူ့ချည်းပဲချက်ပြုတ်တာမျိုးမဟုတ်ပဲ တစ်ခြားအရာတွေနဲ့တွဲဖက်ချက်ပြုတ်ကြော်ပေါင်း ပြုလုပ်လိုက်မယ်ဆိုရင် ဘယ်လိုအရသာကောင်းတွေရလာနိုင်သလဲဆိုတာ Sharing လုပ်ပေးချင်ပါတယ်။ဘဲဥကြက်ဥတွေကို တစ်ခြားအရာတွေနဲ့ရောပြီးဘယ်လိုစားကောင်းအောင်ချက်လို့ရသေးလဲ?…ဘာဟင်းစားရမလဲလို့ ခေါင်းစားလာတဲ့တစ်နေ့ကျရင်လွယ်လည်းလွယ်စားလို့လည်းမြိန်တဲ့ ဒါမျိုးလေးတွေကိုချက်စားရအောင်…(၁) ကြက်ဥဘဲဥသုပ်ကြက်ဥဘဲဥကို ဒီတိုင်းကြော်စားရတာ သူ့ချည်းပဲရိုးလာတဲ့အခါ ပြုတ်ပြီး ပဲဆီလေး၊ ဆားလေးနဲ့နယ်ပြီးကြက်သွန်လေးနဲ့သုပ်စားလို့ရ့ပါတယ်။ ရိုးရိုးကြက်ဥပြုတ်၊ ဘဲဥပြုတ်ထက်စာရင် အခုလိုကြက်သွန်လေးဆီလေးနဲ့သုပ်စားခြင်းကပိုပြီးထမင်းစားမြိန်စေပါတယ်။(၂) ဆူးပုပ်ရွက်ဘဲဥကြော်ဆူးပုပ်ရွက်ကို ဘဲဥ(သို့) ကြက်ဥနဲ့ ကြော်စားဖူးကြလား???မစားဘူးသေးဘူးဆိုရင်တော့စားကြည့်လိုက်ကြပါနော်။ ဆူးပုပ်ရွက်ရဲ့အနံ့ကို မကြိုက်လို့မစားဘူးလို့ ခံယူထားတဲ့ကိုယ်တောင် ဘဲဥ၊ကြက်ဥလေးနဲ့များရောကြော်လိုက်ရင် ဘယ်လိုတွေတောင်ကြိုက်မှန်းမသိဖြစ်သွားတာ အမှန်ပါ။ ဆူးပုပ်ဘဲဥကြော်လေးနဲ့ဆိုရင်အသာလေး ထမင်း၂ပန်းကန်လောက်ကုန်နိုင်ပါတယ်။ စားပြီးလို့ မတရားတွေအိပ်ငိုက်ရင်တော့တာဝန်မယူပါဘူးနော် :-P(၃) ဂွေးတောက်ရွက်ဘဲဥ/ကြက်ဥကြော်အခါးဓာတ်များတဲ့ ဂွေးတောက်ရွက်ကိုလည်းကြက်ဥ ဘဲဥနဲ့ ရောကြော်စားမယ်ဆိုရင် ကျန်းမာရေးလည်းညီညွတ်သလို ခါးခါးကြီးဖြစ်မနေတော့ပဲအရသာရှိရှိလေးလည်းစားနိုင်ပါတယ်။ ဒါကြောင့်ကျန်းမာရေးအရလည်းဂွေးတောက်ရွက်လေးစားချင်တယ်၊ အခါးကြီးသီးသန့်လည်းမကြိုက်ဘူးဆိုရင်တော့ဒီလိုကြက်ဥ ၊ဘဲဥလေးနဲ့ရောပြီး ကြော်စားလို့ရပါတယ်။(၄) ကြက်ဥဟင်းချိုကြက်ဥဟင်းချိုလို့ပြောရင် သိပ်သိသူရှိမယ်မထင်ပါဘူး။ ကြက်ဥကို ဟင်းချိုချက်စားတဲ့သူကလည်းရှားသကိုး။ကြက်ဥဟင်းချိုကို ဘယ်လိုတွေချက်လို့ရလဲ? ကြက်ဥနဲ့ ခဝဲသီးနဲ့ကို ဟင်းချိုချက်တာမျိုး၊ မုန်ညှင်းရွက်ဟင်းချိုထဲ ကြက်ဥဖောက်ထည့်ပြီးဟင်းချိုလုပ်တာမျိုးတွေဟာ ကြက်ဥဖောက်ထားတဲ့ကြက်ဥဟင်းချိုပါပဲ။ ဒီလိုဟင်းချိုလေးတွေကို အထူးသဖြင့်အရက်သောက်ထားတဲ့သူ၊ အရက်နာကျနေတဲ့သူတွေပိုပြီးသောက်တတ်ကြပါတယ်။ ဒီလိုဟင်းရည်လေးတွေက ရင်အေးရင်ချောင်စေတဲ့ဟင်းရည်လေးတွေမလို့ ကျန်းမာရေးအတွက်လည်းသင့်တော်ပါတယ်။(၅) ကြက်ဥအစာသွပ်ကြက်ဥကို နောက်ထပ်လုပ်စားလို့ရတာ တစ်ခုက အစားသွပ်စားတာပါ။ ကြက်ဥပြုတ်ထဲက အနှစ်တွေကို နှစ်ခြမ်းခွဲပြီးထုတ်လိုက်ပါ။ အနှစ်နဲ့ ကိုယ်အစာသွပ်ချင်တဲ့ အသားတွေကိုရောနယ်ပြီးချက်ပြုတ်ပေါင်းတစ်ခုခုလုပ်ပါ။ ကျက်လာပြီဆိုရင်တော့ခွဲထားတဲ့ကြက်ဥအခွံထဲကို ပြန်အစာသွပ်ပြီးအပေါ်ကနေ ငရုတ်သီး အချဉ်ဖျော်(သို့) ဆော့စ်တစ်ခုခုကို အနည်းငယ်လောင်းပေးပါ။ဒါဆိုရင်တော့စားလို့ ကောင်းတဲ့ ကြက်ဥအစာသွပ်လေးရရှိပါပြီ။

 

 

 

 

 

 

 

 

 

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.