Unicode
ကျွတ်လွန်းအားကြီးတဲ့ ဆံသားတွေကို စိတ်ညစ်လွန်းအားကြီးလွန်းလို့ စိတ်ပျက်နေပြီလား။ ဆံပင်တွေကျွတ်တာဟာသိပ်ကိုမုန်းတီးနှမြောဖို့ကောင်းတဲ့အရာကြီးပါပဲ… 🙁 တစ်ချို့သောနည်းလမ်းကောင်းလေးတေ ွကသင့်ရဲ့ ကတုံးတုံးချင်စိတ်ကိုအချိန်မှီကယ်တင်ပေးနိုင်ပါသေးတယ်နော်…(၁) ကိုယ့်ဆံသားနဲ့သင့်တော်တဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်သုံးပါ
ကိုယ့်ဆံသားနဲ့သင့်တော်တဲ့ ခေါင်းလျှော်ရည်မျိုး၊ ခေါင်းလိမ်းဆီမျိုးကိုသာသုံးပါ။ စျေးကြီးတာ စျေးနည်းတာနဲ့မဆိုင်ပဲ ကိုယ့်ဆံသားနဲ့ကိုက်ညီမဲ့အရာမျိုးကိုရွေးချယ်သုံးတတ်ပါစေ။(၂) စိတ်ဖိစီးမှုကိုလျော့ချပါ
စိတ်ဖိစီးမှုများလွန်းအားကြီးရင်ဆံသားတွေကပိုပြီးအကျွတ်မြန်စေပါတယ်။ ဒါကြောင့်ဆံသားကျွတ်ခြင်းကို အမှန်တကယ်လျော့ချချင်ရင် စိတ်ဖိစီးမှုတွေကိုလည်းတတ်နိုင်သမျှဖြေလျော့ပေးဖို့လိုပါတယ်။(၃) ခေါင်းမ ခြောက်ခင်မှာလုံးဝမဖြီးပါနဲ့
ခေါင်းမခြောက်သေးခင် ရေစိုစိုကြီးဖြစ်နေချိန်မှာခေါင်းလုံးဝမဖြီးပါနဲ့။ ဆံသားကို အမှန်တကယ်ပျက်စီးစေတဲ့အပြင် မခြောက်သေးပဲသုတ်တာဟာသိပ်ကိုဆံပင်အကျွတ်များစေပြီးကြာရင် ထိပ်ကွက်သွားတာမျိုးတွေထိဖြစ်လာနိုင်ပါတယ်။(၄) ခေါင်းလျှော်တဲ့အခါ ရေကို မှန်ကန်စ ွာရေ ွးချယ်ပါ
ခေါင်းလျှော်တဲ့အခါရေကို အရမ်းပူတာကြီးနဲ့လည်းမလျှော်မိပါစေနဲ့။ဦးရေပြားဆိုတာနုနုလေးပါ။ ဒီလိုနုယွလှတဲ့ဦးရေးပြားကို အရမ်းပူလွန်းတဲ့ရေတွေ၊ ပူလွန်းတဲ့ခေါင်းလျှော်ရည်တွေနဲ့လျှော်တာမျိုးမလုပ်မိပါစေနဲ့။(၅) ကြက်ဥနဲ့ေ ပါင်းတင်ပေးပါ
ကက်ဥနဲ့ပေါင်းတင်ပေးပါ၊ ကြက်ဥနဲ့ပေါင်းတင်ပေးခြင်းဟာဆံသားကို ပိုမိုသန်မာလာပြီးနက်မှောင်စေတာအမှန်ပါပဲ။ ဒါပင်မဲ့ကြက်ဥမှာပါတဲ့ဓာတ်တွေဟာဆံသားသာသန်စွမ်းစေပင်မဲ့ ခဏခဏလုပ်ရင်ဆံသားကိုနူးညံ့ခြင်းမရှိတော့တာကြောင့်တစ်ပတ်တစ်ခါလောက်သာလုပ်ပေးသင့်ပါတယ်။