ပိန်သွယ်သွယ် စူပါမော်ဒယ် Liu Wen ဟာ Coach ရဲ့ Spring 2014 campaign အတွက် အနောက်တိုင်း စူပါမော်ဒယ် Karlie Kloss နဲ့ တွဲဖက်ပြီးတော့ အမေရိကန်ရဲ့ နာမည်ကြီး brand တွေကို ၀တ်ဆင်ပြီး ဓါတ်ပုံရိုက်ခဲ့ပါတယ်။
၂၀၁၄ နွေဦးရာသီအတွက် Coach ရဲ့ စတိုးဆိုင်တွေကို အခုမှရောက်ရှိလာတဲ့ ဒီဇိုင်းအသစ် အိတ်အတွက် Liu Wen က နယူးယောက်မြို့ရဲ့ မက်ဟမ်တမ်မှာ အခုလို ပျော့ပြောင်းတဲ့အသွင်နဲ့ ရိုက်ကူးခဲ့ပါတယ်။
နယူးယောက်အခြေစိုက် တရုတ်စူပါမော်ဒယ်ဟာ နေရောင်ခြည်ဖြာနေတဲ့ မက်ဟမ်တမ်ရဲ့ လမ်းတွေပေါ်မှာ စူပါမော်ဒယ် Karlie Kloss နဲ့တွဲလို့ လူငယ်အသွင် ပီပြင်အောင် ရိုက်ပြသွားနိုင်ခဲ့ပါတယ်။
ဒီပုံတွေမှာ စူပါမော်ဒယ် ရွေးချယ်သုံးသွားတဲ့ အိတ်တွေဒီဇိုင်းတွေကတော့ ဆောင်းဦး ၊ ဆောင်းနဲ့ နွေဦး ရာသီတွေအတွက် ရည်ရွယ်ပြီး Coach က ထုတ်လုပ်ထားတဲ့ အိတ်တွေဖြစ်ပါတယ်။ ဒီနှစ်အတွက် ဘယ်လိုအိတ်အမျိုးအစား ရွေးချယ်ရမလဲဆိုတာ ခေါင်းစားနေတဲ့ သူတွေကတော့ ဒီအိတ်တွေကို ကြိုက်နှစ်သက်လိမ့်မယ် ထင်ပါတယ်။
လိုချင်သူများအနေနဲ့ စင်္ကာပူနိုင်ငံကို ရောက်ရှိနေပြီဖြစ်လို့ ရှော့ပင်းထွက်လို့ရပါပြီ။ အွန်လိုင်းကနေ မှာယူလိုတယ်ဆိုရင် singapore.coach.com မှာ ၀င်ရောက်မှာယူနိုင်ပြီး အသစ်အသစ်သော ဒီဇိုင်းများကို စောင့်ကြည့်လိုတယ်ဆိုရင်တော့ Coach ရဲ့ facebook နဲ့ Twitter တို့မှာ follow လုပ်ပြီး စောင့်ကြည့်နိုင်ပါတယ်။
Ref:herworldplus