ဒုတိယကမ္ဘာစစ်ကာလက ပြတိုက်ဒါရိုက်တာတွေ၊ ပြတိုက်တာဝန်ရှိသူတွေ အနုပညာပိုင်းဆိုင်ရာ သမိုင်းသုတေသီတွေနဲ့ဖွဲ့စည်းထားတဲ့ မဟာမိတ် တပ်ဖွဲ့တစ်ခုဟာ ဂျာမနီနိုင်ငံကိုသွား၊ နာဇီတွေခိုးယူထားတဲ့ ဂန္တ၀င်အနုပညာပစ္စည်းတွေကို ပြန်လည်ရယူပြီး ပိုင်ရှင်တွေလက်ထဲပြန်အပ်တဲ့ အကြောင်းကိုအဓိကတင်ပြထားတာဖြစ်ပါတယ်။
စာရေးဆရာ Robert M, Edsel ရဲ့စာအုပ် The Momuments Men: Allied Heroes, Nazi Thieves and the Greatest Treasure Hunt in History စာအုပ်ကိုအခြေခံထားတာဖြစ်ပါတယ်။ အမေရိကန်-ဂျာမန် ဟာသ ဒရာမာဇာတ်ကားဖြစ်ပြီး ဒါရိုက်တာကတော့ မင်းသားကြီး George Clooney ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ George Clooney, Matt Damon, Bill Murray, John Goodman, Jean Dujardin, Bob Balaban, Hugh Bonnevill နဲ့ Cate Blanchett တို့ဖြစ်ပါတယ်။
ရုပ်ရှင် trailer ကိုအောက်က link မှာကြည့်ရှုနိုင်ပါတယ်။
Ref:imdb
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။