အင်္ဂလိပ်စာကို အထာကျကျပြောတတ်ချင်တယ်ဆိုရင်…

ကိုယ့်ရဲ့မိခင်ဘာသာစကားကလွဲရင် အခြားဘာသာစကားတွေကို သင်ယူရမှာ အစပိုင်းမှာတော့
အခက်ခဲဆိုတာ ရှိစမြဲပါ။ ဒါပေမယ့်လည်း အချို့ သူတွေများ အင်္ဂလိပ်လိုပြောတာများ အဆင်ကို
ချောလို့။ သူတို့ကိုတွေ့တိုင်း သင်အားကျနေရတယ်မလား။ ငါလည်း ဒီလိုပြောတတ်ချင်လိုက်တာ
လို့ စိတ်ထဲမှာ တွေးနေရောပေါ့။

Image result for learning english

ဟုတ်ပါပြီ… အင်္ဂလိပ်လိုပြောတတ်ချင်တယ်ဆိုရင် ဒါလေးတွေ အရင်ဆုံးကိုယ့်ကိုကိုယ် ဆန်းစစ်
ကြည့်ပါ။ သင်အင်္ဂလိပ်စာကို လေ့လာနေတာ ဘယ်လောက်ကြာပြီလဲ ?
Vocabulary နဲ့ Grammar တွေအများကြီး လေ့လာပြီးတောင် စကားပြောရာမှာ အခက်ခဲရှိနေ
တယ်လို့ သင်ထင်တယ်မလား။

ဒါဆို ဒီလိုအခြေအနေကြီးကို ဘယ်လိုပြောင်းလဲမလဲ ?
အဲ့ဒီနေရာကနေ ထွက်လာလိုက်ပါ… အင်္ဂလိပ်အရည်သွေးတိုးတက်လာအောင်လုပ်နိုင်တဲ့
နည်းတွေ အများကြီးပါ။ အချိန်တိုတွင်းပြောတတ်ချင်တယ်ဆိုရင်တော့ တွေ့သမျှလူတိုင်းနဲ့
အင်္ဂလိပ်လိုသာ လိုက်ပြောပါ။

အင်္ဂလိပ်လိုပြောတတ်ဖို့ဆိုတာ မင်းကိုယ်တိုင်ပါးစပ်က အင်္ဂလိပ်လိုပြောနေဖို့လိုတယ်။
စာတွေ လေ့လာနေရုံနဲ့မရဘူး။ ပြောစရှိမှ ပါးစပ်ကသွက်မှာပါ။ အင်္ဂလိပ်စာဖတ်ရင်
သင့်ရဲ့အဖတ်စွမ်းရည်ပဲ တိုးတက်မှာပါ။ များများ နားထောင်လေ နားရည်ဝလေ ဆိုတော့ …
ပြောပါများမှ အင်္ဂလိပ်စကားက ပြောတတ်မှာပါ။

Image result for learning english

အင်္ဂလိပ်စကားပြောတယ်ဆိုတာ အထပ်အခါခါ လေ့ကျင့်နေဖို့လိုပါတယ်။ စာအုပ်ထဲကနေ
လေ့လာနေလို့ မရဘူးနော်။ ပုံမှန်အတိုင်း ပြောနေရုံပါပဲ။ တကယ်လို့ ကိုယ့်ပတ်ဝန်းကျင်မှာ
အင်္ဂလိပ်စကားပြောမယ့်သူမရှိရင် ရှိတဲ့ပတ်ဝန်းကျင်ကို သွားပါ။ ဥပမာ သင်တန်း ၊ နိုင်ငံခြားသား
တွေ အလာများနေရာတွေပေါ့။ တကယ့်နိုင်ငံခြားသားတွေနဲ့ စကားပြောမယ်ဆိုရင် ပိုထိရောက်
ပါတယ်။ နားထောင်အားလည်း ကောင်းသွားမယ်ပေါ့။

အဓိက တွန်းအားရှိနေဖို့လိုတယ်။ ကိုယ့်အသိစိတ်နဲ့ ကိုယ်ပြောမထွက်ဘူးဆိုရင် တွန်းအားပေးနိုင်
တဲ့ သင်တန်းဖြစ်ဖြစ်သွားပြီး ပြောနိုင်အောင် ကိုယ့်ကိုကိုယ်တွန်းပို့ပါ။ တစ်ပတ်ကိုမှ အချိန်
၂-၃ နာရီလောက်ပဲ အင်္ဂလိပ်စကားပြောကြည့်ပါ။ တကယ် တိုးတက်ပါတယ်။ အချိန်ရရင် ရသလို
အမြဲ လေ့ကျင့်နေရင်တော့ ပိုကောင်းတာပေါ့။

Image result for learning english

ပြောရမှာကို မရှက်ပါနဲ့။ ရှက်နေရင် အလုပ်မဖြစ်ပါဘူး။ ရှက်လို့ ၊ ခက်လို့ မပြောဘူးဆိုရင်
တစ်သက်လုံးမပြောပဲ နေမှာလား ။ လူတိုင်းမှားတတ်ကြတာပဲ။ မှားလည်း ရဲရဲသာပြော ။
ဘာမှမဖြစ်ပါဘူး။ အဓိက ပါးစပ်ကပြောထွက်ဖို့ပဲလိုပါတယ်။ မှားသွားလို့ဆိုပြီး
စိတ်အားမငယ်ပါနဲ့။ နောက်တစ်ခါမမှားအောင် ဘယ်လိုလုပ်မလဲဆိုတာ သင်ယူပေါ့။

အင်္ဂလိပ်သီချင်းတွေ များများနားထောင်ပါ။ ရုပ်ရှင်ကြည့်ရင် အင်္ဂလိပ်စာတန်းထိုးပါတာ ကြည့်ပါ။
ပြီးရင် လေ့ကျင့်။ ဒီနည်းလမ်းက သင့်ကိုအများဆုံး အတတ်မြန်စေပါတယ်… အင်္ဂလိပ်စာကို
အခက်ခဲမရှိ ပြောနိုင်ကြပါစေလို့….

37 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.