မနက်ဖြန်မှာ ကျရောက်မယ့် မွေးနေ့မှာ အလှူအတန်း ပြုလုပ်သွားမယ်လို့ ဆိုတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် ထွန်းကိုကို

388644_463131513759491_1061707352_n.jpg

မော်ဒယ်လ်၊ သရုပ်ဆောင် ထွန်းကိုကိုနဲ့ တွေ့ဆုံခိုက် သူ့ရဲ့လတ်တလော အနုပညာလှုပ်ရှားမှုတွေ အပြင် မနက်ဖြန် ၁၆ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့မွေးနေ့ လှူဒါန်းမှုအကြောင်း မေးမြန်းကြည့်ဖြစ်တဲ့အခါ ‘လတ်တလောမှာတော့ နွံနဲ့မညစ်တဲ့နွံနစ်ကြာဆိုတဲ့ ဗီဒီယို ဇာတ်ကားလေးကို အေးမြတ်သူနဲ့ ရိုက်နေပါတယ်။ ဒါရိုက်တာကတော့ မလိခ စိုးထိုက်အောင်ပါ။ နောက်ပြီး ကျွန်တော်ရိုက်ထားတဲ့ ဗီဒီယိုဇာတ်ကား ၇ကားလောက်ရှိပါပြီ။ ပရိသတ်ရှေ့ကိုတော့ ချမပြရသေးပါဘူး။ ပြီးရင် တီဗီကြော်ငြာတွေ ရိုက်ဖို့ရှိပါမယ်။ ဗီစီဒီတွေ ရိုက်ဖို့ရှိပါမယ်’လို့ သူက ပြောပါတယ်။ မနက်ဖြန် ဇန်နဝါရီ၁၆ရက်မှာ ကျရောက်မယ့် သူ့မွေးနေ့နဲ့ ပတ်သက်ပြီးတော့လည်း ‘ကျွန်တော့်ရဲ့မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ အကျွေးအမွေးကို အကြီးအကျယ်ကြီး မလုပ်ဖြစ်ပေမဲ့ ပဲခူးမှာရှိတဲ့  ပရဟိတ မိဘမဲ့ကလေးကျောင်းကို သွားပြီးတော့ ကျွန်တော့်ရဲ့ပုံပါတဲ့ အဝတ်အစားတွေ၊ ဆေးဝါးတွေနဲ့ သူတို့လေးတွေအတွက် လိုအပ်မဲ့ ပစ္စည်းလေးတွေကို လှူဒါန်းသွားမယ်။ ကျွန်တော့် မွေးနေ့အကြို အဖြစ် သွေးလှူဖြစ်ပါသေးတယ်။ သွေးလှူတာကတော့ အရင်ကတည်းက လှူဖြစ်ပါတယ်။ ပဲခူးမှာ တစ်ယောက်ယောက် အသည်းအသန်ဖြစ်လို့ အရေးတကြီးသွေးလိုတယ်လို့ ဆိုပြီး ကိုယ့်ဆီ အကူအညီ လာတောင်းရင် လှူဖြစ်တယ်လေ။ အခုလို မွေးနေ့အတွက် သွေးလှူဒါန်းမှုပြုတာကတော့ ပထမဆုံးပါပဲ။  သွေးလှူရတာ အမွန်မြတ်ဆုံးပါပဲ။ ဘယ်လိုအရာတွေနဲ့မှ အစားထိုးပေးလို့ လည်းမရပါဘူး။ ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကိုယ့်ရဲ့သွေးသားကို လှူဒါန်းရတာလောက် မွန်မြတ်တာရှိမယ် မထင်ပါဘူး’လို့ သူက ဖွင့်ဟသွားခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.