အမြဲတမ်း စမတ်ကျကျလှနေဖို့ သိထားသင့်တဲ့နည်းလမ်းအသွယ်သွယ်

ဖက်ရှင်တွေကတော့ အမျိုးမျိုးပြောင်းလဲနေမှာပါပဲ။ဒါပေမဲ့ စတိုင်လ်ကျလှပဖို့ ဖက်ရှင်တစ်ခေတ်ပြောင်းတိုင်းလိုက်ပြောင်းစရာမလိုပါဘူး။ဘယ်လိုအ၀တ်အစား
မျိုးပဲဖြစ်ဖြစ် စတိုင်လ်ကျအောင်ဝတ်စားတတ်ရင် လူက အမြဲ စမတ်ကျနေမှာပါ။ဒါကြောင့် ပျိုမေတို့ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် စမတ်ကျလှပနေဖို့
သိထားသင့်တဲ့နည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်။

*ဘယ်လိုမျိုးစတိုင်လ်ကျအောင်ဝတ်ဆင်ရမလဲမသိရင် ကိုယ့်ရဲ့ခန္ဓာကိုယ်ပုံစံကိုအရင်သိအောင်လုပ်ပါ။ပြီးရင် ကိုယ့်ခန္ဓာကိုယ်ပုံစံနဲ့တူညီတဲ့
နာမည်ကျော်အနုပညာရှင်တစ်ယောက်ကိုရှာပြီး သူတို့ရဲ့ဝတ်ဆင်ပုံကို သင်လေ့လာနိုင်ပါတယ်။တစ်ထပ်တည်းကျအောင်ဝတ်တာထက်
သူတို့ဘယ်လိုတွဲဖက်ဝတ်ဆင်တတ်တယ်ဆိုတာကို သိထားရင်ပိုပြီးတော့ကောင်းပါတယ်။

*အဖြူရောင်ဝတ်စုံကို ၀တ်တော့မယ်ဆိုရင် ချက်ချင်းကောက်စွပ်ပြီးသွားတာထက် အရင်ဆုံးနေ့ခင်းဘက်မှာ ၀တ်ဆင်ကြည့်ပြီးမှန်ကြည့်ပါ။
ညမီးအလင်းရောင်နဲ့နေ့ခင်းအလင်းရောင်ဟာ ကွာခြားတဲ့အတွက် အတွင်းခံအကျီအရောင်ကိုသတိထားဝတ်ဆင်ဖို့လိုအပ်ပါတယ်။

*မီးပူတိုက်ပြီးတာနဲ့ အကျီကို ချက်ချင်းတန်းမ၀တ်ပါနဲ့။မိနစ်အနည်းငယ်လောက် စောင့်ပြီးမှဝတ်ဆင်ပါ။ချက်ချင်းဝတ်ဆင်မယ်ဆိုရင်
အကျီက မီးပူမတိုက်ခင်ကထက်တောင် ပိုပြီးတွန့်ကြေသွားနိုင်ပါတယ်။

*သင့်ကိုစတိုင်လ်ကျစေမယ့်အရာသုံးခုကိုလည်းသိထားဖို့လိုပါတယ်။အဲ့ဒါတွေက ဘာတွေလဲဆိုတော့ အနက်ရောင်နေကာမျက်မှန်၊သားရေ
လွယ်အိတ်၊သားရေရှူးဖိနပ်တို့ပဲဖြစ်ပါတယ်။အပြင်ထွက်တဲ့အခါ အဲ့ဒီအရာသုံးခုထဲက တစ်ခုလောက်တော့ပါသင့်ပါတယ်။

*အကျီအ၀တ်အစားကို အသက်အရွယ်နဲ့လိုက်ပြီးမရွေးချယ်ပါနဲ့။ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ပြီးသာရွေးချယ်ပါ။

*ဘာဝတ်ရမလဲမသိ ခေါင်းစားနေရင်တော့ ရှပ်အကျီအဖြူ၊အနက်ရောင်ဘောင်းဘီကို ၀တ်ပြီး အနီရောင်နှုတ်ခမ်းနီလေးသာ ဆိုးသွားလိုက်ပါ။
ဒီလိုအတွဲအစပ်ဟာ ဘယ်တော့မှမရိုးသွားသလို အမြဲလည်းစတိုင်လ်ကျနေတဲ့အပြင်အဆင်ဖြစ်ပါတယ်။

*ခေါင်းမလျှော်ရသေးတာမျိုး၊ဆံပင်တွေပုံမကျသေးတဲ့အခါမျိုးမှာ ဆံပင်ကိုခပ်မြင့်မြင့်လေးသာစီးပြီး ရှူးဖိနပ်အပါးလေးရွေးချယ်စီးသွားပါ။အဲ့ဒီလိုအပြင်အဆင်ကလည်းသင့်ကို ချစ်စဖွယ်ကောင်းစေပါတယ်။

*သင်ဟာ ဖက်ရှင်တွေ၊အလှအပတွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားသူဆိုရင် နှုတ်ခမ်းနီ အနီနဲ့ပန်းရောင်ဖျော့ဖျော့လေးကတော့ မရှိမဖြစ်ပိုင်ဆိုင်ထားသင့်သလို အဖြူရောင်ရှပ်အကျီနဲ့ ဘောင်းဘီအနက်တစ်ထည်ကိုလည်း မဖြစ်မနေ၀ယ်ထားသင့်ပါတယ်။အဖြူရောင်ရှပ်နဲ့ဘောင်းဘီအနက်ဟာ ဘယ်လိုအရောင်နဲ့ဖြစ်ဖြစ် တွဖဲဖက်ဝတ်ဆင်နိုင်တဲ့အပြင် စတိုင်လ်ကျသပ်ရပ်တဲ့အရောင်လည်းဖြစပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.