“ကမ္ဘာအနှံ့ ဆက်သွယ်ကြိုးစားခဲ့ပြီး အောင်မြင်ခဲ့တဲ့ G-Dragon နဲ့ သူ့ရဲ့ Coup D’Etat (သို့) G-Dragon လုပ်ချလိုက်တဲ့ နိုင်ငံရေးအဓိကရုဏ်း ”

1187286_512744835472189_704557075_n.jpg

ကျွန်တော်တို့ရဲ့ digital cover story မှာ G-Dragon ရဲ့ စတိုင်တွေ လွှမ်းမိုးထားခဲ့ပါတယ်။  ဒါပေမဲ့  G-Dragon ဟာ  အဆိုတော်တစ်ယောက်ပါ။  ဒါပြီးမှ ဖက်ရှင်ပိုင်းမှာ အထင်ကရ ဖြစ်တယ်ဆိုတာကတော့  ဒုတိယပေါ့။   အာရှရဲ့  အကျော်ကြားဆုံး ငွေရောင်ကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့  အသက်(၂၅)နှစ်အရွယ်  ကိုရီးယားပေါ့ပ်အဆိုတော်  တစ်ယောက်ရဲ့ စွမ်းပကားဟာ နယ်နယ်ရရတော့  မဟုတ်ပါဘူး။

G-Dragon ရဲ့ နောက်ဆုံးပေါ် တီထွင်ဖန်တီးမှုဖြစ်တဲ့  Coup D’Etat အမည်ရှိတဲ့  အခွေဟာ ဒစ်ဂျစ်တယ်လ်စနစ်နဲ့  နှစ်ပိုင်းခွဲပြီး ထွက်ရှိခဲ့ပါတယ်။ Coup D’Etat ဆိုတဲ့စကားစုဟာ ပြင်သစ်ဘာသာစကားကနေ လာတာဖြစ်ပြီး  အင်္ဂလပ်လို Stroke of Stake, blow against the state, မြန်မာလိုဆိုရင်တော့  “လူနည်းစုတစ်စုကြောင့် ဖြစ်တဲ့  နိုင်ငံရေးအဓိကရုဏ်း” ပေါ့။ K-pop ပုံစံထဲကနေ  ခွဲထွက်ထားပြီး hip-hop, dubstep, rock, electro နဲ့ pop အစရှိတဲ့ ဂီတအမျိုးအစား အတော်များများကို  နှံ့နှံ့စပ်စပ်ရောနှော ထားတာကို  တွေ့ရပါတယ်။ Diplo, Baauer, Missy Elliott, Boys Noize နဲ့ Sky Ferreira စတဲ့သရုပ်ဆောင်တွေ၊ Producer(အသံသွင်းအင်ဂျင်နီယာတွေ)တို့ကလည်း ပါဝင်ကူညီထားပါတယ်။ G-Dragon ရဲ့ အမာခံအဖွဲ့ ဖြစ်တဲ့  ကိုရီးယားအခြေစိုက် စတားတွေကိုတော့ ပွဲမထုတ်ထားပါဘူး။

ကမ္ဘာလုံးဆိုင်ရာ  ပူးပေါင်းဖျော်ဖြေဖို့ အတွက်ဆိုရင်  ကမ္ဘာလုံးဆိုင်ရာ  အဆက်အသွယ်ကောင်းတွေ ရှိဖို့တော့လိုပါတယ်။ ဒါ့ကြောင့် G-Dragon ရဲ့ Coup D’Etat ကို ဖန်တီးဖို့အတွက်  အရေးပါသူတွေ အားလုံးနဲ့ ဖုန်းတွေ ပြော၊ e-mail တွေပို့၊ ဖုန်းmessageတွေပို့၊ လူလူချင်းတွေ့ စတာတွေလုပ်ပြီး စလုပ်ရာကနေ အဆုံးထိ ဗျာများခဲ့ရပါတယ်။ ဒီအစီအစဉ်ကြီး ဖြစ်မြောက်သွားတော့လည်း အရေးအပါဆုံး ပုဂ်္ဂိုလ် ဟာ G-Dragon ပဲပေါ့ဗျာ။

(Ref:complex)

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.