၂၀၁၃ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် မကြာသေးမီက ရွေးချယ်ခံထားရတဲ့ ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူးရော်နယ်ဒိုက အခုနွေရာသီဈေးကွက်အဖွင့်တုန်းက သူ့ ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြန်လာဖို့  စဉ်းစားခဲ့တယ်လို့  ၀န်ခံလိုက် ပါတယ်။
တင်္နလာနေ့ က ရွှေဘောလုံးဆု ရရှိအပြီး သတင်းထောက်တွေရဲ့ မေးခွန်းကို ဖြေကြားခဲ့တဲ့ ရော်နယ်ဒိုက
“ ရီယိုဖာဒီနန်က ကျွန်တော့်ကို ယူနိုက်တက်အသင်းဆီပြန်လာဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့တယ်ဆိုတာမှန်ပါတယ်။ ကျွန်တော်ကိုယ်တိုင် အခုနွေရာသီဈေးကွက်မှာ မန်ယူအသင်းဆီ ပြန်သွားဖို့ စဉ်းစားခဲ့ပါသေးတယ်။ ရီယိုဟာ ကျွန်တော့်ရဲ့အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ပါ။ မန်ယူအသင်းမှာ ကျွန်တော်တို့ အချိန်အကြာကြီးအတူကစားခဲ့ကြတယ်။ ပြီးတော့ ကျွန်တော် မန်ချက်စတာမှာ နေတုန်းကလည်း သူက ကျွန်တော့်ရဲ့ အိမ်နီးချင်းပါ” လို့ ပြောကြားခဲ့ပါတယ်။
“ ကျွန်တော်အမြဲတမ်း ယူနိုက်တက်အကြောင်းတွေးမိပါတယ်။ ယူနိုက်တက်ဟာ ကျွန်တော့်နှလုံးသားထဲမှာ ရှိနေတုန်းပါပဲ။ မန်ယူဟာ ကျွန်တော် ခြောက်နှစ်ကြာအောင် ကစားခဲ့တဲ့ ကလပ်ပါ။ ကျွန်တော် မန်ယူကို ချစ်ပါတယ်။”
ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ၂၀၀၈ ခုနှစ်တုန်းက သူ့ ရဲ့ ပထမဆုံး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (ရွှေဘောလုံးဆု) ကို ရရှိခဲ့တာဖြစ်ပြီး နောက်တစ်နှစ်မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ ကြေး ယူရို သန်း ၈၀ နဲ့  မက်ဒရစ်ကို ပြောင်းရွှေ့ ခဲ့တာဖြစ်ပါတယ်။
Ref: skysports