အခုခေတ် ဆယ်ကျော်သက်လေးတွေရဲ့အသည်းကျော် K-pop girl group ‘Blackpink’ က Lisa လေးဟာ အကဘုရင်မလို့ တင်စားကြရုံတင်မ ဖက်ရှင်ဆန်သူလေးဆိုလည်း မမှားပါဘူး။
သူမရဲ့ဖက်ရှင်တွေဟာ သာမန်မိန်းကလေးတွေ လိုက်ဝတ်လို့လည်းရသလို ပေါ့ပေါ့ပါးပါးလည်း
ဖြစ်တာမို့ … ကဲ .. Lisa လို ဖက်ရှင်ကျကြည့်ရအောင်လား…
မျက်လုံးလေး မှိတ်ပြီး ကိုယ့်ကိုကိုယ် အိုင်ဒေါတစ်ယောက်အဖြစ် မျက်လုံးထဲမြင်ယောင်ကြည့်လိုက်
ပါ။ ဘယ်လို ဗီရိုမျိုးကို ပိုင်ဆိုင်ချင်လဲ။ မလိမ်ပါနဲ့။ မိန်းကလေးတိုင်းကတော့ အကျီ င်္မျိုးစုံနဲ့
ခမ်းနားနေတဲ့ ဗီရိုလေးကို လိုချင်ကြမှာပေါ့။
အိုခေ.. ခုခေတ်မှာ အကျီ င်္အဝတ်စားတွေက နည်းနည်းတော့ ဈေးများလာတယ်။ ဒါပေမယ့်
ကိုယ်ရတဲ့လခထဲက တစ်လတစ်ထည်လောက်တော့ အနည်းဆုံးဝယ်နိုင်အောင် ဖယ်ထားလို့ရ
တယ်ဟုတ် ! စားချင်တာတွေ လှိမ့်စားဖို့ ပိုက်ဆံရှိပြီး ဖက်ရှင်ကျချင်ရင် အဝတ်စားဖိုးလည်း ဖယ်ထားရမှာပေါ့။
အခုပုံမှာဆို Amsterdam အလည်သွားတုန်းက ဝတ်ထားတဲ့ဖက်ရှင်ဆို သာမန်မိန်းကလေး
တစ်ယောက်လည်း ဝတ်ဆင်နိုင်ပါတယ်။ ကုတ် ၊ တီရှပ် အမည်းနဲ့ ဂျင်းဘောင်းဘီ ။ ကဲ ဒီထက်ရိုးရှင်းတာ ရှိဦးမလား။
အနက်ရောင်လေးက လူတစ်ယောက်ကို ဘယ်လောက်ထိ ဖက်ရှင်ကျစေလဲ ပုံထဲမှာသာ
Lisa ကိုကြည့်လိုက်ပါ။
Lisa ၀တ်လို့ အမည်းရောင်ကလှနေတာ မဟုတ်ဘူးနော်။ ဘယ်သူပဲဝတ်ဝတ်
အနက်ရောင်ဟာ လူတိုင်းနဲ့လိုက်ဖက်တယ်။ ကြည့်ကောင်းတယ်။ ပုံစံ ဒီဇိုင်းကိုသာ ကိုယ်နဲ့လိုက်
ဖက်တာမျိုး ရွေးချယ်တတ်ဖို့လိုတယ်။
အဝါရောင်လေးတွေကလည်း လူကို လင်းစေတယ်နော်။ အဝါရောင် Hoddie လေးက
လူငယ်တွေအကြိုက်ဖြစ်သလို ဖက်ရှင်လည်း တော်တော်ကျပါတယ်။
သူ့အချိန် သူ့အခါမှာ ဝတ်တတ်ဖို့လည်း လိုတာပေါ့။ ဒါဆို Lisa ရဲ့ဖက်ရှင်လေးတွေကိုကြည့်ပြီး ကိုယ်ဟာ ဘယ်လိုပုံစံ
နဲ့ လိုက်ဖက်မလဲဆိုတာ ရွေးချယ် ဆုံးဖြတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်…