ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အမိုက်စား accessory တွေ ဆင်ယင်ပြသွားခဲ့တဲ့ သူတွေ

item0.rendition.slideshowvertical.globes-accessories-first-slide.jpg

ရွှေကမ္ဘာလုံးဆုပေးပွဲကြီး ကျင်းပပြီးတဲ့နောက် ဘယ်လိုဖက်ရှင်စတိုင်လ်မျိုးတွေက အမိုက်စားဖြစ်သလဲ၊ ဘယ်လို အဆင်တန်ဆာမျိုးတွေက အကောင်းဆုံးဖြစ်သလဲဆိုတဲ့ စာရင်း ထွက်ရှိလာခဲ့ပါပြီ။ အမိုက်စား ၀တ်စားဆင်ယင်သူတွေထဲက ပရိသတ်လည်း မျက်စိကျ၊ အကောင်းဆုံးစားရင်းဝင်း accessory တွေကတော့

၁။ Zooey Deschanel ရဲ့ ပုလဲစီခြယ် ရှုးဖိနပ်လေးပါ။ ဟိုးအရင် 80 ခေတ်တုန်းက ဖိနပ်ဒီဇိုင်းမျိုးဖြစ်တာကြောင့် အားလုံးရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တဲ့ ဖိနပ်လေးပါ။

၂။Leslie Mann ရဲ့ လက်ကိုင်အိတ်လေးကလည်း ချစ်စရာကောင်းသလို သူမရဲ့ ဖက်ရှင်နဲ့လည်း အံဝင်ခွင်ကျ ဖြစ်နေခဲ့ပါတယ်။ ဒီနေ့ခေတ်အနေနဲ့ဆို ဒီလို လက်ကိုင်အိတ်မျိုး ကိုင်တဲ့သူရှားသွားပါပြီ။ iPhone ထည့်ဖို့တောင် မဆန့်တဲ့ ဒီလို လက်ကိုင်အိတ်ကို ရွေးချယ်ခဲ့တဲ့ သူမရဲ့ အိုင်ဒီယာကလည်း အဆန်းပါပဲ။

၃။Emma Watson ရဲ့ အနီရောင် dress ကို ပံ့ပိုးပေးထားတဲ့ ခရမ်းရောင်ဖိနပ်လေးကလည်း တော်တော်လေး မိုက်ပါတယ်။ သူမရဲ့ ၀တ်စုံကိုနောက်ကျောဘက်က ကြည့်လိုက်ရင် သူများတွေနဲ့ ကွဲပြားနေတာကတော့ dress အောက်မှာ ဘောင်းဘီခံဝတ်ထားတာပါပဲ။

၎။Emma Roberts ရဲ့ နားစွဲကတော့ သူမကို မြင်ရုံနဲ့ ထင်းကနဲ လင်းကနဲ ပါပဲ။ အလွန်အကျွံပြင်ဆင်မလာတဲ့ သူမရဲ့ ဖက်ရှင်ကို ပံ့ပိုးပေးခဲ့တဲ့ အရာဆိုရင်လည်း မမှားပါဘူး။

၅။Amy Adams ၀တ်ဆင်လာတဲ့ dress မျိုးနဲ့ဆို သူဆွဲလာတဲ့ ဆွဲကြိုးနဲ့ဆွဲသီးမျိုးနဲ့ ဘယ်လိုမှ လိုက်ဖက်မှာ မဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ကြပါတယ်။ သူမ ၀တ်ဆင်လာချိန်မှာတော့ အားလုံးက စတိုင်ကျလိုက်တာလို့ ဖြစ်သွားရတဲ့အထိပါပဲတဲ့။

၆။Jennifer Lawrence  ရဲ့ ကျောက်စိမ်းနားစွဲလေးကတော့ အမြင်ဆန်းစေတာပေါ့။ သူမကိုယ်တိုင်ကလည်း နားစွဲတွေ ကြိုက်နှစ်သက်သူဆိုတော့ ဆံပင်ပုံစံလေးနဲ့ လိုက်ဖက်၊ ၀တ်ထားတဲ့ dress လေးနဲ့လည်း လိုက်ဖက်လှတဲ့ နားစွဲက ဒီပွဲအတွက် သူမရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။

၇။Red Carpet မှာ အနုပညာရှင်တွေ အလုပ်အနည်းဆုံးဖြစ်တဲ့ နားကပ်တစ်ဖက်တည်းပန်ထားတဲ့ စတိုင်လ်မျိုးကို Emma Watson က လုပ်ပြသွားခဲ့ပါတယ်။ ပန်ထားတဲ့ နားကပ်က ပုလဲအမျိုးအစားဖြစ်ပြီး သူမ ဒီလိုဝတ်ဆင်လာခြင်းမျိုးကို အားလုံးက အံ့သြနေကြပါတယ်။

Ref:luckymag.com

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.