ဒီထဲမှာ တရုတ်နိုင်ငံသား ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်တစ်ဖြစ်လဲ ဒါရိုက်တာ ဂျက်ကီချန်းနဲ့ ကိုရီးယား စတားတွေဖြစ်တဲ့ Siwon , Jessica နဲ့ Narsha တို့ကို အတူတွဲပြီး တွေ့ရမှာဖြစ်ပါတယ်။
ဂျက်ကီချန်းက ကိုရီးယားမှာရှိတဲ့ သူ့ရဲ့ fans တွေနဲ့တွေ့ဆုံဖို့ လာမှာဖြစ်ပြီး သူနဲ့ ရင်းနှီးတဲ့ အနုပညာအသိုင်းအ၀ိုင်းထဲက Super Juniorရဲ့ Siwon , Girl Generation ရဲ့ Jessica , Brown Eyed Girls Narsha တို့နဲ့ တွေ့ဆုံဖြစ်ပုံကို “Jackie Chan and Friends” ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
Siwon ဟာ ဂျက်ကီချန်းနဲ့ ကောင်းစွာသိတဲ့သူ တစ်ဦးဖြစ်ပြီး ၂၀၁၃ ဖေဖေါ်ဝါရီလက ထုတ်လွှင့်ခဲ့တဲ့ “Running Man” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ အတူတွဲသရုပ်ဆောင်ခဲ့သူပါ။ Narsha ဟာ ဂျက်ကီချန်းရဲ့ မိသားစုနဲ့လည်း ရင်းနှီးပါတယ်။ Jessica ကတော့ ဂျက်ကီချန်းနဲ့ ပုဂ္ဂိုလ်ရေးပိုင်းအရ ရင်းနှီးပါတယ်။ ဒီဧည့်သည်တွေအားလုံးဟာ သူတို့ရဲ့ များပြားလှတဲ့ ဇာတ်လမ်းတွဲတွေကို ကမ္ဘာ့စတား ဂျက်ကီချန်းနဲ့ မျှဝေမှာ ဖြစ်ပါတယ်။ ဒါကိုတော့ ဇန်န၀ါရီလမှာ ထုတ်လွှင့်မယ်လို့ စီစဉ်ထားတာပါ။
Ref:kpopstarz