K-Pop အဆိုတော်တွေနဲ့လက်တွဲအလုပ်လုပ်ချင်သေးကြောင်းပြောလာတဲ့ The Chainsmokers

ကမ္ဘာတစ်ဝန်းက ပရိသတ်တွေအသိများတဲ့ The Chainsmokers အဖွဲ့ဟာ မကြာသေးခင်ရက်ပိုင်းက သူတို့လက်တွဲအလုပ်လုပ်ခဲ့ဖူးတဲ့ကိုရီးယားကေပေါ့ပ်
အဖွဲ့တွေအကြောင်းနဲ့ နောက်ထပ်လည်း လက်တွဲအလုပ်လုပ်ချင်တဲ့ကေပေါ့ပ်အဖွဲ့တွေအကြောင်းဆွေးနွေးပြောဆိုခဲ့ကြတယ်ဆိုတဲ့အကြောင်း Koreaboo မီဒီယာကနေဖော်ပြလာခဲ့ပါတယ်။

ကိုရီးယားရဲ့အနုပညာနဲ့ ကိုရီးယားပရိသတ်တွေကို သဘောကျချစ်မြတ်နိုးတဲ့ The Chainsmokers အဖွဲ့ဟာ သူတို့ရဲ့ World War Joy tour ခရီးစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ကိုရီးယားမှာ ဖျော်ဖြေပွဲတစ်ခုကျင်းပခဲ့ဖူးပါတယ်။သူတို့ ကိုရီးယားကိုပထမဆုံးစရောက်ဖူးတဲ့အချိန်ဟာ ၂၀၁၅ တုန်းကဖြစ်ပြီး နောက်ထပ် နှစ်နှစ်
အကြာမှာပဲ ကိုရီးယားမှာတစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပခဲ့ကြတာဖြစ်ပါတယ်။၂၀၁၇ တုန်းက ဖျော်ဖြေပွဲမှာဆိုရင် BTS ဟာ အထူးဧည့်သည်အဖြစ်
ပါဝင်ဖျော်ဖြေခဲ့ပြီး နောက်ပိုင်းမှာတော့ “Best of Me” သီချင်းကို အတူလက်တွဲသီဆိုခဲ့ကြပါတယ်။

The Chainsmokers ဟာ ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ MONSTA X နဲ့လည်း စင်ပေါ်မှာ အတူဖျော်ဖြေခဲ့ဖူးပြီး နောက်ထပ်သူတို့နဲ့သီချင်းတွေလုပ်ချင်သေးကြောင်းThe Chainsmokers က ပြောခဲ့ပါတယ်။ဒါ့အပြင် BLACKPINK အဖွဲ့နဲ့လည်း လက်တွဲဖျော်ဖြေချင်သေးကြောင်းပြောခဲ့ပါတယ်။Alex Paul က
ကျွန်တော်တို့ BLACKPINK နဲ့လည်း တွဲအလုပ်လုပ်ချင်ပါတယ်။သူတို့က အရည်အချင်းရှိသလို ခွန်အားအပြည့်နဲ့သွက်လက်တက်ကြွမှုရှိတဲ့
အဖွဲ့လို့ ကျွန်တော်တို့ထင်ပါတယ်။တကယ်လို့ကျွန်တော်တို့ပူးပေါင်းဖြစ်ခဲ့ရင် “Don’t Let Me Down” သီချင်းပုံစံလိုမျိုးဖြစ်ပါလိမ့်မယ်””ဆိုပြီးပြောခဲ့တာပါ။

ပရိသတ်ကြီးရော မကြာခင် The Chainsmokers နဲ့ BLACKPINK တို့ရဲ့ပူးပေါင်းမှုကိုမြင်တွေ့ရမယ်ထင်လား?

 

77 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.