အလှူဒါန်းရက်ရောလွန်းလို့ Unicef အဖွဲ့ဝင်အဖြစ် ချီးမြောက်ခံရတဲ့ BTS အဖွဲ့​ဝင် Jin

BTS အဖွဲ့ဝင် Jin ကတော့ သဘောထားကြီးလွန်းတဲ့ အလှူဒါန်းရက်ရောမှုကြောင့် Unicef အဖွဲ့ဝင်အဖြစ်တောင်ချီးမြောက် သတ်မှတ်လိုက်ပါပြီ။ ဝမ်ပေါင်း ၁ဝဝ မီလီလျံ (ဒေါ်လာ ၈၄​​ဝဝဝ)နီးပါးလှူဒါန်းသူဆို အဖွဲ့ဝင်အဖြစ် Unicefက သတ်မှတ်ပါတယ်။

Image result for BTS’s Jin Becomes Member Of UNICEF’s Honors Club

Jin ဟာ ပြီးခဲ့တဲ့နှစ် မေလတည်းက ပုံမှန်လှူလာသူတစ်ယောက်ဖြစ်ပါတယ်။ ပရိတ်သတ်အားပေး
မှုကြောင့် ရလာတဲ့ငွေကြေးတွေကို လိုအပ်နေသူတွေကို ပြန်လှူဒါန်းပေးချင်နေတဲ့ သူ့ရဲ့ဆန္ဒကို
အခုတော့ အကောင်ထည်ဖော်နိုင်ခဲ့ပါပြီ။

Image result for BTS’s Jin Becomes Member Of UNICEF’s Honors Club

Unicrf Korea မှ အထွေထွေအတွင်းရေးမှူးချုပ် Lee Ki Chul က ” Jin ကို ကျွန်တော်တို့
အများကြီိး ကျေးဇူးတင်ပါတယ်။ ဒီလိုရက်ရက်ရောရော အလှူတန်းအတွက်ရော လူငယ်တွေ
အတွက် ကောင်းတဲ့ဦးဆောင်လမ်းပြသူ အနုပညာရှင်အဖြစ် မြင်တွေ့ရတာကိုလည်း ဝမ်းသာပါ
တယ် .. သူ့ရဲ့လှူဒါန်းမှုဟာ လိုအပ်နေတဲ့ မျိုးဆက်သစ်လူငယ်လေးတွေအတွက် အားဖြစ်စေပါ
တယ် ” လို့ ပြောခဲ့ပါတယ်။

Related image

BTS အေဂျင်စီနဲ့ Unicef ဟာ ၂ဝ၁၇ နိုဝင်ဘာလတည်းက အလုပ်တူတွဲလုပ်ခဲ့ကြပြီး အကြမ်းဖက်မှုတွေရန်မှ ကလေးငယ်တွေကို ကာကွယ်ပေးဖို့ #ENDViolence campaign အဖြစ်လည်း လှုပ်ရှားခဲ့ကြပါတယ်။ လတ်တလောမှာတော့ BTS ဟာ ဇွန်လ ၁ – ၂ရက်နေ့ လန်ဒန်က Wembley Stadium ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

204 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.