စစ်မှုထမ်းမသွားခင် ပရိသတ်တွေအတွက် အမှတ်တရစာလေးရေးပေးခဲ့တဲ့ EXO အဖွဲ့ဝင် D.O

EXO အဖွဲ့ဝင် D.O (Doh Kyung-soo)တစ်ယောက် စစ်မှုထမ်းဆောင်ဖို့သွားရတော့မယ်ဆိုတဲ့သတင်းဟာ ကမ္ဘာတစ်ဝန်းလုံးက EXO-L တွေအတွက် ရှော့ခ်ရစရာသတင်းဖြစ်ခဲ့ပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီး D.O ဟာ သူ့ရဲ့ offical fan cafe မှာ ကိုယ်တိုင်ရေးထားတဲ့လက်ရေးစာလေ
းတစ်စောင်တင်ပေးခဲ့ပါတယ်။သူဘာတွေရေးခဲ့တာလဲဆိုတော့…

“မင်္ဂလာပါ။EXO အဖွဲ့ဝင် D.O ဖြစ်ပါတယ်
ရုတ်တရက်ထွက်လာတဲ့သတင်းကြောင့် EXO-L တွေ ထိတ်လန့်သွားခဲ့ကြတယ်မဟုတ်လား?
ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်။ဘာလို့လဲဆိုတော့ ပရိသတ်ကြီးကို ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်အရင်ဆုံး
ပြောပြချင်ခဲ့တာပါ။ဒါပေမဲ့ နည်းနည်းလေးနောက်ကျသွားခဲ့ပါတယ်။
ကျွန်တော်အများကြီးစဉ်းစားတွေးတောပြီးမှ ဒီဆုံးဖြတ်ချက်ကိုချခဲ့တာပါ။ကျွန်တော်ကောင်းကောင်းကြိုးစားပြီး ကျန်းမာဘေးကင်းစွာနဲ့ပြန်လာ
ခဲ့ပါမယ်။ဒါကို ပရိသတ်ကြီးအားလုံးကိုပြောချင်တဲ့အတွက် အခုလိုအမှတ်တရစာလေးချန်ခဲ့တာဖြစ်ပါတယ်။ကျွန်တော့်ကိုအမြဲအားပေးနေတဲ့ EXO-L တွေအားလုံးကိုတကယ်ကျေးဇူးတင်ပါတယ်။ပရိသတ်တွေရဲ့နေ့တိုင်းဟာ ပျော်ရွှင်မှုတွေနဲ့ပဲပြည့်နှက်နေပြီး အမြဲကျန်းမာနေဖို့လည်းကျွန်တော်မျှော်လင့်ပါတယ်။
ကျန်းကျန်းမာမာနဲ့ပြန်လည်ပြီး နောက်တစ်ကြိမ်နှုတ်ဆက်ပါဦးမယ်။ကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့တာပဲဖြစ်ပါတယ်။

D.O ဟာ ဇူလိုင် ၁ရက်နေ့မှာစပြီး စစ်မှုထမ်းဆောင်ရမှာဖြစ်ပါတယ်။အဆိုတော်တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ D.O ဟာ ပြီးခဲ့တဲ့၂၀၁၈ အတွင်းမှာ 100 Days My Prince ၊ Swing Kids စတဲ့ဇာတ်လမ်းတွဲတွေကိုရိုက်ကူးထားခဲ့ပြီး ထိုဇာတ်လမ်းတွဲတွေဟာလည်း အထိုက်အလျောက်ပရိသတ်အားပေးမှုရရှိခဲ့ပါတယ်။ဇာတ်လမ်းတွဲအသစ်တွေကိုတော့ သူစစ်မှုထမ်းရာကနေပြန်လာပြီးမှ စောင့်မျှော်အားပေးရတော့မှာပဲဖြစ်ပါတယ်။

Source:Allkpop

825 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.