သူများကို ဦးစားပေးတတ်တဲ့အကျင့်လေး မွေးထားရင်

လူတိုင်း ကိုယ့်အတွက် ကိုယ်ပဲကြည့်ကြတာများပါတယ်။ ဘတ်စ်ကားတိုးစီးတဲ့အခါ ၊ တန်းစီစောင့်
တဲ့အခါ စသဖြင့် .. လူအများနဲ့လုပ်ရတဲ့ကိစ္စတွေမှာဆိုရင် ကိုယ့်အတွက်ကိုယ်ပဲ ကြည့်ကြတဲ့
လူတွေများပါတယ်။ အခြားလူကို ဦးစားမပေးချင်ကြဘူး။

Related image

အချို့ ဆို ယောက်ျားကြီးတန်မဲ့ မိန်းကလေးတွေနဲ့ ယှဉ်ပြီး ထိုင်ခုံလုယူတာ ၊ ကားပေါ်အရင်ရောက်
အောင် လုတက်တာမျိုးတွေပေါ့။ ကြည့်ရတာ မြင်မကောင်းဘူး။ အမြဲတမ်း တစ်ခုခုဆို
ငါအရင်ရောက်အောင် ၊ ငါရှေ့ဆုံးက ၊ ငါ့အတွက်.. ငါ… ငါ… ငါနဲ့ ငါအစွဲရှိနေသရွေ့  သင့်ကိုစမတ်မကျစေပါဘူး။

လူတစ်ယောက်ဟာ ဘယ်လိုပဲ အဝတ်စားတွေကောင်းအောင်ဝတ်ထားပါစေ
အကျင့်စရိုက်က အများနဲ့ဆို ဗြူးပြဲနေတတ်တဲ့ အကျင့်က ရုပ်ဆိုးစေပါတယ်။ အပြုမူ ၊ အပြောဆို
လေးတွေ ဆင်ခြင်လိုက်မယ်ဆိုရင် တော်တော်အဆင်ပြေသွားမယ့်လူတွေလည်း တွေ့ဖူးတယ်။
သူတို့ကို ဒီအကျင့်တွေက ဖျက်နေတယ်ဆိုတာ မသိရှာဘူး။

Image result for office people

သူများကို ဦးစားပေးလိုက်ရင် အောက်ကျို့ တယ်လို့ မဆိုလိုဘူးနော်။ တချို့ အရာလေးတွေက
လူလူချင်း လေးစားတဲ့ သဘော ၊ ဦးစားပေးလိုက်လို့ တစ်ဖက်လူ ပျော်ရွှင်သွားတော့လည်း
ကိုယ် ကုသိုလ်ရတာပေါ့။ ဘာမှမဟုတ်တဲ့ ကိစ္စလေးမှာ ဦးစားပေးရတဲ့အလုပ်ဟာ
သင့်အတွက် ဝန်မလေးစေပါဘူး။

ကျေးဇူးတင်ထိုက်တဲ့ ကိစ္စတိုင်းမှာ ကျေးဇူးပါလို့ပြောရတာ သင့်အတွက် စက္ကန့်ပိုင်းလောက်သာ
ကြာပါတယ်။ ကြားရတဲ့လူလည်း စိတ်ချမ်းသာသလို သင့်ကိုလည်း စိတ်ကြည်လင်လန်းဆန်းစေ
တယ်။ ဒါဟာ တကယ်ပါ။ မယုံရင် လက်တွေ့စမ်းကြည့်ပါ။ သူများကို ဦးစားပေးရတဲ့အလုပ်ဟာ
သိပ်စိတ်ချမ်းသာဖို့ ကောင်းပါတယ်။

501 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.