ဇာတ်လမ်းသစ်မှာမြင်တွေ့ရတော့မယ့် Song Hye Kyo နဲ့ Joo Ji Hoon

ဒီကနေ့ မေလ ၃ဝနေ့မှာပဲ “Hyena” ဆိုတဲ့ ဒရာမာဇာတ်ကားသစ်မှာ
Song Hye Kyo နဲ့ Joo Ji Hoon တို့ ပါဝင်သရုပ်ဆောင်သွားမယ်လို့ အတည်ပြုကြေငြာလိုက်ပါပြီ။

Song Hye Kyo And Joo Ji Hoon In Talks To Star In New Legal Drama

“Hyena” မှာ သရုပ်ဆောင်ဖို့ Song Hye Kyo အေဂျင်စီက ကမ်းလှမ်းစာရကြောင်းနဲ့
Joo Ji Hoon ရဲ့အေဂျင်စီကတော့ ဒီအတွက် ကမ်းလှမ်းချက်ကို သဘောတူလိုက်ကြောင်းပြောထားပါတယ်။

Song Hye Kyo Shares Her Thoughts On Her Responsibility As A Hallyu Star

“Hyena” ဇာတ်ကားဟာ ရှေ့နေတွေအကြောင်း ရိုက်ကူးထားတဲ့ ဥပဒေဇာတ်လမ်းမျိုးဖြစ်ပြီး
ဥပဒေကို အသုံးပြုပြီး သူတို့ဘယ်လို လှည့်ကွက်တွေနဲ့ ကစားကြမလဲ ၊ အမှန်တရားကို ဘယ်လို
ရှာဖွေ ဖော်ထုတ်ကြမလဲဆိုတာ မြင်တွေ့ရမှာပါ။

ဇန်နဝါရီလက ထုတ်လွှင့်ခဲ့တဲ့ ”Encounter” ဇာတ်ကားမှာလည်း Song Hye Kyo ကိုတွေ့မြင်ခဲ့ရ
ပါတယ်။ အခု ”Hyena” မှာလည်း ပရိတ်သတ်အချစ်တော် မင်းသားနဲ့တွေ့ရဦးမှာဆိုတော့
အားလုံးလည်း စိတ်လှုပ်ရှားနေပါပြီ။ ”Hyena” နဲ့ပတ်သတ်ပြီး နောက်ထပ်သတင်းတွေကိုလည်း
နားစွင့်ထားကြပါဦးနော်…

619 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.