ခရီးတစ်ခုမထွက်ခင် သိပ်ကိုသိထားသင့်တဲ့ အရာလေးတွေက…

သင်က ခရီးသွားခြင်းကို Crazy ဖြစ်တဲ့ သူတ စ်ေ ယာက်လား ?…ခရီးသွားခြင်းကို လူတော်တော်များများကြိုက်နှစ်သက် ကြတာ အ သေချာပါပဲ။ ခရီးသွားတာက စိတ်ကိုရွှင်လန်းပြီး ပျော်စရာ စွန်းေ ကာင်းပေင်မဲ့ သေချာ မတွက်မချက် မစီစဉ်ထားပဲ သွားတဲ့ခရီးတစ်ခုက ကျေနပ်စရာ သိပ်ကောင်းဖို့ မ သေချာပါဘူး ။ ဆို တော့ ခရီးတစ်ခုကို ဖန်တီး တော့မယ်ဆိုရင် သင်တို့မဖြစ်မနေသိထားသင့်တဲ့အရာလေးတွေ ကို စဉ်းစားကြည့်ပါ…
(၁) ငွေရေး ကြေးေ ရး

ငွေကြေး

ကိုယ်နဲ့သိပ်Familiar မဖြစ်တဲ့နေရာတစ်ခုကို သွားတော့မယ်ဆိုရင် ဒီနေရာရဲ့ငွေကြေးနဲ့ပတ်သတ်တဲ့အယူအဆတွေကိုမဖြစ်မနေသိထားသင့်ပါတယ်။ ငွေကြေးကိုဘာနဲ့သုံးစွဲပြီး ကိုယ့်နိုင်ငံနဲ့ဘယ်လိုကွာခြားတယ်၊ ဘယ်လောက်ပမာဏကွာတယ်ဆိုတာတွေကအစ ကိုယ်သွားမဲ့နေရာရဲ့ငွေကြေးသုံးစွဲမှုပုံစံကိုသိရှိဖို့လိုပါတယ်။ ဒါမှသာခရီးလမ်းမှာ အဆင်ပြေနိုင်ပြီး သူတစ်ပါးဂျင်းထည့်တဲ့ရန်ကလွတ်မြောက်နိင်မှာပါ။

(၂) ခရီးစဉ်လမ်းကြောင်း

သွားလာဖို့လမ်းကြောင်း

သွားရင်းနဲ့ပေါ်လာပါလိမ့်မယ်ဆိုပြီး လမ်းကြောင်းမချအစီစဉ်မဆွဲပဲ ခရီးထွက်တာမျိုးဟာ တကယ်ကိုဖရိုဖရဲနိုင်လှပါတယ်။ ဒါကြောင့်စမသွားခင်ကတည်းကကိုယ်သွားမဲ့လမ်းကြောင်းကို အကြမ်းဖျင်းခန့်မှန်းခြေရေးဆွဲထားပြီး သွားသင့်ပါတယ်။

(၃) နေရာထိုင်ခင်း

နေရာထိုင်ခင်း

ကိုယ်ရောက်သွားတဲ့အချိန်မှာဘယ်နေရာမှာနေမယ် ဘယ်နေရာကိုလည်မယ်ဆိုတာကိုအတိအကျစီစဉ်ဖို့အဆင်မပြေရင်တောင်အကြမ်းဖျင်းစီစဉ်သွားဖို့တော့လိုပါတယ်။ဟိုရောက်မှ မောမောပန်းပန်းနဲ့ဘယ်နားလို့နားရမှန်းမသိဘယ်သွားလို့သွားရမှန်းမသိဖြစ်နေရင် သိပ်စိတ်ရှုပ်စရာဖြစ်လာနိုင်စေတာမလို့နေရာထိုင်ခင်းနဲ့ပတ်သတ်ရင်အစတည်းကစီစဉ်စုံစမ်းသွားပါ။

(၄) ဓ လေ့

ဓလေ့

နေရာဒေသတစ်ခုကိုအလည်သွားမယ်ဆိုရင်တော့ဖြင့်ဒီနေရာရဲ့အခြေခံရိုးရာဓလေ့တွေကိုတော့နားလည်သိရှိထားဖို့လိုပါတယ်။ ဒါမှလည်းခရီးစဉ်တစ်လျှောက်အမှားမရှိပဲ သူတို့ရဲ့ဓလေ့တွေအတိုင်းနေထိုင်ရင်း အဆင်ပြေပြေလည်ပတ်နိင်မှာဖြစ်ပါတယ်။

(၅) ကုန်ကျစရိတ်

ကုန်ကျစရိတ်

ကုန်ကျစရိတ်ကသိပ်အရေးပါတဲ့အရာတစ်ခုပါ။ ကိုယ်ထည့်သွားထပ်ပိုကုန်တာမျိုးဖြစ်နိုင်တာမလို့ အကြမ်းဖျင်းကုန်ကျနိုင်တဲ့စရိတ်ကိုတွက်ချက်ပြီး ပိုပိုလိုလိုထည့်သွားသင့်ပါတယ်။

43 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.