Andrew Garfield နဲ့ Jessica Chastain တို့ကိုတွဲဖက်မြင်တွေ့ရမယ့် “The Eyes of Tammy Faye”

နာမည်ကျော်ဟောလိဝုဒ်စတားတွေဖြစ်တဲ့ မင်းသား Andrew Garfield နဲ့ Jessica Chastain တို့ကို The Eyes of Tammy Faye ဆိုတဲ့ဇာတ်ကားသစ်မှာ
တွဲဖက်မြင်တွေ့ရပါတော့မယ်။သတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ သူတို့နှစ်ယောက်ဟာ The Eyes of Tammy Faye ရိုက်ကူးဖို့ အတည်ပြုလက်ခံ
ပြီးပြီဖြစ်ကြောင်းသိရပါတယ်။

The Eyes of Tammy Faye ဇာတ်ကားဟာ ၂၀၀၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ Documentary ဖြစ်ပြီး နာမည်တူအတိုင်း အခုပြန်လည်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ဇာတ်လမ်းပုံစံက The PTL Club လို့ခေါ်တဲ့ နာမည်ကျော်တီဗီစီးရီးတစ်ခုကို တင်ဆက်ပေးနေတဲ့ Jim နဲ့ Tammy Faye တို့ရဲ့ဘ၀အလှည့်အပြောင်းအကြောင်းဖြစ်ပါတယ်။ဒီကားမှာ မင်းသား Andrew Garfield ကို Jim အဖြစ်မြင်တွေ့ရမှာဖြစ်ပြီး Chastain ကိုတော့ Tammy Faye အဖြစ် မြင်တွေ့ရမှာပါ။၁၉၇၀၊၁၉၈၀ ခုနှစ်ကိုအခြေတည်ပြီးရိုက်ကူးသွားမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။

မင်းသမီး Jessica Chastain ဟာ ၂၀၁၉ ထဲမှာပဲ IT Chapter Two ၊ Dark Phoenix စတဲ့နာမည်ကျော်ဇာတ်ကားတွေရိုက်ကူးထားခဲ့ပြီးဖြစ်ပါတယ်။
မင်းသား Andrew Garfield ကတော့ ၂၀၁၈ တုန်းက Under the Silver Lake ဇာတ်ကားရိုက်ကူးထားပြီး ဒီ ၂၀၁၉ ထဲမှာဆိုရင် ထွက်ရှိထားတဲ့
ဇာတ်ကားမရှိသေးပါဘူး။နာမည်ကျော်နှစ်ယောက်ကို “The Eyes of Tammy Faye” ဇာတ်ကားမှာတော့ အတူတွဲဖက်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ှSource:movieweb

39 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.