ပရိတ်သတ်အများဆုခန့် မှန်းထားတဲ့ အတိုင်းပဲ ၂၀၁၃ ရွှေဘောလုံးဆုကို ခရစ္စတီယာနို ရော်နယ်ဒို ရရှိသွားပြီ

ballon-dor-3019314.jpg

ပေါ်တူဂီရဲ့ အမှတ်အသား၊ ရီးယဲလ်မက်ဒရစ်ကစားသမား ရော်နယ်ဒိုဟာ ၂၀၁၃ ခုနှစ်အတွင်းမှာ အကောင်းဆုံး ခြေစွမ်းကို ပြသခဲ့ပြီးနောက်ပိုင်း ပရိတ်သတ်အများဆုကြိုတင်ခန့် မှန်းထားတဲ့အတိုင်းပဲ ရွှေဘောလုံးဆုကို   ရရှိသွားပါပြီ။ ပြိုင်ဘက် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၊ ဘိုင်ယန်မြူးနစ်ရဲ့ ရီဘာရီတွေကို ကျော်လွန်ပြီး ၂၀၁၃ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိသွားခဲ့တာပါ။

ဇူးရစ်ခ်ျမြို့ မှာ မနေ့ ကကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ချီးမြှင့်ပွဲမှာ ရော်နယ်ဒိုဟာ သူ့  ရဲ့ ဒုတိယအကြိမ်မြောက် ရွှေဘောလုံးဆုကို ရရှိခဲ့တာပါ။ ပထမဆုံးရရှိခဲ့တာကတော့ မန်ချက်စတာယူနိုက်တက် အသင်းမှာ ရှိနေချိန် ၂၀၀၈ ခုနှစ်က ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်အတွင်းမှာ ရော်နယ်ဒိုဟာ ၅၆ ပွဲကစားခဲ့ရာမှာ ၆၆ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဟက်ထရစ် ငါးကြိမ် တိတိ ရရှိခဲ့ပါတယ်။ ပြိုင်ဘက်နှစ်ယောက်ဖြစ်တဲ့ မက်ဆီနဲ့ ရီဘာရီတို့ ဟာလည်း ၂၀၁၃ ခုနှစ်အတွင်းမှာ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ၂၀၁၃ ခုနှစ်ဟာ ရော်နယ်ဒိုတစ်ယောက် အားလုံးထက်သာလွန် ခြေစွမ်းပြခဲ့တဲ့နှစ်ဖြစ်တဲ့အတွက် အခုလိုရွေးချယ်ခံခဲ့ရတာပါ။  ရော်နယ်ဒိုအတွက် ရွှေဘောလုံးဆုကို ဂန္တ၀င် ဘောလုံးသမား ပီလီက ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပြီး တခြားဆုတွေဖြစ်တဲ့ အကောင်းဆုံးနည်းပြဆုကို ဘိုင်ယန်မြူးနစ်နည်းပြ Jupp Heynckes ၊ အကောင်းဆုံးအမျိုးသမီးနည်းပြဆုကို ဂျာမနီအမျိုးသမီးအသင်း နည်းပြ Silvia Neid တို့ က ရရှိခဲ့ပါတယ်။ အကောင်းဆုံးနဲ့ အလှပဆုံးသွင်းဂိုးဆု ဖြစ်တဲ့ Puskas ဆုကိုတော့ အီဘရာဟီမိုဗစ် က ဆွတ်ခူးခဲ့ပါတယ်။ အင်္ဂလန်နဲ့ ပွဲမှာ Overhead Kick နဲ့ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ရရှိခဲ့တာပါ။

Ref: mirror.co.uk

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.