ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး အော်ဂင်းနစ် ထရန်စစ္စတာပြားကို သုတေသီတွေ တီထွင်ခဲ့ပါတယ်။ ဒီထရန်စစ္စတာပြား တွေဟာ ကနဦးတံဆိပ်ခေါင်း အရွယ်အစားသာရှိပြီး အလင်းဖောက်ပါတယ်။ ပြီးတော့ စီလီကွန် ထရန်စစ္စတာတွေကို ယှဉ်နိုင်လောက်တဲ့အထိ မြန်နှုန်းမြင့်တယ်လို့ သိရပါတယ်။
နည်းလမ်းသစ်သုံးပြီး ထုတ်လုပ်ထားတဲ့ ဒီအော်ဂင်းနစ် ထရန်စစ္စတာဟာ ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ ဒီထရန်စစ္စတာ ပေါ်လာပြီဖြစ်တဲ့အတွက် နောက်မျိုးဆက် ထရန်စ္စတာတွေအတွက် ဈေးသက်သက်သာသာနဲ့ ရနိုင်သွားပါပြီ။
တီထွင်ခဲ့သူ သုတေသီတွေကတော့ Nebraska Lincoln တက္ကသိုလ်နဲ့ Stanford တက္ကသိုလ် သုတေသီတွေဦးဆောင်တဲ့ တွဲဖက်ပါမောက္ခ Jinsong Huang, Stanford တက္ကသိုလ် ပါမောက္ခ Zhenan Bao တို့ပဲဖြစ်ပါတယ်။ သူတို့ရဲ့ အော်ဂင်းနစ် ထရန်စစ္စတာပြားလေးဟာ မွေးရာပါ လူ့မျက်လုံးနဲ့ယှဉ်ရင် ၉၀ရာခိုင်းနှုန်း ပိုပြီး အလင်းဖောက်တယ်လို့ သိရပါတယ်။
Ref:hngn
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။