Black Label Society ရဲ့ ဧပြီလမှာထွက်မယ့် Catacombs of the Black Vatican album

black_label_society.jpg

 

၂၀၁၄ ခုနှစ်မှာ album အသစ်ထွက်မှာဖြစ်ကြောင်း Black Label Society ကကြေငြာလိုက်ပါတယ်။

ဂစ်တာနတ်ဘုရား Zakk Wylde ဦးဆောင်တဲ့ metal ၀ိုင်းဟာ သူတို့ရဲ့န၀မမြောက် album ‘Catacombs of the Black Vatican” ကို ဧပြီလ ၈ ရက်နေ့မှာဖြန့်ချီမှာဖြစ်ပါတယ်။

ဇန်န၀ါရီလ ၆ ရက်နေ့မှာ BLS ဟာသူတို့ရဲ့ Facebook စာမျက်နှာကနေ ကြေငြာခဲ့တာဖြစ်ပါတယ်။

BLS ဟာအဲဒီ့ album အတွက် အစမ်းဗီဒီယိုတစ်ခုကိုလဲ ထုတ်ခဲ့ပြီး အဲဒီ့ ဗီဒီယိုထဲမှာခြောက်ခြားစရာကောင်းတဲ့ရိုက်ကွင်းတွေနဲ့ “သင့်ရဲ့အကြောက်တရားကိုရင်ဆိုင်လိုက်ပါ။ သင့်ရဲ့စစ်ပွဲကိုလက်ခံလိုက်ပါ။ ခြေမှုန်းပြီးအနိုင်ယူပါ” လို့အဓိပ္ပါယ်ရတဲ့ Zakk Wylde ရဲ့ အမှာစကားကိုကြားရမှာဖြစ်ပါတယ်။ ဒီ clip တိုလေးထဲမှာ “ခွန်အား၊ စိတ်ပိုင်းဖြတ်မှု၊ အကြင်နာကင်းမဲ့သော နဲ့ ထာဝရဆိုတဲ့ စကားလုံးတွေကိုလဲပြသထားပါတယ်။

Black Label Society ဟာကာလရှည်ကြာလက်တွဲခဲ့တဲ့ ဂစ်တာသမား Nick Catanese နဲ့လမ်းခွဲခဲ့ပြီး ဂီတခရီးလမ်းကို ဆက်လက်လျှောက်လှမ်းခဲ့တာဖြစ်ပါတယ်။ မကြာမီမှာပဲ အမေရိကန် heavy metal ၀ိုင်း Lizzy Borden ရဲ့ဂစ်တာသမား Dario Lorina ကိုအားဖြည့်ခဲ့တာဖြစ်ပါတယ်။

Ref:Loudwire

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.