ရေနဲ့ရောလိုက်တာနဲ့ ဗြောင်းကနဲ ဆေးတစ်ခွက်ဖြစ်စေတဲ့ အရာတွေက…

ရေထည်ကိုရောထည့်ပေါင်းစပ်လိုက်ရုံနဲ့ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အစားချေအားကို ကောင်းမွန်စေတဲ့ အရာတွေဟာ ဘာတွေလဲ၊ ဘယ်လိုအရည်မျိုးတွေဖြစ်သွားလည်းဆိုတာ..
(၁) သံပုရာသီး
သံပုရာသီးသံပုရာသီးဆိုတာအားလုံးသိထားပြီးသားအတိုင်း ဗီတာမင်Cပါဝင်တာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့မလိုအပ်တဲ့အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိင်တဲ့အရာဖြစ်ပါတယ်။ သံပုရာသီးကိုရေသေချာဆေးပြီး ပါးပါးလေးတွေ သုံးလေးငါးကွင်လှီးပြီး ရေနွေးမပူတစ်ပူလေးထဲထည့်သောက်ပေးသင့်ပါတယ်။ဒီလိုသောက်ခြင်းကြောင့် အစာချေအားကိုပိုမိုကောင်းစေပြီး ခန္ဓာကိုယ်ကိုပေါ့ပါးစေကာ အဆီဓာတ်ကိုလျော့ကျစေပါတယ်။

(၂) ပူစီနံ

ပူစီနံပူစီနံဆိုတာ အားလုံးသိထားကြတဲ့အတိုင်းဟင်းခက်အမွှေးအကြိုင်တစ်ခုပါ။ ဒီပူစီနံကိုရေထဲထည့်သောက်တဲ့အခါ အကျိုးကျေးဇူးကောင်းတွေရှိတယ်ဆိုတာတော့သိပ်သိကြသေးမယ်မထင်ပါဘူး။ ပူစီနံရဲ့ပူရှိန်တဲ့အရွက်လေးထဲကိုရေထဲစိမ်ပြီး နှစ်ရက်ခြားတစ်ခါလောက်သောက်ပေးခြင်းဟာအစာအိမ်ကျန်းမာရေးကို လွန်စွာအထောက်အကူပြုတယ်လို့သိရပါတယ်။ ဒါ့အပြင် အစာချေအားကို လည်း ကောင်းစေတဲ့ဆေးတစ်ခွက်ဆိုလည်းမမှားပါဘူး။ နောက်ဆုံးအကောင်းဆုံးအချက်တစ်ချက်ကတော့ဒီပူစီနံအရည်ကိုသောက်ပေးခြင်းဖြင့်ဝိတ်ကျစေတယ်ဆိုတာပါပဲ။

(၃) သစ်ဂျပိုးခေါက်

 သစ်ဂျပိုးခေါက်သစ်ဂျပိုးခေါက်ဟာ တိုင်းရင်းဆေးတွေမှာလည်းပါဝင်တတ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ သူရဲ့ပူတဲ့အရသာကြောင့် အစာအိမ်ကျန်းမာရေးကိုအထောက်အကူပြုနိုင်တယ်လို့လည်းသိရပါတယ်။ အရမ်းစပ်ပြီးပူတဲ့အပူမျိုးမဟုတ်ပဲ ရှိန်တိမ်းတိမ်း လေးပူတာကြောင့် အစာအိမ်သိပ်မကောင်းတဲ့သူတွေအစာကြေမလွယ်တဲ့သူတွေသောက်သင့်တဲ့ဆေးတစ်ခွက် အရည်တစ်မျိုးဆိုလည်းမမှားပါဘူး။

(၄) ဂျင်း

ဂျင်း ဂျင်းဟာ လည်းကောင်းမွန်တဲ့ဟင်းခတ်အမွှေးကြိုင်တစ်ခုပါ ။ ဒါ့အပြင်ဆေးတစ်မျိုးဆိုလည်းမမှားပါဘူး။ ခန္ဓာကိုယ်မှာအနွေးဓာတ်လိုအပ်နေတဲ့အချိန်တွေမှာ ဂျင်းနဲ့ရေနွေးနဲ့ပြုတ်ထားတဲ့ဂျင်းပြုတ်ရည်ပူပူလေးကို သောက်ခြင်းဟာလိုအပ်တဲ့အနွေးဓာတ်ကိုရရှိစေမှာပါ။ ဂျင်းပြုတ်ရည်ဟာအစာချေအားကိုပိုမိုမြန်ဆန်စေတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ ညအိပ်ခံနီးမှကပ်ပြီး အစာစားမိလို့အစာမကြေတာဘာညာဖြစ်တဲ့အခါ ရေနွေးပူပူလေးထဲကိုဂျင်းလေးထည့်ပြီးဂျင်းပြုတ်ရည်သောက်ပေးခြင်း ဟာ အစာကိုမြန်မြန်ချက်နိုင်ပြီးအစာချေအားကိုမြန်ဆန်စေပါတယ်။

(၅) ပန်းသီး

ပန်းသီးပန်းသီးကိုရေအေးထဲမှာစိမ်ပြီးသောက်ခြင်း(သို့) ပန်သီးကိုချေပြီးဖျော်ရည်ပုံစံသောက်သုံးခြင်းဟာလည်း အစာကြေလွယ်စေပါတယ်။ ပန်းသီးဖျော်ရည်ဟာနှလုံးကျန်းမာရေးအတွက်အထူးသင့်တော်တဲ့အရာပါ။ နှလုံးမကောင်းတဲ့လူကြီးတွေဆိုရင်ပန်းသီးနဲ့ရှာလကာနဲ့ဖော်စပ်ထားတဲ့ပန်းသီးရှာလကာအရည်ကိုနှလုံးကျန်းမာဖို့သောက်သုံးလေ့ရှိကြပါတယ်။ အဓိက ပန်းသီးဖျော်ရည်ရဲ့အကျိုးကျေးဇူးကတော့ အစာချေအားကောင်းစေပြီး အစာအိမ်ကမလိုအပ်တဲ့Gasတွေကိုဖယ်ရှားပေးကာအစာအိမ်ကျန်းမာရေးကိုအထောက်အကူပြုပါတယ်။

97 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.