ဇာတ်လမ်းတွဲအသစ်မှာ တွဲဖက်မြင်တွေ့ရတော့မယ့် မင်းသမီး Moon Geun Young နဲ့ မင်းသား Kim Seon Ho

“Autumn In My Heart”ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှုကိုရရှိလာတဲ့ ကလေးသရုပ်ဆောင်မလေး Moon Geun Young ဟာ အခုဆိုရင်တော့
လူငယ်မင်းသမီးတစ်လက်ဖြစ်နေပါပြီ။သူမကို မကြာခင် “Catch Yoo Ryung” လို့ယာယီနာမည်ပေးထားတဲ့ဇာတ်လမ်းတွဲအသစ်တစ်ခုမှာ
ပြန်လည်မြင်တွေ့ရမယ်လို့လည်းသိရပါတယ်။

ဒါက လေးနှစ်အတွင်းသူမရဲ့ ပထမဆုံးဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။”Catch Yoo Ryung” ဇာတ်လမ်းတွဲဟာ စုံထောက်နှစ်ယောက်ကြားအချစ်ဇာတ်လမ်း
လေးကိုရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။မင်းသမီး Moon Geun Young ကိုတော့ ဒီဇာတ်လမ်းတွဲမှာ မတရားတာမြင်ရက် လက်ပိုက်ကြည့်မနေတတ်ပဲ
ချက်ချင်းဖြေရှင်းတတ်တဲ့ စုံထောက်မလေး Yoo Ryung အဖြစ်မြင်တွေ့ရမှာပါ။

မင်းသား Kim Seon Ho ကလည်း အတွေ့အကြုံရှိပြီးတည်ငြိမ်တဲ့စုံထောက် Go Ji Suk အဖြစ်သရုပ်ဆောင်ဖို့ လက်ခံအတည်ပြုထားတယ်လို့သိရပါတယ်။မင်းသား Kim Seon Ho ဟာ အခုလတ်တလော ongoing ပြသနေဆဲ Welcom to Waikiki Season 2 မှာ ပါဝင်သရုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့
အားပေးချစ်ခင်မှုကိုရရှိထားသူဖြစ်ပါတယ်။၂၀၁၈ တုန်းကထွက်ရှိခဲ့တဲ့ 100 Days My Prince ဇာတ်လမ်းတွဲမှာလည်း ပါဝင်ခဲ့ပါသေးတယ်။

“Catch Yoo Ryung” ဇာတ်လမ်းတွဲကို ဒါရိုက်တာ Shin Yoon Sub ရိုက်ကူးမှာဖြစ်တယ်လို့သိရပြီး ၂၀၁၉ နှစ်ဝက်လောက်မှာ ပြသဖို့စီစဉ်ထားတယ်လို့
သိရပါတယ်။မင်းသားရော မင်းသမီးရော နှစ်ယောက်လုံးက ပရိသတ်တွေကြိုက်နှစ်သက်ပြီးသားဖြစ်လို့ ဇာတ်လမ်းတွဲသစ်လေးထွက်လာမယ့်အချိန်ကို
စောင့်မျှော်အားပေးဖို့ မမေ့နဲ့နော်

129 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.