ဂျယ်ဂျူကျွန်းမှာ ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်လိုက်ပြီဖြစ်တဲ့ မင်းသား Yoo Yun Suk

နာမည်ကျော်အနုပညာရှင်တော်တော်များများဟာာ သရုပ်ဆောင်အလုပ်အပြင် စီးပွားရေးလုပ်ငန်းတွေကိုလည်းတွဲဖက်လုပ်ကိုင်လေ့ရှိပါတယ်။တောင်ကိုရီး
ယားမင်းသား Yoo Yun Suk ဟာလည်း စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ ဂျယ်ဂျူကျွန်းမှာ ကိုယ်ပိုင်စားသောက်ဆိုင်တစ်ဆိုင်ဖွင့်လိုက်ပြီဖြစ်တယ်လို့
သိရပါတယ်။

Ebong လို့နာမည်ပေးထားတဲ့စားသောက်ဆိုင်မှာ အဓိကရနိုင်တဲ့အစားအစာကတော့ ဂျပန်စတိုင်လ်ခေါက်ဆွဲပြုတ်နဲ့ ဂျပန်ဟင်းလျာတစ်ခုဖြစ်တဲ့
Tempura တို့ဖြစ်ပါတယ်။ပြီးတော့ ဘီယာ၊အဖျော်ယမကာတွေလည်းရရှိနိုင်တယ်လို့သိရပါတယ်။မေလ ၁၁ရက်နေ့က နာမည်ကျော်အနုပညာရှင်တစ်ချို့
ဖိတ်ကြားပြီး ဖွင့်လှစ်ခဲ့တာပါ။

စားသောက်ဆိုင်ပိုင်ရှင်လည်းဖြစ်သလို အနုပညာရှင်တစ်ယောက်လည်းဖြစ်တဲ့ Hong Suk Cheon ကလည်း သူ့ရဲ့ အင်စတာဂရမ်မှာ Yoo Yun Suk
တို့ဆိုင်ကိုသွားလည်ထားတဲ့ပုံလေးတင်ခဲ့ပြီး “လှပတဲ့နေရာလေးဖြစ်သလို အစားအစာတွေလည်း အရသာရှိပါတယ်။ဂျယ်ဂျူကျွန်းမှာ လည်ရပတ်ရမယ့်နေရာ
တွေက တဖြည်းဖြည်းများလာပြီ။ဆိုင်ဖွင့်ပွဲအတွက်လည်း ဂုဏ်ယူပါတယ်”ဆိုတဲ့စာသားလေးရေးထားခဲ့ပါတယ်။

မင်းသား Yoo Yun Suk ဟာ Mood of the Day ၊ Reply 1994 ၊ Prefect Proposal ၊ The Royal Tailor ၊ Dr Romantic စတဲ့ဇာတ်လမ်းတွဲတွေနဲ့
ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားတာသူဖြစ်ပါတယ်။အခုတော့ စီးပွားရေးလုပ်ငန်းကိုပါဦးဆောင်နေပါပြီ။ဂျယ်ဂျူကျွန်းကိုအလည်ရောက်ခဲ့ရင်
သူ့ရဲ့စားသောက်ဆိုင်လေးကိုသွားအားပေးဖို့ မမေ့နဲ့ဦးနော်

160 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.