အန္တရာယ်များတဲ့ ပိုးမွှားတွေရဲ့ ရာသီအစမှာ ကိုယ့်ကိုကိုယ်ကာကွယ်ကြစို့

ကမ္ဘာပေါ်မှာ ပိုးမွှားတွေရဲ့  မျိုးစိတ်ပေါင်း (၈၅၀)ရှိပြီး အကောင်ရေအတွက်နဲ့ ရောဂါပေါင်းသောင်းခြောက်ထောင်ဟာ မရေတွက်နိုင်အောင် နှစ်စဉ်တိုးပွားလျက်ရှိတယ်လို့ သိရပါတယ်။ ပိုးမွှားတွေဟာ လူသားတွေနဲ့ တိရစ္ဆာန်တွေအတွက် အလွန်အန္တရာယ်ရှိတဲ့အကောင်တွေပါ။ မိုးရာသီလည်း ရောက်လာပြီ။ တစ်ခါမှ မမြင်ဖူးတဲ့ အကောင်ပလောင်တွေ အပြင်ကိုထွက်လာတဲ့အချိန်ပါ။ ပိုးမွှားတွေ အောင်းတတ်တဲ့ နေရာမျိုးတွေ တတ်နိုင်သလောက် မသွားမိအောင်ရှောင်ပါ။ တစ်ခါတစ်လေ မထင်မှတ်ပဲ ကိုယ့်ရဲ့ အိမ်ထဲ ဒီကောင်တွေလာအောင်းနေတတ်ပါတယ်။ အကောင်တွေ လာမအောင်းနိုင်ဖို့ ကိုယ့်ရဲ့ နေထိုင်မှု ပုံစံကလည်း သန့်ရှင်းနေမှဖြစ်မှာပေါ့။

Image result for tick

မှန်ကန်တဲ့ ၀တ်စားဆင်ယင်မှု

Image result for shirt
သင်ဟာ တကယ်လို့ သစ်တော (သို့) မြက်၊ချုံပုတ်တွေပေါတဲ့ တစ်နေရာရာကို သွားရတော့မယ်ဆိုရင် ပိုးမွှားတွေဟာ သင့်အပေါ်ခုန်တက်ပြီး ကပ်ပါလာမှာတော့မဟုတ်ဘူး။ မြေပြင်ပေါ်ကနေ တွားသွားပြီး သင့်ရဲ့ ဖိနပ်ကနေ တစ်ဆင့် ခြေထောက်ကြားထဲနေဖြစ်ဖြစ် ကပ်ပါလာပါလိမ့်မယ်။ ဒါကိုကာကွယ်ဖို့အတွက် လယ်ရှည်ဖိနပ်မျိုးရွေးချယ်ပါ။ အ၀တ်စားအရောင်ကို အမည်းတို့ ၊ အညိုတို့ မရွေးပါနဲ့။ လင်းတဲ့ အကျီ င်္ကာလာမျိုးကိုရွေးပါ။ သူတို့ကပ်ပါလာရင် သေချာမြင်ရတာပေါ့။

အ၀တ်စားတွေကို ပုံမှန်လျှော်ပါ

Related image

အပြင်ကနေ ပြန်လာတဲ့အခါ သင့်ရဲ့ အကျီ င်္မှာ ပိုးမွှားအကောင်တွေ ပါ ၊မပါ သေချာစစ်ဆေးပါ။ မျက်စိမှောက်ပြီး မမြင်တာမျိုးလည်း ဖြစ်နိုင်တာမို့ အ၀တ်လျှော်ပြီး အခြောက်ခံတဲ့အခါ Dryer ထဲမှာ အပူရှိန်အမြင့်ဆုံးထားပါ။ အ၀တ်လျှော်ရင်လည်း ရေပူနဲ့လျှော်ပါ။ ရေနွေးရုံပဲ ဆိုရင်တော့ ဒီကောင်တွေကို မသေစေနိုင်ပါဘူး။

ကိုယ့်ကိုကိုယ် ကာကွယ်

ကိုယ့်အကျီ င်္မှာ ပိုးမွှားတွေမကပ်နိုင်အောင် အကောင်းဆုံးနည်းလမ်းကတော့ ပူရှိန်းနံ့သာဆီကို ဆောင်ထားပါ။ ပူရှိန်းနံ့ဟာ ပိုးမွှား၊ ခြင် နဲ့ အခြား အင်းဆက်တွေကို ဝေးဝေးပြေးစေပါတယ်။ အကျီ င်္ ပေါ်ဖြန်းခြင်း (သို့) အနံ့စွဲစေတဲ့ ခန္ဒာကိုယ်အရေပြားပေါ်မှာ ပူရှိန်းအဆီကို လိမ်းကျံထားနိုင်ပါတယ်။ အိမ်ကိုပြန်ရောက်ရင် ရေ၀၀သောက်၊ ခဏနားပြီးတာနဲ့ ရေချိုးချလိုက်ပါ။ ရေချိုးလိုက်ရုံနဲ့တော့ သင့်ခန္ဓာကိုယ်မှာ ကပ်တွယ်နေတဲ့ ပိုးမွှားတွေ မကျသွားနိုင်ပါဘူး။ တစ်ကိုယ်လုံးအပြည့်ပေါ်တဲ့ မှန်ရှေ့ရပ်ပြီး အောင်းနိုင်လောက်တဲ့ နေရာမျိုးမှာ သေချာဆန်းစစ်ရှာဖွေပါ။

အိမ်မွေးတိရစ္ဆာန်မွေးထားရင်

Image result for pet
ခွေးလေးတွေ ၊ ကြောင်လေးတွေ အပြင်ကပြန်လာတဲ့အခါ သူတို့ခန္ဓာကိုယ်မှာ ပိုးမွှားတွေ ပါလာနိုင်ပါတယ်။ သေချာ အချိန်ပေးပြီးရှာပေးပါ။ ခွေးကိုတော့ ပိုးမွှားတွေက ကိုက်ချင်မှ ကိုက်လိမ့်မယ်။ သင့်အိမ်ထဲ ပါလာတဲ့အခါမှ ပိုပြီးအန္တရာယ်များတာပါ။ တကယ်လို့ သင်ခွေးဟာ ပိုးမွှားတစ်ကောင်ရဲ့  ကိုက်ခြင်းခံထားရတယ်ဆိုလည်း သတိထားမိဖို့ ခဲယဉ်းပါတယ်။ tick-borne ရောဂါတွေဟာ တော်ရုံနဲ့ လက္ခဏာမပြတတ်ဘူး။ တကယ်လို့ သင့်အိမ်မွေးတိရစ္ဆာန်တွေရဲ့  အမူရာတစ်ခုခုထူးခြားနေတယ်ဆိုရင် တိရစ္ဆာန်ဆရာဝန်ဆီသာ ခေါ်သွားပါ။ ပိုးမွှားပါလာတယ်ဆိုရင် သင့်ရဲ့ အိမ်အပြင်ဘက် ခြံထဲကိုပါ သန့်ရှင်းရေးလုပ်တာအကောင်းဆုံးပါပဲ။ ပိုးမွှားတွေဟာ အရိပ်ကျတဲ့နေရာတွေ၊ စိုထိုင်းမှုရှိတဲ့ နေရာတွေမှာ အောင်းနေရတာကို နှစ်သက်ပါတယ်။ ဒါကြောင့် သစ်ရွက်တွေ၊ ချုံပုတ်တွေကို ရှင်းပါ။ မကြာခဏ မြက်ခင်းတွေကို ရိတ်ပါ။ ခြောက်သွေ့တဲ့နေရာမှာ ထင်းမီးရှို့ ခြင်းနဲ့ ခြံထဲမှာရှိတဲ့ အမှိုက်တွေအကုန်လုံးကိုရှင်းပါ။ ခြံတစ်ဝှိက် ပိုးသတ်ဆေး ပုံမှန်ဖြုန်းပေးပါ။ ဓာတုပိုးသတ်ဆေးတွေ မသုံးချင်ဘူးဆိုရင် ကြက်သွန်ဖြူ စပရေးလေးကိုယ်တိုင်လုပ်ပြီး အသုံးပြုနိုင်ပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့
– ကြက်သွန်ုဖြူ ၊ သတ္တုရေနံ ၊ ပန်းကန်ဆေး ဆပ်ပြာဆီ နဲ့ ရေအနည်းငယ်တို့ကို ရောပြီးအသုံးပြုနိုင်ပါတယ်။
ရောဂါဖြစ်တော့မှ နောင်တမရလေအောင် မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာတော့ အကောင်းဆုံးပါပဲ။

70 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.