ဓမ္မတာမဆုံးခင် ကြိုတင်အချက်ပြနိုင်တဲ့ လက္ခဏာများ

အမျိုးသမီးတွေ အသက် ၄၀ကျော်၊ ၅၀မှာ ဖြစ်လေ့ရှိတဲ့ ဓမ္မတာပြီးဆုံးချိန်ဟာ တစ်ယောက်နဲ့ တစ်ယောက် အချက်ပြပုံချင်းမတူပါဘူး။ အမျိုးသမီး ဓမ္မတာပြီးဆုံးချိန်ဆို အရမ်းခံရပါတယ်။ တစ်ခါတစ်လေ ဓမ္မတာဆုံးချင်ပြီဆို ခန္ဓာကိုယ်မှာ အချက်ပြလေးတွေ ရှိတယ်။ကိုယ်တိုင်က သတိမထားမိတဲ့အခါ ဂရုစိုက်ဖို့ မေ့သွားတတ်ကြတယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှုလေးတွေ လုပ်ထားနိုင်လေအောင် ခန္ဓာကိုယ်က လက္ခဏာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

Image result for ဓမ္မတာ

ခန္ဓာကိုယ် အနံ့သက်

ချွေးထွက်များတဲ့အခါ ခန္ဓာကိုယ်အနံ့သက်မကောင်းဖြစ်တတ်ပေမယ့် ဓမ္မတာဆုံးချင်ပြီဆိုလည်း အနံ့သက်မကောင်းဖြစ်တတ်ပါတယ်။ အမှတ်မမှားလေအောင် ကိုယ့်အနံ့ကိုယ် သတိထားပါ။ လေ၀င်လေထွက်ကောင်းတဲ့ အကျီ င်္အသားအေးအေးလေးတွေ ၀တ်ဆင်ပါ။ ချွေးထွက်တတ်တဲ့ နေရာတွေ ဆပ်ပြာများများတိုက်ပေးပြီး ချွေးနံ့ပျောက်ဆေး သုံးပေးပါ။

အရိုးအဆစ်များ မခိုင်တော့ခြင်း

ခန္ဓာကိုယ်ထဲမှာ estrogen levels ဖြစ်ပေါ်လာတဲ့အခါ အရိုးဆစ်တွေ  အားနည်းလာတတ်ပါတယ်။ ဓမ္မတာမဆုံးခင် ငါးနှစ်လောက်တည်းက ဒီလက္ခဏာဟာ အစောကြီးအချက်ပြတတ်တယ်လို့ ဆရာဝန်များက ပြောပါတယ်။ အရိုးပွရောဂါ (သို့) အရိုးအားနည်းခြင်းတွေလည်း ပိုမိုဖြစ်ပွားနိုင်ပါတယ်။

ဆီးသွားခြင်း ပြဿနာ

Related image

ကလေးမွေးပြီးချိန် တင်ပါးဆုံအရိုးနားက ကြွက်သားတွေ အားနည်းတဲ့အခါ ဆီးသွားရင် အခက်ခဲဖြစ်တတ်ပါတယ်။ ဆီးမထိန်းနိုင်တော့ခြင်း (သို့) ဆီးသွားလို့မရတော့ခြင်းဖြစ်တတ်ပါတယ်။ သင်ဟာ ကလေးလည်းမွေးပြီးတာကြာပြီ။ ရုတ်တရက် ဆီးသွားလို့ အဆင်မပြေ၊ သွားရင်လည်း ကျင်သလိုခံစားနေရရင် ကြိုတင် အချက်ပြနေတာ ဖြစ်နိုင်ပါတယ်။

အမေ့လွန်လာခြင်း

ဟော်မုန်းတွေ ပြောင်းလဲလာတာကြောင့် စိတ်ဖိစီးမှုတွေများပြီး အကြောင်းရာတစ်ခုကို စဉ်းစားလို့မရ ၊ ခဏခဏ မေ့တတ်လာမယ်။ အာရုံစိုက်မရတော့ပဲ အရေးကြီးကိစ္စတွေပါ ထိခိုက်လာရင် ကိုယ့်ကိုကိုယ် အလိုမကျ၊ စိတ်တို ဒေါသထွက်ပြီး ပတ်ဝန်းကျင်ကိုပါ လိုက်ပြဿနာရှာတတ်တာကြောင့် ဒီလက္ခဏာပြနေပြီဆိုတာလည်း သတိချပ်သင့်ပါတယ်။

ကောင်းကောင်းအိပ်မရ

Related image

အမျိုးသမီးတွေအတွက် ဒီဟော်မုန်းက စိတ်ပိုင်းဆိုင်ရာနဲ့ ဆက်စပ်နေတာမို့ စိတ်အားငယ်၊ အထီးကျန်သလို ခံစားစေပြီး ညဘက်တွေ ကောင်းကောင်းအိပ်မပျော်စေတာမျိုး ဖြစ်စေပါတယ်။ ညကောင်းကောင်းအိပ်မပျော်ရင် နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာ သိပြီးသားပါ။ ဒီလိုအခြေအနေတွေမှာ စိတ်ကိုအတတ်နိုင်ဆုံး အရှင်းဆုံးထားပြီး တရားထိုင်ပေးတာ အကောင်းဆုံးပါပဲ။

အမြင်တွေပြောင်းလဲလာ

ခန္ဓာကိုယ်နဲ့ စိတ်ခံစားချက်တွေအားလုံးက တိုက်ရိုက်ထိတွေ့ ချိတ်ဆက်နေတော့ သင့်ရဲ့ အမြင်တွေအပေါ်လည်း ထိရောက်မှုတော့ ရှိတယ်။ ဟော်မုန်းတွေ တိုးလာတာနဲ့အမျှ အမြင်တွေ ပြောင်းလဲမြန်လာတယ်။ အတွေးခေါ်တွေလည်း သာမန်နဲ့မတူပဲ ထူးထူးခြားခြား တွေးမြင်လာတတ်ပါတယ်။

 

633 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.