Shaving လုပ်ပြီး အသားတွေယားယံနေရင် ….

အမျိုးသမီး ၅၈ရာခိုင်နှုန်းလောက်ပဲ အမွှေးအမျှင်သန့်စင်ရတာကို နှစ်သက်ပြီး ယောက်ျားလေး ၇၈ရာခိုင်နှုန်းကတော့ သူတို့မျက်နှာပေါ်က အမွှေးမျှင်တွေကို နေ့စဉ် သန့်စင်ရေးလုပ်ပေးကြတယ်လို့ သိပံ္ပပညာရှင်များရဲ့ လေ့လာမှုအရ သိရပါတယ်။ ဆိုလိုတာကတော့ သန်းချီတဲ့ လူပေါင်းများစွာဟာ အမွှေးမျှင် သန့်စင်ပြီးရင် ကျိန်းစပ်ယားယံတဲ့ ပြဿနာနဲ့ ရင်မဆိုင်ချင်လို့သာဖြစ်ပါတယ်။ ဒီတော့ အမွှေးမျှင်လည်း သန့်စင်ပြီး ကျိန်းစပ်ယားယံတာတွေကို သက်သာစေဖို့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

Image result for shaving

ပြောင်းမှုန့် (သို့) ကလေးပေါင်ဒါ

သန့်စင်ပြီးသား ပြောင်းမှုန့်ဟာ တစ်ချို့ အလှကုန်ပစ္စည်းတွေနဲ့ ကလေးပေါင်ဒါမှုန့်တွေမှာ ထည့်သွင်းအသုံးပြုထားကြပါတယ်။ ကလေးတွေမှာ diaper ကြောင့် အရေပြား ယားယံခြင်းနဲ့ အဖုပိမ့်ထွက်ခြင်းကို သက်သာစေဖို့ ပြောင်းမှုန့်ဟာ အကောင်းဆုံးပါပဲ။ ဒါကြောင့် အလွယ်တကူဝယ်လို့ရနို်င်တဲ့ ကလေးပေါင်ဒါမှုန့်ကို အသုံးပြုနိုင်သလို ပြောင်းမှုန့်ကိုပဲ သုံးချင်တယ်ဆိုလည်း ပြောင်းမှုန့်ကို ရေအနည်းငယ်နဲ့ ခပ်ပျစ်ပျစ်လေးရောစပ်ပြီး (၁၀)မိနစ်လောက် ထားပါ။ ပြီးရင် ရေနဲ့ဆေးချလိုက်ရုံပါပဲ။

ပျားရည်  

Related image

ရာစုနှစ်ပေါင်းများစွာ ပျားရည်ကို အရေပြားဆိုင်ရာပြဿနာတွေနဲ့ အနာရောဂါများအတွက် ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြပါတယ်။ ပျားရည်မှာပါတဲ့ anti – inflammatory နဲ့ anti – microbial တို့ဟာ အရေပြား ဖူးယောင် ကျိန်းစပ်ခြင်းကို မျက်လှည့်ပြသလို ပျောက်ကင်းစေပါတယ်။ အရေပြားလည်း ချောမွေ့ပြီး ရေဓာတ်ပြည့်ဝခြင်းကို လုံလုံလောက်လောက်ရရှိနိုင်ပါတယ်။ ပျားရည်စစ်စစ်ကို ယားတတ်တဲ့နေရာမှာ ၁၀ – ၁၅ မိနစ်လောက် လိမ်းပေးပြီး ကြက်သီးနွေးရေနဲ့ ဆေးချပေးလိုက်ပါ။

ဆီ(သံလွင်ဆီ ၊ tea tree oil ၊ vitamin E oil)

Image result for olive oil

သဘာဝအဆီတွေဟာ အသားရည်ကိုချောမွတ်စေပြီး ယားယံခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။ သံလွင်ဆီဆို အရေပြား ကွာလန်ပျက်စီးခြင်းကို အကောင်းဆုံးကုသပေးနိုင်ပြီး tea tree oil မှာ antibacterial ပါဝင်တဲ့အတွက် ယားယံကျိန်းစပ်ခြင်းကို သက်သာစေပါတယ်။ vitamin E oil ကတော့ antioxidant ဓာတ်များစွာပါဝင်တာကြောင့် အရေပြားပြဿနာမျိုးစုံကို အကောင်းဆုံးကုသပေးနိုင်တဲ့ နာမည်ကြီး အဆီတစ်မျိုးပဲဖြစ်ပါတယ်။ ကိုယ့်အရေပြားနဲ့ ကိုက်ညီပြီး အနံ့လည်းကောင်းမယ့် ဆီတစ်မျိုးကို ရွေးချယ်ပြီး ဂွမ်းစလေးနဲ့ ထိုဆီကိုသုတ်ကာ ယားတဲ့နေရာမှာ ပွတ်လိမ်းပေးပါ။ တစ်ခု သတိထားရမှာက သံလွင်ဆီဆို ဒီတိုင်းအလွတ် သုတ်လိမ်းပေးနိုင်ပြီး (lavender oil , tea tree oil ) တို့ဆို ရေ – လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာနဲ့ ရောစပ်ပြီးမှ အသုံးပြုသင့်ပါတယ်။

Vaseline ဂျယ်လ်

Shaving လုပ်ထားတဲ့နေရာတွေ ယားယံပြီး ခြောက်သွေ့နေသလို ခံစားရရင် ၊ သင်ဟာ မကြာခဏ shaving လုပ်တတ်သူဆို အစိုဓာတ်ကိုပါထိန်းညှိပေးပြီး နီမြန်းခြင်းကို သက်သာစေမယ့် vaseline ဂျယ်လ်ကို အသုံးပြုပေးနိုင်ပါတယ်။ သူ့မှာ သန့်စင်တဲ့ ရေနံချေး ၁၀၀ရာခိုင်နှုန်းပါဝင်တဲ့အတွက် အရေပြားအတွက် ယုံကြည်စိတ်ချစွာ အသုံးပြုလို့ရပါတယ်။ Vaseline ဂျယ်လ်ကို လိမ်းပြီး ၁၀- ၁၅ မိနစ်လောက်ထားပြီးတာနဲ့ ရေစိုတဘက်နဲ့ သန့်စင်ပေးပါ။

ရှားစောင်းလက်ပတ်

Image result for aloe vera gel

အရေပြားမျိုးစုံရဲ့  ဘယ်လိုအနာရောဂါပဲဖြစ်ဖြစ် လူသိများပြီး အယုံကြည်ရဆုံးနဲ့ အထိရောက်ဆုံး သဘာဝထုတ်ကုန်ပစ္စည်းတစ်ခုကတော့ ရှားစောင်းလက်ပတ်ပဲဖြစ်ပါတယ်။ အရေပြားခြောက်သွေ့ခြင်းအတွက် ရေဓာတ် ပြန်လည် ဖြည့်ဆည်းပေးနိုင်ပြီး ယားယံပျက်စီးနေတဲ့ အသားရည်က ဘတ်တီးရီးယားတွေ ကင်းစင်အောင် တိုက်ထုတ်ပေးနိုင်ပါတယ်။ ဂျယ်လ်လိုပဲ သူ့ကို ယားယံတတ်တဲ့နေရာမှာ လိမ်းကျံပေးပြီး အခြောက်ခံကာ ကြက်သီးနွေးရေနဲ့ ဆေးချပေးပါ။

သခွားသီး

ဗီတာမင်နဲ့ ရေဓာတ်များစွာပါဝင်တဲ့ သခွားသီးဟာ ယားယံပျက်စီးနေတဲ့ အသားရည်နဲ့ ခြောက်သွေ့တဲ့ အရေပြားကို အကောင်းဆုံးပြန်လည် ပြုပြင်ပေးနိုင်ပါတယ်။ သူ့မှာ anti – inflammatory ပါဝင်တဲ့အတွက် အရေပြားဆိုင်ရာ ပြဿနာတွေကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ပါတယ်။ သခွားသီးကို ပါးပါးလေးလှီးပြီး ၁၅မိနစ်လောက် ကပ်ထားပေးပါ။ လောင်ကျွမ်းနီမြန်းနေတဲ့ အသားရည်ကို အမြန်ဆုံးသက်သာချင်ရင် သခွားသီးကို ရေခဲသေတ္တာထည့်ထားပြီးမှ အသုံးပြုပါ။

Shaving လုပ်ပြီးတဲ့အခါ အရေပြား ယားယံ လောင်ကျွမ်းနာကျင်ခြင်းက ယောက်ျားလေးရော၊ မိန်းကလေးတွေပါ တွေ့ကြုံနေရတဲ့ အခြေအနေတစ်ခုပါ။ မျက်နှာ ၊ ခြေထောက်နဲ့ လူမြင်ကွင်း ခန္ဓာကိုယ် အစိတ်ပိုင်းနေရာတွေကို အမွှေးရိတ်လိုက်တဲ့အခါ နီမြန်းပြီး အဖုပိမ့်တွေထွက်လာရင် မြင်မကောင်းပါဘူး။ ဒါကြောင့် ဒီစည်းမျဉ်းလေးတွေကိုလည်း မမေ့မလျော့မှတ်ထားသင့်ပါတယ်။

  • အမွှေးသန့်စင်ပြီးသွားရင် ခရင်မ်(သို့) လိုးရှင်းလိမ်းပေးဖို့ မမေ့ပါနဲ့။

ဒီနည်းလမ်းတွေအတိုင်းသာ သေချာလုပ်ပေးမယ်ဆိုရင် အရေပြားယားယံ၊ ကျိန်းစပ်ခြင်းကို ရက်ပိုင်းအတွင်း သိသိသာသာပျောက်ကင်းသက်သာစေမှာပါ။

39 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.