ဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေသုံးစွဲစရာမလိုပဲ ကိုယ့်ရဲ့  ရုပ်ရည်သွင်ပြင်ကို သိသိသာသာပြောင်းလဲစေမယ့် လျှို့ ဝှက်ချက်

အလှပရေးရာ ကျွမ်းကျင်ပညာရှင်များကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစား စားဖို့ ၊ လေ့ကျင့်ခန်းလုပ်ဖို့နဲ့ နေ့စဉ်နေထိုင်မှုအကျင့်ဆိုးတွေကို ပြောင်းလဲပစ်ဖို့ အကြံပေးကြတာများပါတယ်။ တကယ်တမ်းလည်း သူတို့အကြံပြုချက်များက မှန်ကန်ပေမယ့် ပိုက်ဆံအများကြီး အကုန်မခံနိုင်သူ ၊ အချိန်မပေးနိုင်သူများအတွက် အခုပြောပြပေးသွားမယ့် နည်းလမ်းလေးတွေက စာဖတ်သူများအတွက် အမှန်တကယ်ထိရောက်စေမှာပါ။ သေးငယ်တဲ့ လျှို့ ဝှက်ချက်နည်းလမ်းလေးတွေဆိုပေမယ့် တစ်လအတွင်း သင့်ရဲ့ သွင်ပြင်ကို ပြောင်းလဲသွားစေမှာဖြစ်ပါတယ်။ သင့်ရဲ့ မျက်လုံးအရောင်တွေတောက်ပလာပြီး ဆံပင်တွေ၊ လက်သည်းတွေကလည်း သန်မာလာကာ ယုံကြည်မှုရှိရှိနဲ့ စတိုင်လ်ကျကျနေထိုင်လိုက်ရအောင် !

ခန္ဓာကိုယ်အတွက်

သကြားမုံလာ – ဘာအတွက်ကောင်းလဲ? သကြားမုံလာဖျော်ရည်ဟာ သွေးနဲ့ ပင်မသွေးလွှတ်ကြောလမ်းကြောင်းတွေကို သန့်စင်ပေးနိုင်ပါတယ်။ကျန်းမာတဲ့သွေးတွေ ခနာကိုယ်မှာလည်ပတ်နေမှသာ သင့်ရဲ့ ပြင်ပ ရုပ်ရည်ကလည်း ကြည်လင်လန်းဆန်းနေမှာဖြစ်ပါတယ်။ သူက ခနာကိုယ်အတွင်းပိုင်း အင်္ဂါတွေ ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ကူညီပေးပြီး အသားရည်ကိုလည်းစိုပြေစေပါတယ်။

ဒိန်ချဉ်နဲ့ဆား

Related image

ပင်လယ်ဆားနဲ့ ရိုးရိုးဆားကို ခွက်တစ်ခုထဲမှာရောထားပါ။ ပြီးရင် ဒိန်ချဉ်တစ်ခွက်ကိုလည်း ခုနကအရောထဲမှာ ထည့်မွှေပါ။ ညနေပိုင်း ရေချိုးပြီးတဲ့အခါ သင့်ရဲ့ ခနာကိုယ်ကို ခုနကအရောနဲ့ ဖြည်းညှင်းစွာ နှိပ်နယ်ပေးပါ။ အညောင်းညာပြေသွားပြီဆို ကြက်သီးနွေးရေနဲ့ ဆေးချပေးပါ။ ဒီနည်းလမ်းကို နေ့တိုင်းအသုံးပြုပေးနိုင်ပါတယ်။ သူက ဘာအတွက်ကောင်းလဲဆိုတော့..

ဆားမှာ ပိုးသတ်နိုင်တဲ့အစွမ်းသတ္တိတွေပါဝင်နေတယ်ဆိုတာ သိကြမှာပါ။ အရေပြားပေါ်က ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပြီး အသေးစားဝက်ခြံလေးတွေကို ပျောက်ကင်းစေပါတယ်။ဒိန်ချဉ်က အရေပြားကိုကြည်လင်စိုပြေစေတာမို့ ဆားနဲ့ရောစပ်ပြီး ခနာကိုယ်ကို scrub လုပ်ပေးမယ်ဆို အရေပြားက အမည်းစက်တွေ ၊ ညိုမည်းတာတွေကို သက်သာစေမှာပါ။ တကယ်လို့ သင့်မှာ ဒီိလိုလက္ခဏာတွေရှိနေတယ်ဆိုရင် ဆားကိုအသုံးမပြုသင့်ဘူးဆိုတာ သတိထားပေးပါ။

  • ထိခိုက်လွယ်တဲ့ အသားရေရှိနေခြင်း
  • အမာရွတ်၊ ခြစ်ရာ နဲ့ အသားရည်ဖူးရောင် ၊ နီမြန်ခြင်း

ကျန်းမာတဲ့လက်သည်းခွံလေးတွေ ပိုင်ဆိုင်နိုင်ဖို့

Image result for hand nail

ကျန်းမာသန်စွမ်းတဲ့ လက်သည်းခွံလေးတွေ ပိုင်ဆိုင်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အနည်းဆုံး ၅၀ဂရမ်ရှိတဲ့ အခွံမာသီး နေ့တိုင်းစားပေးဖို့ပဲလိုပါတယ်။ သစ်အယ်သီး ၊ သီဟိုဠ်စေ့ ၊ သစ်ကြားသီး (သို့) pistachios (စားကောင်းသည့် အစိမ်းဖျော့ရောင် အခွံမာသီးတစ်မျိုး) တို့ကို ကိုယ်ကြိုက်နှစ်သက်သလို ရွေးချယ်စားပေးနိုင်ပါတယ်။ အခွံမာသီးတိုင်းမှာ လုံလောက်တဲ့ fatty acids နဲ့ ဗီတာမင် အီးပါဝင်တဲ့အတွက် သင်လိုအပ်နေတဲ့ ကျန်းမာရေးနဲ့ အလှပရေးရာအတွက် အထောက်ကူပြုပေးနိုင်မှာအမှန်ပါပဲ။

နက်မှောင်သန်စွမ်းတဲ့ ဆံကေသာအတွက်

မုန်ညင်းပေါင်ဒါမှုန့် နဲ့ ဆံပင်ပေါင်းတင်ဆီ

 

Image result for hair maskညာရှင်များက ဒီလိုပေါင်းတင်နည်းကို သုံးရက်ခြား တစ်ခါသာလုပ်ပေးဖို့ အကြံပေးထားပါတယ်။ ပေါင်းတင်ဖို့ပြင်ဆင်ရာတွင် မုန်ညင်းပေါင်ဒါမှုန့်ကို ဟင်းရွက်ဆီနဲ့ရောပြီး ကောင်းကောင်းသမအောင် မွှေပေးပါ။ အနှစ်ရပြီဆို စိုစွတ်နေတဲ့ ဆံသားပေါ်သုတ်လိမ်းပေးပြီး မိနစ် ၃၀လောက်ပေါင်းပေးထားပါ။ အချိန်ပြည့်ပြီဆို ကြက်သီးနွေးရေနဲ့ ဆေးချလိုက်လို့ရပါပြီ။ ဆံပင်အရှည်မြန်ပြီး ပုံမှန်ဒီပေါင်းတင်နည်းကို အသုံးပြုပေးမယ်ဆိုရင် နက်မှောင် သန်စွမ်းတဲ့ဆံကေသာကို ပိုင်ဆိုင်ရတော့မှာပါ။ သင့်မှာ သွေးတိုးရောဂါ ၊ နှလုံးရောဂါ (သို့) သွေးကြောနဲ့ဆက်စပ်နေတဲ့ ကျန်းမာရေးလက္ခဏာတွေရှိနေရင် ၊ ဦးရေပြားမှာ ကြမ်းထော်သော အနီအပိမ့်များ ၊  အသေးစား ဒဏ်ရာ ၊ ဖူးရောင်နီမြန်းခြင်း ၊ မုန်ညင်းနဲ့ မတည့်သူ ၊ ကိုယ်ဝန်ဆောင်မိခင်ဆိုရင် ဒီနည်းလမ်းကိုအသုံးမပြုဖို့ သတိပေးချင်ပါတယ်။

ကြည်လင် ကြော့ရှင်းတဲ့ မျက်နှာ

Related image

အိပ်ရာမ၀င်ခင် (၁)နာရီအလို မျက်နှာသစ်တဲ့အခါ glycerine နဲ့ ဗီတာမင်အီးကိုရောပြီး အသုံးပြုပေးနိုင်ပါတယ်။ အသုံးပြုတဲ့အခါ ဗီတာမင်  အီး (၁၀)လုံးနဲ့ glycerine တစ်အောင်စကို အရည်ဖြစ်အောင် ရောစပ်ကြိတ်ခြေပါ။ နူးညံ့တဲ့ ဘရက်ရှ်နဲ့ မျက်နှာကို သုတ်လိမ်းပေးပြီး နှိပ်နယ်ပေးပါ။ အာဟာရဓာတ်များကို အရေပြားဆဲလ်တွေစုတ်ယူသွားပါလိမ့်မယ်။ မျက်နှာစေးကပ်တာ မကြိုက်ရင် Spray ဘူးထဲထည့်ပြီး ဖျန်းပေးပါ။ ပုံမှန်အသုံးပြုပေးရင် မျက်နှာအသားရည်က အမည်းစက်တွေ၊ အညိုကွက်တွေ တဖြည်းဖြည်းသက်သာသွားပြီး ဖြူဖွေးနူုးညံ့လာပါလိမ့်မယ်။ အသုံးမပြုခင် သတိချပ်သင့်တာလေးတွေက – ဆေးဆိုင်မှာ glycerine သွားဝယ်တဲ့အခါ အရည်သွေးပြည့်ဝတဲ့ glycerine ဖြစ်ဖို့လိုပါတယ်။ ဗီတာမင် အီးနဲ့ မတည့်တဲ့သူကတော့ ရှားပါတယ်။ ဒါပေမယ့် သေချာချင်ရင် ကိုယ့်ရဲ့ လက်ကောက်ဝတ် (သို့) တံတောင်ဆစ်မှာ အရင်စမ်းကြည့်ပါ။ ဘာမှမဖြစ်ဘူးဆိုရင် မျက်နှာမှာအသုံးပြုလို့ အဆင်ပြေစေမှာပါ။

ရှည်လျား ကော့စင်းတဲ့ မျက်တောင်မွှေး

Related image

တစ်ချို့ မိန်းကလေးတွေမှာ မျက်တောင်မွှေး ကော့ကော့ရှည်ရှည်လေးတွေရှိရင် အားကျမိလေသလား..။ ကိုယ်တိုင်လည်း ဒီလိုမျက်တောင်လေးတွေကို ပိုင်ဆိုင်နိုင်တော့မှာနော်။ လိုအပ်တာလေးတွေက ကုန်သွားတဲ့ mascara ဗူးတောင့်ကို ဘရက်ရှ်နဲ့ သေချာဆေးကြောပါ။ ဗူးခြောက်သွားတဲ့အခါ ဂျုံစေ့အဆီတွေ ထည့်ထားပါ။ အိပ်ရာမ၀င်ခင် သင့်မျက်တောင်မွှေးတွေကို ထို mascara နဲ့ ကော့ပေးလိုက်ရုံပါပဲ။ ပုံမှန်လုပ်ပေးသွားရင် တစ်လကြာတဲ့အခါ သင့်ရဲ့ မျက်တောင်မွှေးနက်နက်လေးတွေ အံ့သြစရာကောင်းအောင် ရှည်ထွက်လာမှာကို မြင်တွေ့ရပါလိမ့်မယ်… ကဲ ဒါဆို အလှကုန်ပစ္စည်းတွေကို ဈေးကြီးပေးဝယ်နေစရာမလိုပဲ သဘာဝနည်းလမ်းလေးတွေနဲ့ အန္တရာယ်ကင်းတဲ့ အလှပရေးရာလျှို့ ဝှက်ချက်လေးတွေကို ခုပဲ စလုပ်ကြရအောင် !

82 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.