ဒီလိုအပြုမူတွေကြောင့် မိမိနေ့စဉ်ဘ၀ကို ဖျက်ဆီးမိနေတယ်ဆိုတာ သိပါသလား

လူတိုင်းဟာ အမြဲတမ်း မကောင်းသလို ၊ အမြဲလည်း ဆိုးသွမ်းမနေနိုင်ပါဘူး။ တစ်ချို့ သော အပြုသဘောမဆောင်တဲ့အမူကျင့်တွေက ကိုယ့်ဘ၀ ၊ ကိုယ့်တက်လမ်းကို ပိတ်မိသလိုတွေ ဖြစ်စေပါတယ်။ ဒါတွေဟာ နေ့စဉ်ကြုံတွေ့နေရတဲ့ အရာတွေပါပဲ။ လူကြီးတွေ၊ ဆရာသမားတွေဟာ ကောင်းမွန်တဲ့အရာတွေပဲ လမ်းပြပေးနိုင်မှာပါ။ မပြောင်းလဲပေးနိုင်ပါဘူး။ မိမိသာ ပြောင်းလဲရမှာဖြစ်ပါတယ်။ မိမိကိုယ်တိုင်တောင်မသိဘဲ နေ့စဉ်ဘ၀ကို ဖျက်ဆီးမိနေတဲ့ ဒီအကျင့်တွေကို အခုကစပြီး ပြင်ဆင်လိုက်ရအောင် ။

ကိုယ်ပိုင်အချိန် မရှိခြင်း

Image result for no time

အကုန်လုံးကတော့ လူ့အသိုင်းဝိုင်းနဲ့ ၀င်ဆန့်အောင် နေချင်ကြတာပါပဲ။ ဘာကြောင့်လဲ.. ။ လူတိုင်း အထီးကျန်နေရမှာကို ကြောက်ပါတယ်။ ဒါသဘာဝပါပဲ။ လစ်လျရှုခံထားရတဲ့ ခံစားချက်ကို လူတိုင်းမလိုချင်ဘူး။ ကိုယ့်အနာဂတ်အတွက် အကျိုးရှိစေမယ့်အရာမှန်ရင် ဆုံးဖြတ်ချက်တစ်ခု ချပြီး တတ်နိုင်သလောက် အခြေအနေတစ်ခုကို မြန်မြန်ပြောင်းလဲချင်ကြပါတယ်။ တကယ်တော့ အထီးကျန်ခြင်းဟာ ကောင်းကောင်းအသုံးချတတ်ရင် အကျိုးရှိတယ်ဆိုတာ လူအများစု သဘောမပေါက်ကြဘူး။ ပုံမှန်ကိစ္စတစ်ခု ကြုံတွေ့လာပြီဆို အလျင်စလို လုပ်တတ်တဲ့အကျင့်က ပိုပြီးစိတ်ပင်ပန်း ၊ အားကုန်စေပါတယ်။ သတ္တိရှိရှိနဲ့ ယုံကြည်မှုအပြည့်ထားကာ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ကြည့်ပါ။ ဒီအချိန်မှာ တစ်ယောက်တည်းရှိနေဖို့ လိုအပ်ပါတယ်။ တစ်ယောက်တည်းရှိနေမှသာ ကိုယ်ဘာဖြစ်ချင်တာလဲ ၊ တကယ်လိုအပ်နေတာက ဘာလဲဆိုတာကို သေချာသိနိုင်မှာပါ။ လူတိုင်းမှာ ကိုယ်ပိုင်အချိန်ဆိုတာ ရှိသင့်ပါတယ် ။ တစ်ယောက်တည်းရှိနေတိုင်း အထီးကျန်တာမဟုတ်သလို ဒါက depression ၀င်တာနဲ့ လားလားမှ မသက်ဆိုင်ပါဘူး။

တနုံ့နုံ့တွေးကာ ခွှင့်မလွှတ်နိုင်ဖြစ်နေခြင်း

Image result for can't forgive

ပြန်ပြီး မတွေးချင်တဲ့အရာတွေ ၊ သစ္စာဖောက်ခံရမှုတွေ ၊ နောက်ကျောဓားနဲ့ထိုးခံရတာတွေ စသဖြင့် အမှတ်တရဆိုးတွေ ရှိခဲ့ဖူးကြမှာပေါ့။ ဒီလိုစိန်ခေါ်မှုတွေနဲ့ လူတိုင်းရင်ဆိုင်ရပါတယ်။ တကယ်လို့ ထိပ်တိုက်ရင်ဆိုင်လာရပြီဆို ကိုယ့်ကိုကိုယ် ဒီလိုမကောင်းတဲ့ အကျိုးဆက်တွေကြားမှာ အနစ်မွှန်းမခံပါနဲ့။ ဖြစ်ပြီးသားအရာတွေကို လက်ရှိအချိန်ထိ သယ်လာဦးမယ်ဆိုရင် ဘယ်သွားသွား ၊ ဘာလုပ်လုပ် ပျော်နိုင်မှာမဟုတ်ဘူး။ ဒါဟာ ကိုယ့်ကိုကိုယ်နှိပ်စက်နေတာနဲ့ အတူတူပါပဲ။ စဉ်းစားဖို့တောင် မထိုက်တန်တဲ့အရာတွေကို အချိန်ပေးနေရင် ဘ၀အတွက် အကြီးမားဆုံးအခွင့်ရေးကောင်းတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ဒီစက်ဝန်းထဲက လွတ်မြောက်နိုင်ဖို့ ခါးသီးနေတဲ့ခံစားချက်တွေ ၊ ပူဆွေးသောကတွေကို ဖယ်ထုတ်နိုင်ဖို့ လိုပါတယ်။ အတိတ်ကို အတိတ်မှာထားခဲ့ပြီး လက်ရှိအချိန်မှာ ပျော်ရွှင်စွာပဲ နေထိုင်ကြစို့ ။

အခြားလူတွေနဲ့နှိုင်းယှဉ်မိနေုခြင်း

မသိမသာ ကိုယ့်ဘ၀နဲ့ သူများဘ၀ကို နှိုင်းယှဉ်မိတတ်ကြတယ်။ ဘာရယ်မဟုတ်ပေမယ့် လူတွေရဲ့ ဖြစ်တတ်တဲ့ စိတ်နေသဘောထားပါ။ ခဏခဏ ကိုယ်ဟာ နှိုင်းယှဉ်နေမိမယ်ဆိုရင် ကိုယ့်ကိုကိုယ်အာရုံစိုက်ဖို့ လိုနေပြီလို့ အကြံပေးချင်ပါတယ်။ လူတိုင်းမှာ သူကျွမ်းကျင်တဲ့အရာတစ်ခုကို ပိုင်ဆိုင်ထားပြီးသားပါ။ သေချာထုတ်မသုံးတတ်လို့သာ အရောင်မှိန် ပျောက်ကွယ်နေရတာဖြစ်ပါတယ်။ ဘယ်သူမှမပြည့်စုံနိုင်ဘူးဆိုတာကို လက်ခံထားရင် သူများတွေနဲ့ ကိုယ့်ဘ၀နှိုင်းယှဉ်တာကို ရပ်လိုက်ပြီး အားအင်တွေကို မဖြုန်းတီးပါနဲ့တော့။ အရင်က အောင်မြင်ခဲ့ဖူးတဲ့အရာတွေကို ပြန်တွေးပြီး စိတ်ဓာတ်ခွန်အားပြန်ယူပါ။ အဓိက အချိန်တွေမဖြုန်းတီးပဲ ကိုယ့်ဘာသာအကျိုးရှိအောင်အသုံးချနိုင်မယ်ဆိုရင် တစ်နေ့မှာ သူလို ငါလို ရင်ဘောင်တန်းနိုင်တဲ့သူတစ်ယောက်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

ခံစားချက်တွေကို ဖုံးကွယ်ထားခြင်း

Image result for sad

ကိုယ်အရင်းနှီးဆုံးလူတွေ၊ သူငယ်ချင်း ချစ်သူမိတ်ဆွေတွေကို စိတ်ထဲရှိတဲ့အတိုင်း ခံစားချက်တွေကို ထုတ်ဖော်ပြဖို့ ၀န်လေးတတ်ကြတယ်။ စိတ်ခံစားချက်တွေကို ဖော်ပြရင် အားနည်းချက်ကိုပြရာ ရောက်တယ်လို့ တွေးတဲ့လူတွေရှိပါတယ်။ အရာရာတိုင်းဟာ အလိုက်သင့်လေးဆို အကုန်ဆင်ပြေပါတယ်။ စိတ်ထဲဘာဖြစ်နေလဲ မပြောပြပဲ တစ်ဖက်ကလည်း မသိနိုင်ပါဘူး။ ပါးစပ်က တတွတ်တွတ်ပြောနေပြီး အမူရာတွေက အေးစက်နေရင်လည်း အပိုဖြစ်ပါတယ်။ စိတ်ထဲရှိတဲ့အတိုင်း ခံစားချက်အစစ်မှန်တွေကိုဖော်ပြရင်း ကိုယ့်ရဲ့ အားနည်းချက်တွေကိုလည်း သိကောင်းသိသွားနိုင်ပါတယ်။ အားနည်းချက်သိသွားပြီဆိုပြီး သင့်ရဲ့ တန်ဖိုးဟာ ကျဆင်းသွားတာတော့မဟုတ်ပါဘူး။ သင့်ရဲ့ အားနည်ချက်ကြောင့် အဝေးကိုရှောင်ဖယ်မသွားပဲ လက်ခံပေးနိုင်တယ်ဆို ဒီလူကို တန်ဖိုးထားပါ။ လူသားအချင်းချင်း ချစ်ခြင်းမေတ္တာတွေ အပြန်လှန်ဝေမျှ ဖွင့်ထုတ်ရတာဟာ လှပတဲ့အရာတစ်ခုပါ။ ဒါကြောင့် စစ်မှန်တဲ့ခံစားချက်တွေ ဖွင့်ထုတ်ပြီး မေတ္တာတရားတွေနဲ့ လောကကြီးကို ဖြန့်ကျက်ထားကြစို့လား ။

 

964 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.