မိုးရာသီမှာဖြစ်လေ့ရှိတဲ့ စိတ်ဖိစီးမှုပြဿနာတွေနဲ့ ကြုံတွေ့လာခဲ့ရင်  

မိုးရာသီကို နှစ်သက်ကြတဲ့လူတွေဆိုတာ ခပ်ရှားရှားရယ်ပါ။ ကာလရှည်ကြာလွန်းတဲ့ မိုးရာသီကို သဘောမကျသူများအနေနဲ့ စိတ်တို ၊ ဒေါသထွက်လွယ်တဲ့စိတ်ကို ဘယ်လိုဖြေဖျောက်မလဲ?

အိပ်ရေး၀၀အိပ်

Image result for sleep

မနက်စောစောအိပ်ရတဲ့အခါ ပင်ပန်းနွမ်းနွယ် ညောင်းညာခက်ခဲနေသလို စိတ်ခံစားချက်နဲ့ သင်နိုးထချင်မှာမဟုတ်ပါဘူး။ လုံလောက်တဲ့ အနားယူမှုမျိုး သင့်မှာမရှိရင် ဘာပဲလုပ်လုပ် အားနှစ်ဆပိုပြီး စိုက်ထုတ်ရတယ်။ အိပ်ရေး၀၀အိပ်ပါ။ အလွန်ကျွံတော့ မအိပ်မိစေပါနဲ့။ မိုးရာသီမှာ ဗီတာမင် D ဓာတ်ဖြည့်ပေးဖို့လည်း လိုအပ်ပါတယ်။ သူက သင့်ရဲ့ ကျန်းမာရေးအတွက် အထောက်ကူပြုပြီး စိတ်ခံစားချက်ကိုလည်း သာယာစေပါတယ်။

ဖြည်းဖြည်းနဲ့မှန်မှန်ပဲလုပ်

အလုပ်လုပ်နေပြီဆို သေချာအာရုံစိုက်လုပ်ပါ။ စိတ်ကနှစ်လို့မရဘူး… အာရုံတွေပျံလွှင့်နေတယ်ဆိုရင် ခဏအနားယူလိုက်ပါ။ အာရုံစိုက်လို့ မရမချင်း ကိုယ့်ကိုကိုယ်အတင်းဖိပြီး မခိုင်းပါနဲ့။ စိတ်ထွက်ပေါက်ခဏပေးဖို့လိုပါတယ်။ အပြင်မှာ မိုးရွာနေတယ်ဆိုရင် ပြတင်းပေါက်ခဏ ထွက်ကြည့်ပြီး  မိုးသံလေးတွေ နားဆင်ပါ။ မိုးရာသီကိုမုန်းတဲ့လူတစ်ဦးဆိုရင်တောင် သဘာဝတရားကို ချောကလက်ပူပူလေးတစ်ခွက်သောက်ရင်း ခံစားကြည့်လိုက်ပါ။ စိတ်တွေ ပြန်လည်လန်းဆန်းလာပါလိမ့်မယ်။

တရားထိုင်

Image result for meditation

မနက်စောစော တရားထိုင်ခြင်းက စိတ်ငြိမ်အောင်လုပ်တဲ့ နည်းလမ်းတွေထဲမှာ အထိရောက်ဆုံးပါပဲ။ မနက်စောစောထပြီး မိနစ်အနည်းငယ်လောက် ၀င်လေ၊ ထွက်လေမှတ်ပြီး တရားထိုင်ကြည့်ပါ။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွပြီး အင်အားအပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ မနက်ဆည်းဆာအလှကို ခံစားပြီးရင် လေ့ကျင့်ခန်း တစ်နာရီလောက်လုပ်ပေးပါ။ အရမ်းကို ပေါ့ပါးသွားပြီး လေးလံထိုင်းမှိုင်းချင်တဲ့စိတ်တွေ ဝေးဝေးကိုပြေးသွားပါလိမ့်မယ်။

သီချင်းနားထောင်

Image result for music

သာယာတဲ့ တေးဂီတသံစဉ်တွေနားထောင်ပါ။ စိတ်အခြေအနေကို မြှင့်တင်ပေးနိုင်တဲ့ အရာတွေထဲမှာ သီချင်းသံစဉ်တွေကလည်း အဓိကဖြစ်ပါတယ်။ တေးသွားတွေဟာ လူတစ်ယောက်ရဲ့ စိတ်ကို ပျော့ပျောင်းနူးညံ့စေတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းလေးဖွင့်ပြီး စိတ်ပါရင် လွတ်လပ်စွာကခုန်လိုက်ပါ။ စည်းချက်ကျကျ ဖြည်ညှင်းစွာ ယိမ်းနွဲ့ကခြင်းဟာလည်း သင့်ရဲ့ စိတ်ကို အပန်းပြေစေပါတယ်။ ဒါကြောင့် ကခုန်ဖို့မမေ့နဲ့နော်။

အပေးယူမျှတတဲ့ အပြန်လှန်စကားပြောဆိုမှု

Related image

အင်တာနက်ကနေပဲဖြစ်ဖြစ် ၊ အပြင်မှာပဲဖြစ်ဖြစ် ကိုယ်နဲ့အပေးယူမျှတတဲ့ စကားအပြန်လှန်ပြောနိုင်သူကိုပဲ ဆက်သွယ်ပါ။ သူရော၊ ကိုယ်ရော စိတ်ဝင်စားမယ့်အကြောင်းရာတစ်ခုကို အစပျိုးပြီး လမ်းကြောင်းဖွင့်စကားပြောခြင်းဟာ နှစ်ဦးနှစ်ဖက်လုံးကို စိတ်ရွှင်မြူးမှုပေးနိုင်ပါတယ်။ တစ်ဖက်တည်းက နားမထောင်ချင်တဲ့အကြောင်းတွေ ပြောချင်ရာပြောနေတာမျိုးဆို အချိန်ကုန်ပြီး အကျိုးမရှိတဲ့ စကားဝိုင်းတစ်ခုပဲဖြစ်ပါလိမ့်မယ်။ အဲ့ဒီလိုဆို သင့်ကိုစိတ်ပျော်ရွှင်မှုလည်း မပေးနိုင်တော့ပါဘူး။ တစ်နေ့တာ ကြုံတွေ့သမျှအခြေအနေတွေကြောင့် သင်ရယ်မောမပျော်ရွှင်နိုင်ရင်တောင် ဟာသရုပ်ရှင်တွေများများကြည့်ပါ။ အနည်းဆုံးတော့ စိတ်သက်သာရရပါလိမ့်မယ်။

လူအများစုဟာ အချိန်မရွေး ဒီလိုအခြေအနေမျိုးတွေကို ကြုံတွေ့နိုင်ပါတယ်။ မိုးရာသီမှာဆို စိတ်အခြေအနေတွေက ပိုရှုပ်ထွေးနိုင်တယ်လို့ ကျန်းမာရေးပညာရှင်များက ပြောထားတဲ့အတွက် ဖော်ပြပါနည်းလမ်းလေးတွေဟာ စာဖတ်သူများအတွက်တော့ အကျိုးပြုနိုင်လိမ့်မယ်ထင်ပါတယ်။

132 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.