ဒီနှစ်ရဲ့ဖက်ရှင်ကတော့ သိပ်ပြီး မိန်းမ မဆန်ဘူးလို့ ပြောလည်းရပါတယ်။ ထုံးစံအတိုင်း အနက်ရောင် ကတော့ မရိုးတဲ့ဖက်ရှင်ပေါ့။ နောက်လှည့်ကွက်တစ်ခုကတော့ အဖြူနဲ့အနက် တစ်ထပ်စီ ၀တ်တာပါပဲ။ 2NE1 အဖွဲ့လိုမျိုး K-pop စတားတွေကတော့ ဒီလျှို့ဝှက်ချက်ကို ကောင်းကောင်းသိကြပါတယ်။ စင်ပေါ်ပဲတက်တက်၊ လေဆိပ်ပဲသွားသွား ၊ ဓါတ်ပုံပဲရိုက်ရိုက် အနက်ရောင်ကိုတော့ စွဲစွဲမြဲမြဲ ၀တ်ဆင်ကြပါတယ်။
ဒီလိုဆို အနက်ရောင်လို့တော့ သိရပြီ။ ဘယ်လိုပုံစံမျိုး ၀တ်ဆင်ကြည့်မလဲ။
ပုံစံသွက်တဲ့ ချစ်စရာ စကတ်တိုအပါးလေးတွေကို အဖြူရောင်အင်္ကျံနဲ့ တွဲဖတ်ဝတ်ဆင်နိုင်ပါတယ်။ ပုံမှာ ၀တ်ထားတဲ့အတိုင်း အင်္ကျံခပ်ပွပွကို စကတ်ထဲထည့်ပြီး ၀တ်တာက ဖက်ရှင်ကျသလို ချစ်ဖို့လည်း ကောင်းပါတယ်။
ဇစ်တပ်ထားတဲ့ ဂျက်ကက်တွေဟာ အမြဲတမ်း အစွန်းနှစ်ဖက်မှာ ရှိပါတယ်။ သူ့ကို ဘွတ်အရှည်နဲ့ တွဲဝတ်ရင် အရမ်းလန်းတဲ့ပုံစံ ရနိုင်ပြီး အောက်က အသားကပ်တစ်ထည်နဲ့ တွဲဖက်ဝတ်ရင်တော့ ရုံးတက်ဖို့ပါ အဆင်ပြေပါတယ်။
skinny jeans တွေကတော့ ပုံမှန်ထသွားထလာဝတ်ဖို့ အတော်လေး အဆင်ပြေပါတယ်။ အနက်ရောင် skinny jeans ဆိုတော့ အင်္ကျံလည်း ရွေးရသက်သာတာပေါ့။
အေးတဲ့ရာသီမှာတော့ ဆွယ်တာကို အနက်ရောင်တစ်ထည်ဝယ်ထားလိုက်ရင် အ၀တ်အစားအတွက် အတော်လေးစဉ်းစားရ သက်သာပါတယ်။“The Heirs” ဇာတ်ကားထဲက မင်းသမီးလည်း အလားတူ အနက်ရောင်ကို နှစ်သက်ပါတယ်။
ပြီးတော့ သားရေဘောင်းဘီအနက်ရောင် အပြောင်သားတွေကို အခုလို hoodie ရောင်စုံလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ အရမ်းအထာကျပါတယ်။ hoodie က ကိုယ့်အရွယ်ထက် အနည်းငယ် ကြီးနေရင် ပိုအထာကျပါတယ်။
Ref:kpopstarz