မပျင်းတဲ့ မိန်းကလေးတွေအတွက် အလှတရားဆိုတာ အမြဲရှိနေမယ်…

အသက်ရွယ်လောက်ပဲရှိရှိ အမျိုးသမီးတိုင်း သဘာဝနုပျိုမှုနဲ့ အလှတရားကို ခုံမင်ကြပါတယ်။ နာမည်ကြီး မင်းသမီးတွေကိုကြည့်လိုက်ရင် အသက်သာကြီးသွားမယ် လူကတော့ နုပျိုနေတုန်းပဲ။ ဒါဟာ ဘာကြောင့်များလဲလို့ အဖြေကိုသိချင်နေမှာပါ။ ပထမဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ ကျန်းမာတဲ့ အသားရည်ပဲဖြစ်ပါတယ်။ လူတိုင်း သူတို့လို လှပအောင်လုပ်နိုင်ဖို့ဆိုတာ မလွယ်လောက်ပါဘူး။ ဒါကြောင့် အရေပြားဆိုင်ရာ ပညာရှင်များအကြံပြုတဲ့ နည်းလမ်းလေးတွေကို စာဖတ်သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ကော်ဖီသောက်တော့မယ်ဆိုရင်

Image result for coffee

ဟောလိဝုဒ်မှ အလှပဆိုင်ရာ ပညာရှင် Joanna Vargas ကတော့ ကော်ဖီချစ်သူတွေကို နေ့လည် ၂နာရီကျော်တာနဲ့ ကော်ဖီမသောက်ဖို့ အကြံပြုထားပါတယ်။ ကဖင်းဓာတ်ဟာ အသားရည်အတွက် မကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုသာပေးနိုင်ပါတယ်။ ဒါပေမယ့် ညနေပိုင်းထက် မနက်ပိုင်းဟာ အစာခြေစနစ် ပိုမြန်တဲ့အတွက် မနက်ပိုင်းကော်ဖီသောက်ချင် သောက်လို့ရပါတယ်။ ကော်ဖီနေရာမှာ ရေ ၊ herbal tea , အအေး နဲ့ ဓာတ်ဆားရေ တို့ကိုအစားထိုးသောက်ပေးနိုင်ပါတယ်။

မျက်နှာသုတ်ပ၀ါ ပုံမှန်လဲပေး

Image result for bath towel

အကောင်းစား skin care တွေသုံးနေရုံနဲ့ အသားရည်ကောင်းလာဖို့ဆိုတာ မလုံလောက်သေးပါဘူး။ ကိုယ်အသုံးပြုနေတဲ့ မျက်နှာသုတ်ပ၀ါတွေ ၊ ခေါင်းအုံးစွပ်တွေ ဘယ်နခါလောက် ပုံမှန်လဲပေးလည်းဆိုတာပေါ် မူတည်ပါတယ်။ ပုံမှန်လဲပေးခြင်းမရှိဘူးဆိုရင် အသားရည်မှာ ဆဲလ်သေတွေဖြစ်ပေါ်စေပြီး ၀က်ခြံတို့ ၊ မျက်နှာအသားရည် မည်းညစ်တာတို့ဖြစ်ရတာပါ။ တကယ်လို့ သင်ဟာ အဆီပြန်တတ်တယ်ဆိုရင် ၃ရက်ခြားတစ်ခါ (သို့) တစ်ပတ်ခြားတစ်ခါ  အိပ်ရာခင်းလဲပေးသင့်ကြောင်း ဆရာဝန်များက အကြံပြုထားပါတယ်။

အထိခိုက်လွယ်တဲ့ အသားရည်ပိုင်ရှင်များ

Image result for sensitive skin

သင့်ရဲ့ အသားရည်ဟာ အထိခိုက်လွယ်တယ်ဆိုရင် scrub မသုံးပါနဲ့။ ၀က်ခြံရှိတယ်ဆိုရင် scrub သုံးလိုက်တဲ့အခါ ပိုပြီးနီမြန်း ရောင်ယမ်းလာကာ အခြေအနေဆိုးသွားပါလိမ့်မယ်။ alcohol နဲ့ soap မပါဝင်တဲ့ ပစ္စည်းတွေအသုံးပြုပေးပါ။ ကိုယ်သုံးတဲ့ skin care က အသားရည်ပေါ် ထိရောက်မှု ညင်သာမှ ၀က်ခြံတွေကိုလည်း သက်သာစေပြီး နီမြန်းတာတွေလည်း ပျောက်ကင်းသွားမှာပါ။

အလှကုန်ပစ္စည်းတွေ ရွေးချယ်တဲ့အခါ

အလှပရေးရာ ပညာရှင်တွေကတော့ ဂျပန်နဲ့ တောင်ကိုရီးယားမှ ထုတ်တဲ့အလှကုန်ပစ္စည်းတွေက Whitening အတွက်ကောင်းပြီး ဥရောပနဲ့ အမေရိကန်ထုတ် အလှကုန်တွေကတော့ အသားရည်တင်းရင်းစေမှုအတွက် ကောင်းတယ်လို့ အကြံပြုထားပါတယ်။ အာရှထုတ်ပစ္စည်းတွေမှာ အသားရည်ဖြူဝင်းစေပြီး အစိုဓာတ်ကောင်းကောင်းဖြည့်ပေးနိုင်တဲ့ အလှကုန်ပစ္စည်းတွေရှိပါတယ်။ အနောက်နိုင်ငံမှ အလှကုန်တွေက အရေးကြောင်း ၊ ၀က်ခြံနဲ့ အသားရည်လျော့တွဲမှုများအတွက် ပိုမိုထိရောက်ကောင်းမွန်စေကြောင်း သုံးသပ်ထားပါတယ်။

တတ်နိုင်သမျှ စောစောအိပ်

တစ်နေ့ကို ၁၀ မိနစ်ဆီ အရင်နေ့တွေထက် တတ်နိုင်သမျှ စောစောအိပ်သွားနိုင်ရင် အကောင်းဆုံးပါ။ စောစောအိပ် ၊ စောစောထတတ်တဲ့အကျင့်ဟာ သင့်ရဲ့ တနေ့တာလုပ်ငန်းစဉ်တွေကို ပြီးမြောက်စေပြီး အသားရည်အတွက်လည်း အထူးကောင်းမွန်စေတယ်လို့ သိရပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်အနားယူခြင်းရှိမှ စိတ်လည်းလန်းဆန်းမှုရှိမှာ ဖြစ်ပါတယ်။

မျက်နှာသန့်စင်တဲ့အခါ

Image result for washing face

အသားရည်ဂရုစိုက်တော့မယ်ဆိုရင် မျက်နှာသန့်စင်တဲ့အပိုင်းက အရေးကြီးဆုံးပါပဲ။ သန့်စင်တဲ့အခါ အဆင့်နှစ်ဆင့် လိုပါတယ်။ ပထမဆုံး oil-based နဲ့ မျက်နှာကို ဆေးရပါမယ်။ မျက်နှာမှာရှိတဲ့ အဆီတွေ ဖုန်မှုန့်တွေကို အကောင်းဆုံးဖယ်ရှားပေးနိုင်တာ အဆီပါပဲ။ ပြီးရင်တော့ ပုံမှန်သုံးနေကြ မျက်နှာသစ်ဆေးကို အသုံးပြုနိုင်ပါပြီ။ ဒီနည်းလမ်းဟာ အဆီပြန်တတ်တဲ့သူနဲ့ ၀က်ခြံသမားတွေအတွက်တောင် ထိရောက်မှုရှိစေပါတယ်။

ပြောပြပေးသွားတဲ့ နည်းလမ်းတွေအတိုင်းလိုက်နာပြီး skin care ကိုဂရုစိုက်ပေးမယ်ဆိုရင် နှစ်ပေါင်းများစွာကြာလည်း သင့်ရဲ့  သဘာဝအလှတရားကို ထိန်းသိမ်းသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.