စိတ်ကြည်လင်တဲ့နေ့တစ်နေ့ကို ပိုင်ဆိုင်နိုင်ဖို့ …

တစ်နေ့လုံးမှာ ကိုယ်တိုင်တောင်မသိလိုက်ပဲ သူ့ဘာသာအလိုလျောက်လုပ်လိုက်တဲ့ အရာတွေအများကြီးရှိပါတယ်။ ဒါဟာ ကိုယ်အမြဲတမ်းလုပ်နေကျအကျင့်တစ်ခုလည်း ဖြစ်တာကြောင့် ကိုယ်တိုင်သတိမထားမိဘဲ သူ့အလိုလိုလုပ်မိနေတဲ့ အလေ့အထတွေပေါ့ ။ ဒါပေမယ့် ဒီအလေ့အထတွေက ကိုယ့်အတွက်အကျိုးပြုတဲ့ အလေ့ကျင့်ကောင်းတွေဖြစ်ရဲ့ လား? စိတ်ကြည်လင် လန်းဆန်းပြီး ပြည့်စုံတဲ့နေ့တစ်နေ့အတွက် လိုအပ်တဲ့ အခြေခံအလေ့ထလေးတွေကို ထပ်မံလောင်းဖြည့်လိုက်မယ်ဆိုရင် ဘာတွေပြောင်းလဲသွားမလဲ …

လီမွန်ရေတစ်ခွက်နဲ့ သင့်ရဲ့ တစ်နေ့တာကိုစတင်လိုက်ပါ 

Related image

ကြက်သီးနွေးရေကို လီမွန်ရည်နဲ့ရောပြီး ငရုတ်ကောင်းမှုန့်နည်းနည်းလေးထည့်ကာ မနက်စာမစားခင် နေ့စဉ်ပုံမှန်သောက်ပေးပါ။ ဒီအလေ့ထလေးက သင့်ရဲ့ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်ပုပ်တွေရှင်းစေပြီး Microbicidal immunity ကိုကောင်းမွန်စေပါတယ်။ငရုတ်ကောင်းက သင့်ရဲ့  ခန္ဓာကိုယ်အတွင်းဇီဝပြောင်းလဲမှုကို အရှိန်မြင့်စေပါတယ်။ နောက်ထပ်ကောင်းကျိုးတစ်ခုက လီမွန်ရေတစ်ခွက်ဟာ အရေပြားကိုကြည်လင်ဖြူဝင်းစေပါတယ်။ နေ့စဉ်သောက်သုံးပေးမယ်ဆိုရင် တစ်လအတွင်း ပြောင်းလဲလာတာကို တွေ့ရပါလိမ့်မယ်။

မျက်နှာကို ရေခဲတုံးလေးနဲ့ပွတ်ပေး

Image result for ice on face

နောက်ထပ်အလေ့ကျင့်ကောင်းလေးတစ်ခုကတော့ သင့်မျက်နှာကိုရေခဲတုံးလေးနဲ့ ဖြည်းညှင်းစွာပွတ်သပ်ပေးခြင်းပါပဲ။ ရေခဲနဲ့ပွတ်ပေးခြင်းက မျက်နှာပေါ်ကို အရေးကြောင်းကို ထိရောက်စွာဖယ်ရှားပေးနိုင်ပါတယ်။ တဖြည်းဖြည်းပြောင်းလဲလာတဲ့ အရေပြားကို လန်းဆန်းတက်ကြွအောင် ရေခဲဓာတ်က လှုံဆော်ပေးနိုင်တာပါပဲ။ မနက်အိပ်ရာထရင် မျက်နှာကြီးဖောင်းနေတာတို့ဆို ရေခဲနဲ့ပွတ်ပေးလိုက်ရင် သိသိသာသာ သက်သာသွားပြီး မျက်နှာလေးကို နူးညံ့ချောမွေ့စေပါတယ်။

ပေါ့ပါးတဲ့ အဆာပြေမုန့်သရေစာလေးတွေ

Related image

အချို့ အန္တရာယ်ရှိတဲ့အစားစာတွေဟာ ကျန်းမာတဲ့ဘ၀နေထိုင်မှုတစ်ခုအတွက် အကြီးမားဆုံး ရန်သူပါပဲ။ ချောကလက်တို့ ၊ ကွတ်ကီးတို့ တစ်ခါတစ်လေစားပေးတာက ဘာမှမဖြစ်ပါဘူး။ ထမင်းစားချိန် မစားပဲ အာဟာရမဖြစ်တဲ့ သရေစာမုန့်တွေစားလိုက်မယ်ဆိုရင် ထမင်းစားချိန်တွေဟာ မမှန်တော့ပဲ အကျိုးမပြုတဲ့အကျင့်တစ်ခု သင့်မှာကပ်ငြိသွားနိုင်ပါတယ်။ အသီးတွေ၊ ဘီစကွတ် (သို့) ဒိန်ချဉ် အစရှိတဲ့ အဆာပြေသရေစာမုန့်လေးတွေကတော့ ထမင်းစားပြီးမှစားလည်း ကျန်းမာရေးကိုတော့ ထိခိုက်မှုမရှိစေပါဘူး။

ပိုးချည်မျှင်သုံးပေးပါ

သင့်သွားရဲ့ အခြေအနေက သင့်ရဲ့ ကျန်းမာရေးနဲ့အများကြီး သက်ဆိုင်မှုရှိပါတယ်။ သိပ္ပံပညာရှင်များကလည်း သွားကျန်းမာရေးနဲ့ နှလုံးသွေးကြော စနစ်တွေက ဆက်နွယ်မှုရှိနေကြောင်း သက်သေပြခဲ့တာတွေလည်းရှိပါတယ်။ ဒါကြောင့် သွားကျန်းမာရေးကလည်း လူတစ်ယောက်အတွက် မဖြစ်မနေအရေးကြီပါတယ်။ သွားတိုက်ပြီးတာနဲ့ ကိုယ့်ရဲ့ သွားတွေ သန့်ရှင်းသွားပြီလို့ မထင်ပါနဲ့။ ပိုးချည်မျှင် သုံးပေးဖို့လည်းလိုပါတယ်။ ပိုးချည်မျှင်က သွားကြားမှာကျန်ရှိနေတဲ့ အစားစာတွေကို သေချာရှင်းထုတ်ပေးနိုင်ပါတယ်။ သွားကြားမှာ အဲ့ဒီအစားစာတွေ ကပ်ကျန်နေခဲ့တဲ့အခါ ပါးစပ်နံ့ကိုဆိုးစေပါတယ်။ ဒါကြောင့် သွားတိုက်ပြီးတာနဲ့ ပိုးချည်မျှင်သုံးပေးဖို့မမေ့နဲ့နော်။

စားပွဲပေါ်မှာ ရေတစ်ဗူးအမြဲတင်ထားရန်

Related image

လူတော်တော်များများက တစ်နေ့တာကို ရေဓာတ်ဘယ်လောက်ကုန်ဆုံးနေတယ်ဆိုတာကို သတိမထားမိကြပါဘူး။ ကျန်းမာတဲ့နေထိုင်မှုပုံစံအတိုင်း လိုက်နာဖို့ သင်ဆုံးဖြတ်ထားတယ်ဆိုရင် ပထမဆုံးကတော့ ရေများများသောက်ပေးဖို့လိုပါတယ်။  လက်ဖက်ရည်၊ ကော်ဖီ နဲ့ ကျန်းမာရေးအတွက် အထောက်ကူမပြုနိုင်တဲ့ အအေးတွေကို ခဏမေ့ထားလိုက်ပါ။ ကိုယ်အလုပ်လုပ်နေတဲ့ စားပွဲခုံပေါ်မှာ ရေတစ်ဗူးအမြဲတင်ထားဖို့ မမေ့ပါနဲ့။ မြင်နေရရင်တော့ ယူသောက်မိမှာပဲ။ ရေဗူးတင်ထားပြီး သောက်ပေးဖို့မေ့နေတယ်ဆိုရင် ဖုန်းနဲ့ဖြစ်ဖြစ် တစ်နာရီခြားတစ်ခါ alarm ပေးထားပြီး ရေများများသောက်ပေးပါ။

အိပ်ရာဝင်တဲ့အခါ ခြေအိတ်ဝတ်အိပ်ခြင်း

နွေရာသီမှာဆို ချည်သား ခြေအိတ် ၊ ဆောင်းရာသီဆို သိုးမွှေးခြေအိတ်လေးတွေ ၀တ်အိပ်ပါ။ ရေချိုးပြီးတဲ့အခါ အုန်းဆီနဲ့ သင့်ခြေထောက်ကို သေချာပွတ်လိမ်း နှိပ်နယ်ပေးပြီး ခြေအိတ်စွပ်ကာ တစ်ညလုံးဝတ်အိပ်လိုက်ပါ။ အကျိုးဆက်ကတော့ သင့်ကိုစိတ်ကြည်လင် လန်းဆန်းစေပါတယ်။ ဘာကြောင့်လဲဆိုတော့ မနက်မိုးလင်းလို့ ကိုယ့်ခြေထောက်လေးကိုကြည့်တဲ့အခါ နူးညံ့ချောမွေ့နေတာကို မြင်ရတာ စိတ်ချမ်းသာစရာပါပဲ။ နေ့တိုင်းဒီလိုလုပ်ပေးပါက တစ်လကြာတဲ့အခါ ခြေထောက်က ကြမ်းတမ်းတဲ့အရေပြားတွေ အကုန်လုံး အရှင်းပျောက်ကွယ်သွားတာကို တွေ့ရပါလိမ့်မယ်။

ပြောပြသွားတဲ့ အလေ့ကျင့်လေးတွေကို ကိုယ့်ရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာထဲ ထပ်ပေါင်းထည့်လိုက်မယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့ ဘ၀နေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်မှာအသေချာပါပဲ။

111 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.