ပူအိုက်တဲ့နွေရာသီမှာ အလှပမပျက်အောင် ဘယ်လိုနေထိုင်မလဲ

ရန်ကုန်မြို့ ကြီးရဲ့ ၂၀၁၉နွေရာသီကြီးကတော့ တကယ့်ကို သမိုင်းတစ်လျှောက်အပူဆုံးလို့ ပြောရမလားပဲ။  ရာသီပူအိုက်စပ်စပ်ကြောင့် ဘယ်သွားသွား ခရီးပိုပန်းရတယ်။ အားကုန်သလိုလည်း ပိုခံစားရပြီး အပြင်မသွားခင် ပြင်ထားသမျှ အလှတွေလည်း ပျက်ရပါတယ်။ နွေရာသီနဲ့လိုက်ဖက်တဲ့ နေထိုင်မှုပုံစံ ၊ ဘာတွေကိုရှောင်ရှားသင့်တယ် ၊ ဘာတွေကိုတော့ ဆောင်ထားသင့်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

မျက်နှာအသားရေ

Image result for face skin

အရမ်းအေးတဲ့နေရာတွေမှာဆို ဆောင်းရာသီရောက်တဲ့အခါ ဆီးနှင်း ၊ လေပြင်းနဲ့ အပူချိန်အပြောင်းအလဲကြောင့် မျက်နှာအသားရေက ပိုပြီးထိခိုက်ပျက်ဆီးလွယ်ပါတယ်။ နွေရာသီကြတော့ မျက်နှာအသားရေကို ကောင်းကောင်းဂရုစိုက်လို့ရတယ်။ ဒီအချိန်မှာ ပြင်းထန်တဲ့ scrub တွေက ပူပြင်းတဲ့ရာသီဥတုကြောင့် ပင်ပန်းနေတဲ့ သင့်အသားရေကို ပိုပြီးပျက်စီးစေပါတယ်။ Tonic နဲ့ lotion ကိုအသုံးပြုပြီး သင့်မျက်နှာကို သန့်စင်နိုင်ပါတယ်။ အဆီပြန်တတ်တဲ့ မျက်နှာဆို cornflower ၊ နံနံပင် (သို့) rosemary ကိုအသုံးပြုပေးပါ။ အသားရေခြောက်သွေ့သူဆို ကမ်မိုမို (chamomile) လို့ခေါ်တဲ့ ဆေးဖက်ဝင်အပင်ကလည်း အကောင်းဆုံးလို့သိရပါတယ်။

ခန္ဓာကိုယ်အသားရေ

Image result for body skin

နွေရာသီဆို ခန္ဓာကိုယ်အသားရေ ခြောက်သွေ့မှုမရှိပေမယ့် ရေဓာတ်ပြည့်ဝနေဖို့တော့လိုပါတယ်။ အသီးအနှံ့များများစား ၊ ရေများများသောက်ပေးပါ၊ ဒါမှ စကတ် ၊ ဘောင်းဘီရှည် / တို  ဘာပဲဖြစ်ဖြစ် ၀တ်တဲ့အခါ အသားရည်ဟာ ကြည်လင်စိုပြေနေမှာပါ။

ဘီကီနီ လိုင်း

Related image

နွေရာသီဟာ ကမ်းခြေမှာ ရေကူးဝတ်စုံလေးနဲ့လန်းဖို့ အချိန်ကောင်းတစ်ခုပါပဲ။ ရေကူးဝတ်စုံ ၀တ်ပြီဆိုရင် လူတွေက သင့်ရဲ့ ဘီကီနီလိုင်းကို ကြည့်ကြတော့မှာပါ။ ဘီကီလိုင်းနားမှာ အမွှေးမျှင်တွေရှိနေရင် မြင်မကောင်းပါဘူး။ အလွယ်ဆုံးနဲ့ ငွေကြေးသက်သာစွာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းကတော့ ရိတ်ပစ်လိုက်တာပါပဲ။ ဒါပေမယ့် အမွှေးဆိုတာက ရိတ်လေ သန်လေ ပြီးရင် အမွှေးတွေပြန်ပေါက်လာတဲ့အခါ အသားတွေယားယံလာတတ်ပါတယ်။ အမွှေးက ထူပြီးနက်ရင် ရိတ်ထားတဲ့နေရာမှာ အမည်းရောင်အစက်ပြောက်တွေကို မြင်နေရတာလည်း စိတ်မသက်သာဖြစ်စေပါတယ်။ ဒါကြောင့် ပြီးပြည့်စုံတဲ့ ဘီကီနီလိုင်းတစ်ခုဖြစ်ဖို့အတွက် waxing လုပ်ခြင်းက အကောင်းဆုံးပါ။ Waxing ဆို သင့်ရဲ့အမွှေးပေါက်နှုန်းပေါ် မူတည်ပြီး တစ်လ (သို့) နှစ်လနေမှ ထပ်ပြီးwaxing လုပ်လည်းရပါတယ်။ လုံးဝအမွှေးတွေ ပြန်မပေါက်လာချင်ဘူးဆို ဘီကီနီလိုင်းနားကို အနည်းဆုံး ၂ပတ် ၁ကြိမ်လုပ်ပေးပါ။

ချိုင်းကြားအသားရေ

Image result for underarm

ချိုင်းကြားအသားရေဖြူဝင်းလာပြီး အမွှေးပေါက်နှုန်းကို လျော့ချင်တယ်ဆိုရင် သဘာဝထုတ်ကုန်ပစ္စည်းတွေနဲ့ပေါင်းစပ်ထားတဲ့ white cream တစ်မျိုးကို ကိုယ့်ဘာသာအိမ်မှာ ဖော်စပ်အသုံးပြုနိုင်ပါတယ်။

ပါဝင်ပစ္စည်း

  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း (၂)ဇွန်း
  • ဆော်ဒါမှုန့် လက်ဖက်ရည်ဇွန်း (၁)ဇွန်း
  • ပျားရည် လက်ဖက်ရည်ဇွန်း (၃)ဇွန်း
  • သံပုရည် (သို့်) လီမွန်ရည် လက်ဖက်ရည်ဇွန်း ၁ / ၂ ဇွန်

 

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို ခပ်ပျစ်ပျစ်အနေထားရောက်အောင် ရောစပ်လိုက်ပါ။ ဒီခရင်မ်ကိုအသုံးမပြုခင် သင့်ရဲ့ ချိုင်းကြားအသားရည်ကို သေချာသန့်ရှင်းနေအောင်လုပ်ပါ။ အသားရည်ပေါ်သုတ်လိမ်းပြီးသွားရင် မိနစ် ၂၀လောက်အခြောက်ခံပါ။ အချိန်ပြည့်ပြီဆို ရေနဲ့ဆေးချလိုက်ပါ။ အသားရည်ကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးမယ့် moisture တစ်ခုခုလိမ်းပေးဖို့လိုပါတယ်။

ဗိုက်ချပ်စေဖို့

Related image

ရေကူးဝတ်စုံလေးနဲ့ ဗိုက်လေးပူနေရင် လူအများရယ်ချင်စရာဖြစ်တာပေါ့ ။ ဘယ်လိုအ၀တ်စားပဲ ၀တ်ဝတ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေဖို့ ၀မ်းဗိုက်လေးပြားချပ်နေရင် အလိုလိုလှပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒီအချက်လေးကို သတိထားလိုက်လုပ်ပေးကြည့်ပ့ါ။ အထိရောက်ဆုံးနဲ့ အကောင်းဆုံး လေ့ကျင့်ခန်းကတော့ ‘‘ ball exchange ’’ ပဲဖြစ်ပါတယ်။ လက်နှစ်ဖက်ကို ခေါင်းအနောက်မှာပစ်ထားပြီး ခြေထောက်နှစ်ချောင်းက ဖြောင့်တန်းထားကာ ကြားက ဘောလုံးညှပ်ထားပါ။ ခေါင်းကို အနည်းငယ် အပေါ်မပြီး ဘောလုံးညှပ်ထားတဲ့ ခြေထောက်ကလည်း အပေါ်ကို မတင်ပါ။ ၀မ်းဗိုက်သားတွေ တင်းမာနေတာ ခံစားနေရပါလိမ့်မယ်။ ထိုနည်းအတိုင်း ၁၀ကြိမ်မှ အကြိမ် ၂၀ထိပြုလုပ်ပေးနိုင်ပါတယ်။ နောက်တစ်ခု သင့်ရဲ့ ခါးအဆီတွေကို boxing ထိုးခြင်းနဲ့လည်း လျော့ချနိုင်ပါတယ်။

နွေရာသီမှာ နေရောင်ခြည်ဒဏ်ကအရမ်းပြင်းတာမို့ အပြင်ကို မတတ်နိုင်တဲ့အဆုံးမှ ထွက်တာအကောင်းဆုံးပါပဲ။ ဒါဆို ပြောပြပေးသွားတဲ့ နည်းလမ်းလေးတွေနဲ့အတူ နွေရာသီမှာ အလှမပျက်အောင်နေထိုင်နိုင်ဖို့ ပျိုမေတို့အားလုံး အဆင်သင့်ဖြစ်နေလောက်ပြီလို့ထင်ပါတယ်…

 

37 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.